• Follow Us on
Latest News

Home ထိခိုက်ဒဏ်ရာရရှိရာမှ ပြန်လည်ကောင်းမွန်လာသည့် တပ်မတော်သားအရာရှိ၊ စစ်သည်များ ချောင်းသာ ကမ်းခြေသို့ အပန်းဖြေခရီးသွားရောက်

ထိခိုက်ဒဏ်ရာရရှိရာမှ ပြန်လည်ကောင်းမွန်လာသည့် တပ်မတော်သားအရာရှိ၊ စစ်သည်များ ချောင်းသာ ကမ်းခြေသို့ အပန်းဖြေခရီးသွားရောက်

Share this post

နေပြည်တော်၊ စက်တင်ဘာ ၂၀

 

နိုင်ငံတော်ကာကွယ်ရေးတာဝန်ထမ်းဆောင်စဉ် ထိခိုက်ဒဏ်ရာရရှိရာမှ ဆေးရုံ၊ ဆေးခန်းများတွင် တက်ရောက် ကုသ၍ ပြန်လည်ကောင်းမွန်လာသည့် တပ်မတော်သား အရာရှိ၊ စစ်သည်များအား အနားယူ အပန်းဖြေခရီးစဉ်  အဖြစ် ဧရာဝတီတိုင်းဒေသကြီး၊ ချောင်းသာကမ်းခြေသို့ ယမန်နေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီးမှ တစ်ဆင့် မော်တော်ယာဉ်များဖြင့် ထွက်ခွာခဲ့ကြသည်။

 

ညနေပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး၊ ချောင်းသာကမ်းခြေသို့ ရောက်ရှိလာ သည့် အရာရှိ၊ စစ်သည်များအား အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ဝေလင်းနှင့် တာဝန်ရှိသူများက ရင်းနှီးနွေးထွေးစွာ ကြိုဆိုခဲ့ကြသည်။ ထို့နောက် ချောင်းသာအပန်းဖြေဧည့်ရိပ်သာ၌ တိုင်းမှူးက အမှာစကားပြောကြားကာ ဒေသ ထွက် စားသောက်ဖွယ်ရာများဖြင့် တည်ခင်းဧည့်ခံ၍ လက်ဆောင်ပစ္စည်းများပေးအပ်ခဲ့သည်။

 

ထို့ပြင် အပန်းဖြေလာရောက်ကြသည့် အရာရှိ၊ စစ်သည်များသည် ပုသိမ်မြို့ရှိ ရွှေစာပုသိမ်ထီးလုပ်ငန်းအား သွားရောက်ကြည့်ရှုလေ့လာကြပြီး ရွှေမုဌောဘုရားအား သွားရောက်ဖူးမြော်ကြည်ညိုခဲ့ကြသည်။

 

#PeopleMedia


Share this post