ထားဝယ် စိုက်ပျိုးရေးသိပ္ပံမှ PDF အဖွဲ့ဝင်များ ဖမ်းဆီးသွားသည့် ဝန်ထမ်း (၇) ဦးအနက်မှ (၄) ဦးကို ပြန်လွှတ် ပေး
PUBLISHED - August 28, 2023
နေပြည်တော်၊ သြဂုတ် ၂၈
တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံးမြို့နယ် စခန်းကြီးကျေးရွာအုပ်စု၊ စခန်းကြီးကျေးရွာရှိ စိုက်ပျိုးရေး သိပ္ပံ ကျောင်းမှ PDF အဖွဲ့ဝင်များ ဖမ်းဆီးသွားသည့် ကျောင်းအုပ်ဆရာမကြီး ဒေါ်မြင့်မြင့်ခိုင် အပါအဝင် ဝန်ထမ်း (၇) ဦးအနက်မှ (၄) ဦးကို ပြန်လွှတ်ပေးလိုက်ပြီဖြစ်ကြောင်း သိရသည်။
သြဂုတ်လ (၂၄)ရက်က ဖမ်းဆီးခံရသည့် ဝန်ထမ်း (၇)ဦးအနက်မှ ဦးနေဆန်း (ကွင်းဆင်းလက်ထောက်)၊ ဒေါ်သန္တာအေး (လ/ထ ကထိက)၊ ဦးခင်မောင်ထွေး (ဒု ကျောင်းအုပ်ကြီး)၊ ဒေါ်ဖြူဖြူသန့် (ကွင်းဆင်း လက် ထောက်)တို့အား ၎င်းတို့၏ နေရပ်သို့ PDF အဖွဲ့ဝင်များမှ ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
PDF အဖွဲ့ဝင်များအနေဖြင့် ကျောင်းအုပ်ဆရာမကြီး ဒေါ်မြင့်မြင့်ခိုင်၊ ၎င်း၏အမျိုးသားဖြစ်သူ ဦးနိုင်ဝင်း (လ/ထ ကထိက) နှင့် သားဖြစ်သူ မောင်အောင်ဟိန်းခန့်တို့ (၃)ဦးအား ဆက်လက်ဖမ်းဆီးထားဆဲဖြစ်ကြောင်း သိရ သည်။
ထားဝယ်စိုက်ပျိုးရေးသိပ္ပံရှိ ကျောင်းအုပ်ဆရာမကြီးအပါအဝင် (၇) ဦးအား PDF အဖွဲ့ဝင်များမှ ဇူလိုင်လ (၂၀) ရက် နေ့လယ် (၁၂) နာရီခွဲခန့်တွင် ကျောင်းအတွင်းသို့ ဝင်ရောက်ကာ ဖမ်းဆီးသွားခဲ့ခြင်းဖြစ်သည်။
Photo – ထားဝယ်စိုက်ပျိုးရေးသိပ္ပံ (ပုံဟောင်း)
#PeopleMedia