• Follow Us on

Home ထိန်းသိမ်းခံထားရသည့် ဆရာ၊ ဆရာမများ တစ်စုံတစ်ခုထိခိုက်နစ်နာမှုရှိခဲ့ပါက ဖမ်းဆီးထိန်းသိမ်းထားသည့် အဖွဲ့မှ တာဝန်ယူပြီးတာဝန်ခံရမည်ဖြစ်ပြီး ကြီးလေးသည့်ပြစ်ဒဏ်ခံရမည်ဖြစ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်း ပြောကြား

ထိန်းသိမ်းခံထားရသည့် ဆရာ၊ ဆရာမများ တစ်စုံတစ်ခုထိခိုက်နစ်နာမှုရှိခဲ့ပါက ဖမ်းဆီးထိန်းသိမ်းထားသည့် အဖွဲ့မှ တာဝန်ယူပြီးတာဝန်ခံရမည်ဖြစ်ပြီး ကြီးလေးသည့်ပြစ်ဒဏ်ခံရမည်ဖြစ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်း ပြောကြား

Share this post

နေပြည်တော်၊ နိုဝင်ဘာ ၂၂

 

ထိန်းသိမ်းခံထားရသည့် ဆရာ၊ ဆရာမများ တစ်စုံတစ်ခုထိခိုက်နစ်နာမှုရှိခဲ့ပါက ဖမ်းဆီးထိန်းသိမ်းထား သည့်အဖွဲ့မှ တာဝန်ယူပြီး တာဝန်ခံရမည်ဖြစ်ပြီး ကြီးလေးသည့် ပြစ်ဒဏ်ခံရမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

 

“ထိန်းသိမ်းခံထားရတဲ့ ဆရာ၊ ဆရာမတွေနဲ့ပတ်သက်ပြီး တစ်စုံတစ်ခုထိခိုက်နစ်နာမှုရှိခဲ့ရင် ဖမ်းဆီးထိန်းသိမ်း ထားတဲ့အဖွဲ့က တာဝန်ယူပြီးတာဝန်ခံရမယ်၊ ကြီးလေးတဲ့ ပြစ်ဒဏ်ခံရမယ်ဆိုတာကို ပြောလိုပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

 

ဗိုလ်ချုပ်ဇော်မင်းထွန်းက လွိုင်ကော် တက္ကသိုလ်ဆရာ၊ ဆရာမတွေကိစ္စနှင့် ပတ်သက်ပြီး အကြမ်းဖက် KNPP အဖွဲ့အနေနှင့် ဗီဒီယိုဖိုင်များတင်ကာ ကြေညာချက်များထုတ်ပြီး ဝါဒဖြန့်နေကြောင်း၊ ဖြစ်စဉ်အမှန်သည် လွိုင် ကော်တက္ကသိုလ်ထဲဝင်ပြီး ဆရာ၊ ဆရာမများကို ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း၊ ဖမ်းဆီးခေါ် ဆောင်သွားသည့် သတင်းကြားရသည့် နေရာတွင် မြန်မာနိုင်ငံတစ်နိုင်ငံလုံးမှာရှိသည့် အဖွဲ့အစည်းအသီးသီးက ပြင်းထန်စွာ ရှုတ်ချကန့်ကွက်ခဲ့ကြောင်း ပြောသည်။

 

“ဗီဒီယိုဖိုင်တွေမှာလည်း ပြောခိုင်းတဲ့စကားတွေ ပြောနေရတယ်ဆိုတာလည်း တွေ့နိုင်မှာ ဖြစ်ပါတယ်။ မျက်နှာ အနေအထားတွေကြည့်ရင်လည်း တွေ့နိုင်မှာဖြစ်ပါတယ်။ ဒီနေရာမှာထပ်ပြီး သတိထားစရာ ကောင်းတဲ့တွေ့ရှိ ချက်က ပြည်ဖျက်မီဒီယာများအနေနဲ့ NUG ၊ PDF အမည်ခံအဖွဲ့တွေရဲ့ ကျောင်း တွေ ဖျက်ဆီးမှု၊ အခုလွိုင် ကော်တက္ကသိုလ်မှာဆိုရင် ဆရာ၊ ဆရာမတွေ ဖမ်းဆီးခေါ်ဆောင်သွားမှု၊ တက္ကသိုလ်အဆောက်အအုံထဲမှာ ဝင်ပြီး ပစ်ခတ်တိုက်ခိုက်ခဲ့မှု၊ ဆရာမတချို့ကို သတ်ဖြတ်သွားခဲ့မှု၊ ဒါတွေနဲ့ ပတ်သက်ပြီး ထူးဆန်းစွာပဲ နှုတ်ဆိတ်နေတာကိုတွေ့ရပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

 

 

ထို့ကြောင့် ယနေ့ဖြစ်ပေါ်နေသည့် အကြမ်းဖက်မှုလုပ်ရပ်များသည် ပြည်တွင်း၌ရှိနေသည့်ပြည်ဖျက်၊ ပြည်ပ တွင်ရှိနေသည့် ပြည်ဖျက်မီဒီယာများ ပူးပေါင်းပြီး လုပ်ဆောင်နေခြင်းဖြစ်ကြောင်း၊ သူတို့ပြောနေသည့် အလုံးစုံ ပျက်သုဉ်းရေးဆိုသည့် အရာမျိုးကို ဦးတည်ပြီးဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ ထိုကိစ္စနှင့် ပတ်သက်ပြီး တာဝန်သိစွာဖြင့် ရှုတ်ချခဲ့သည့် အဖွဲ့အစည်း အသီးသီးကိုလည်း ကျေးဇူးတင်ကြောင်း၊ ထိန်းသိမ်းခံထားရသည့် ဆရာ၊ ဆရာမများနှင့် ပတ်သက်ပြီး တစ်စုံတစ်ခုထိခိုက်နစ်နာမှုရှိခဲ့ပါက ဖမ်းဆီးထိန်းသိမ်းထားသည့်အဖွဲ့မှ တာဝန်ယူပြီးတာဝန်ခံရမည်ဖြစ်ပြီး ကြီးလေးသည့် ပြစ်ဒဏ်ခံရ မည် ဆိုသည်ကို ပြောလိုကြောင်း ဗိုလ်ချုပ်ဇော် မင်းထွန်းက ပြောကြားသည်။

 

#PeopleMedia


Share this post