• Follow Us on
Latest News

Home ထားဝယ်-ရေး လမ်းဘေးရှိ သစ်ပင်ကို (၁၂) ကုန်တင်ယာဉ်မှ အရှိန်လွန်၍ တိုက်မိရာ (၂) ဦး ဒဏ်ရာရ

ထားဝယ်-ရေး လမ်းဘေးရှိ သစ်ပင်ကို (၁၂) ကုန်တင်ယာဉ်မှ အရှိန်လွန်၍ တိုက်မိရာ (၂) ဦး ဒဏ်ရာရ

Share this post

နေပြည်တော်၊ ဖေဖော်ဝါရီ ၈

 

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ ထားဝယ်-ရေးလမ်း၊ ဇဟာကျေးရွာ လမ်းဘေးရှိ သစ်ပင်ကို (၁၂) ဘီးယာဉ်တစ်စီး အရှိန်လွန်၍ တိုက်မိရာ (၂) ဦးဒဏ်ရာရရှိကြောင်း သိရသည်။

 

ဖေဖော်ဝါရီလ ၇ ရက် နေ့လည် ၁ နာရီ ၁၅ အချိန်တွင် (၁၂) ဘီးကုန်တင်ယာဉ်တစ်စီး အရှိန်လွန်၍ လမ်းဘေး သစ်ပင်အား တိုက်မိရာ ထိုယာဉ်၏ရှေ့ပိုင်းတစ်ခုလုံး ချိုင့်ဝင်ကာ ယာဉ်မောင်းနှင့် ယာဉ်နောက်ဒဏ်ရာ ရရှိသောကြောင့် ၎င်းတို့ကို မြို့ခံလူမှုကူညီရေးအသင်းများနှင့်အတူ မီးသတ်တပ်ဖွဲ့တို့မှ ပူးပေါင်း ကူညီခဲ့ကြောင်း သိရသည်။

 

“ပွန်းပဲ့ဒဏ်ရာရတယ်။ ယာဉ်ကဘယ်လိုဖြစ်ပြီး တိုက်မိလည်းတော့ မသိဘူး” လို့ မြေပြင်ကိုသွားရောက်ကူ ညီသည့် မြို့ခံလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးမှ ပြောသည်။

 

အဆိုပါကုန်တင်ယာဉ်ပေါ်တွင် ရော်ဘာများတင်ဆောင်လာသည့် ယာဉ်ဖြစ်ကြောင်း၊ ယာဉ်မောင်းမှာ ဘယ်ခြေထောက်ဒဏ်ရာနှင့် ယာဉ်အကူတွင် ခါးဒဏ်ရာများ ရရှိသောကြောင့် ထားဝယ်ဆေးရုံကြီးသို့ ပိုဆောင်ပေးခဲ့ကြောင်း သိရသည်။

 

Photo – Credit

 

#PeopleMedia


Share this post