• Follow Us on
Latest News

Home ထိပ်တိုက်ရင်ဆိုင်သည့်နည်းလမ်းကိုရှောင်ဖယ်၍မိမိတို့၏၊လိုလားချက်များကိုငြိမ်းချမ်းရေးစားပွဲဝိုင်း၌တွေ့ဆုံဆွေးနွေးညှိနှိုင်းခြင်းသည်သာလျှင်လမ်းကြောင်းမှန်ဖြစ်ကြောင်း NSPNC ထုတ်ပြန်

ထိပ်တိုက်ရင်ဆိုင်သည့်နည်းလမ်းကိုရှောင်ဖယ်၍မိမိတို့၏၊လိုလားချက်များကိုငြိမ်းချမ်းရေးစားပွဲဝိုင်း၌တွေ့ဆုံဆွေးနွေးညှိနှိုင်းခြင်းသည်သာလျှင်လမ်းကြောင်းမှန်ဖြစ်ကြောင်း NSPNC ထုတ်ပြန်

Share this post

နေပြည်တော်၊ ဇန်နဝါရီ ၂၉

 

ထိပ်တိုက်ရင်ဆိုင်သည့် နည်းလမ်းကို ရှောင်ဖယ်၍ မိမိတို့၏ သဘောထားဆန္ဒ၊ လိုလားချက်များကို ငြိမ်းချမ်း ရေးစားပွဲဝိုင်း၌ တွေ့ဆုံဆွေးနွေး ညှိနှိုင်းခြင်းသည်သာလျှင် လမ်းကြောင်းမှန်ဖြစ်ကြောင်း အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC)မှ သဘောထား ထုတ်ပြန်လိုက် သည်။

 

ဇန်နဝါရီလ ၂၁ရက်တွင် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ဟိုပုံးမြို့နယ်၊ စံဖူးကျေးရွာ၌ ပအိုဝ်းအမျိုးသား လွတ် မြောက်ရေးအဖွဲ့ချုပ် (PNLO) ယူနီဖောင်းဝတ်ဆင်သူများ သယ်ဆောင်လာသည့် တရားမဝင်လက်နက်၊ ခဲယမ်းများ သိမ်းဆည်းရမိသည့် ဖြစ်စဉ်နှင့်စပ်လျဉ်း၍ PNLO အနေဖြင့် လက်နက်ခဲယမ်းများ သယ်ဆောင်ခြင်း သည် NCAပါ သဘောတူညီချက်များနှင့် ဆန့်ကျင်ပြီး ဒေသတည်ငြိမ်အေးချမ်းရေးကို ထိခိုက်စေသဖြင့် NCAပါ သဘောတူညီချက်များအား အလေးထားလိုက်နာဆောင်ရွက်ရန်နှင့် အလားတူ ဖြစ်စဉ်မျိုး ထပ်မံမဖြစ်ပွားစေ ရေး လက်အောက်ခံအဖွဲ့ဝင်များ၏ လုပ်ဆောင်ချက်များအား အထူးအလေးထား စစ်ဆေးကြပ်မတ်ထိန်းသိမ်း ပါရန် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီက ဇန်နဝါရီလ ၂၃ ရက်တွင် PNLO အဖွဲ့ထံ ရေရှည်တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေးကိုရှေးရှုလျက် သတိပေးအကြောင်းကြား ခဲ့သည်။

 

ယခုအခါ PNLO အဖွဲ့သည် လူမှုကွန်ရက်မီဒီယာများ၌ ဇန်နဝါရီလ ၂၆ရက်စွဲဖြင့် ကြေညာချက်ထုတ်ပြန်ခဲ့ရာ လက်နက်ကိုင်ပဋိပက္ခကို နိုင်ငံရေးနည်းလမ်းဖြင့် ငြိမ်းချမ်းစွာ ညှိနှိုင်းဖြေရှင်းခြင်းဟူသော NCA ၏ အခြေခံမူကို မျက်ကွယ်ပြု၍ ပဋိပက္ခကို ဦးတည်သည့် သဘောထားရပ်တည်ချက်များ၊ အစိုးရဆန့်ကျင်လှုပ်ရှားမှုများကို အား ပေးထောက်ခံသည့် ရေးသားဖော်ပြချက်များ ထုတ်ပြန်ထားကြောင်း စိစစ်တွေ့ရှိရသည်။

 

PNLO အဖွဲ့အနေဖြင့် ပြည်သူလူထုအကျိုးကို လက်တွေ့ကျကျ မျှော်တွေးသုံးသပ်ပြီး နိုင်ငံရေးလိုလားချက်များ ကို တွေ့ဆုံဆွေးနွေး ညှိနှိုင်းအဖြေရှာခြင်းဖြင့် NCAကို အခြေခံသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ၊ ငြိမ်းချမ်းရေး အထောက်အကူပြု ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား နိုင်ငံတော်အစိုးရနှင့်အတူ ဆက်လက်လက်တွဲဖော် ဆောင်ပါရန် ငြိမ်းချမ်းရေးရည်သန်စိတ်ဖြင့် အလေးအနက်ထား တိုက်တွန်းကြောင်း (NSPNC) မှ ထုတ်ပြန် ထားသည်။

 

နိုင်ငံတော်အစိုးရသည် တွေ့ဆုံဆွေးနွေးခြင်းနည်းလမ်းဖြင့် အဖြေရှာရန် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းအားလုံးကို ဖိတ်ခေါ်၍ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (၁၀)ဖွဲ့နှင့် ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးခဲ့ပြီး ကောင်းမွန်သောရလဒ်များနှင့် ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ဘုံသဘောတူညီချက်များ ရရှိခဲ့သည့်အပြင် ယခုအချိန်ထိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအားလုံးနှင့် တွေ့ဆုံဆွေးနွေးရန် လမ်းဖွင့်ထားဆဲဖြစ် ကြောင်း ထုတ်ပြန်ထားသည်။

 

ထိပ်တိုက်ရင်ဆိုင်သည့် နည်းလမ်းကို ရှောင်ဖယ်၍ မိမိတို့၏ သဘောထားဆန္ဒ၊ လိုလားချက်များကို ငြိမ်း ချမ်းရေးစားပွဲဝိုင်း၌ တွေ့ဆုံဆွေးနွေး ညှိနှိုင်းခြင်းသည်သာလျှင် လမ်းကြောင်းမှန်ဖြစ်ကြောင်း အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီမှ ထုတ်ပြန်ကြေညာသည်။

 

#PeopleMedia


Share this post