• Follow Us on

Home ထားဝယ်အကျဉ်းထောင်မှ ထင်းခုတ်ရန်သွားသည့် ထောင်ဝန်ထမ်းနှစ်ဦးအား သတ်ဖြတ်ပြီး အကျဉ်းသား ငါးဦး ကို PDF အဖွဲ့မှ ခေါ်ဆောင်သွား

ထားဝယ်အကျဉ်းထောင်မှ ထင်းခုတ်ရန်သွားသည့် ထောင်ဝန်ထမ်းနှစ်ဦးအား သတ်ဖြတ်ပြီး အကျဉ်းသား ငါးဦး ကို PDF အဖွဲ့မှ ခေါ်ဆောင်သွား

Share this post

နေပြည်တော်၊ အောက်တိုဘာ ၂

 

တနသာၤရီတိုင်းဒေသကြီး၊ ထားဝယ်အကျဉ်းထောင်မှ ထင်းခုတ်ရန်သွားသည့် ထောင်ဝန်ထမ်းနှစ်ဦးအား သတ်ဖြတ်ပြီး ၎င်းတို့နှင့်အတူ ပါလာသည့် အကျဉ်းသား ငါးဦးကို PDF အဖွဲ့မှ ခေါ်ဆောင်သွားကြောင်း သိရသည်။

 

စက်တင်ဘာလ (၃၀)ရက် နံနက် (၇)နာရီခန့်က ထားဝယ်အကျဉ်းထောင်နှင့် (၉)မိုင်ခန့်အကွာ ဇီးကျကျေးရွာ အနီးရှိ အကျဉ်းထောင်သစ်မြေနေရာ ရှင်းလင်းရာတွင် ခုတ်ထွင်ထားသည့် ရာဘာထင်းများအား သယ်ဆောင် ရန်အတွက် အကျဉ်းထောင် တပ်သား လွင်ငြိမ်းဦးစီးသည့် အကျဉ်းသား (၅)ဦးအား အကျဉ်းထောင်တပ်သား အောင်ဘိုဘိုထွဋ်မှ ကားဖြင့် လိုက်လံပို့ဆောင်ခဲ့သည်။

 

ယင်းနောက် စက်တင်ဘာလ (၃၀)ရက် ညနေ (၃)နာရီအချိန်တွင် အဆိုပါအဖွဲ့အား အကျဉ်းထောင်တပ်သား အောင်ဘိုဘိုထွဋ်မှ ကားဖြင့် သွားရောက်ကြိုရာ ညနေ (၅)နာရီအချိန်ထိ ပြန်လည်ရောက်ရှိလာခြင်းမရှိသဖြင့် အကျဉ်းထောင်အသစ်ဆောက်လုပ်ရေး လုပ်ငန်းခွင်မှ တာဝန်ရှိသူအား ဆက်သွယ်မေးမြန်းရာ ညနေ (၄)နာရီခွဲခန့်က ပြန်လည်ထွက်ခွါသွားပြီကြောင်း သိရသည်။

 

ယင်းအတွက်ကြောင့် အကျဉ်းထောင်တပ်သား (၂)ဦးနှင့် အကျဉ်းသား (၅)ဦးတို့ အဆက်အသွယ် ပြတ် တောက်မှုနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးခဲ့ရာ အောက်တိုဘာလ (၁၁)ရက် (၁၁)နာရီ မိနစ် (၂၀) အချိန်တွင် မောင်မယ်ရှောင်ကျေးရွာအုပ်စု၊ ရေဝိုင်းလမ်းဆုံ၏ အရှေ့ဘက် မီတာ (၈၀၀)ခန့်အကွာတွင် အကျဉ်းထောင်ဝန် ထမ်းနှစ်ဦး၏ အလောင်းအား တွေ့ရှိခဲ့သည်။

 

အဆိုပါ အလောင်းများအား စစ်ဆေးရာ အကျဉ်းထောင်တပ်သား အောင်ဘိုဘိုထွဋ်တွင် လက်ပြန်ကြိုးတုပ်၍ မျက်နှာအား ပုဝါစည်းထားပြီး ယာဘက်ရင်အုံရှေ့မှ ဖောက်ဝင်ဒဏ်ရာ (၁)ချက်၊ ဦးခေါင်း ယာဘက်နားထင်မှ ဖောက်ဝင်ဒဏ်ရာ (၁) ချက်၊ အကျဉ်းထောင်တပ်သား လွင်ငြိမ်းတွင် လက်ပြန်ကြိုး တုပ်၍ မျက်နှာပုဝါ စည်း ထားပြီး နဖူးပေါက်ပြဲဒဏ်ရာ၊ ဝမ်းဗိုက်အူထွက်၊ ဝဲပေါင်နောက်မှ ရှေ့သို့ပွင့်ထွက် စသည့်ဒဏ်ရာများဖြင့် သေ ဆုံးခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်။

 

#PeopleMedia


Share this post