ထိုင်ဝမ်ကို လက်နက်ရောင်းတဲ့အတွက် လော့ဟိမာတင်ကုမ္ပဏီနဲ့ ရေသီယွန်ကုမ္ပဏီကို တရုတ်နိုင်ငံက စီးပွား ရေးပိတ်ဆို့အရေးယူမှု ချမှတ်
PUBLISHED - February 25, 2022
နိုင်ငံတကာ၊ ဖေဖော်ဝါရီ ၂၅ (People Media)
အမေရိကန်အခြေစိုက် စစ်လက်နက်ပစ္စည်းထုတ်လုပ်ရေးုကုမ္ပဏီကြီးတွေဖြစ်တဲ့ လော့ဟိမာတင်ကုမ္ပဏီနဲ့ ရေ သီယွန်ကုမ္ပဏီတို့ကို ထိုင်ဝမ်ကို လက်နက်ရောင်းချတဲ့အတွက် တရုတ်နိုင်ငံက စီးပွားရေးအရေးယူပိတ်ဆို့မှု ချ မှတ်လိုက်ပါတယ်။
ထိုင်ဝမ်ရဲ့ဒုံးကျည်ကာကွယ်ရေးစနစ်ကို အဆင့်မြှင့်တင်ထိန်းသိမ်းဖို့အတွက် ဖေဖော်ဝါရီလ ၇ ရက်နေ့က အမေ ရိကန်အစိုးရက ခွင့်ပြုလိုက်ပြီး အမေရိကန်လက်နက်ကုမ္ပဏီနှစ်ခုနဲ့ ချုပ်ဆိုခဲ့တဲ့ ဒေါ်လာသန်း ၁၀၀ တန် စာချုပ် ကို တုံ့ပြန်တဲ့အနေနဲ့ ဒီအရေးယူဆောင်ရွက်မှုထွက်ပေါ်လာတာဖြစ်ပါတယ်။
“တရုတ်နိုင်ငံရဲ့ အချုပ်အခြာအာဏာပိုင်စိုးမှုနဲ့ လုံခြုံရေးအကျိုးစီးပွားတွေကို ကာကွယ်ဖို့အတွက် ထိုင်ဝမ်ကို နှစ်ရှည်လများ လက်နက်တွေထောက်ပံ့နေတဲ့ အမေရိကန်စစ်လက်နက်ပစ္စည်းထုတ်လုပ်တဲ့ကုမ္ပဏီနှစ်ခုဖြစ်တဲ့ လော့ဟိမာတင်ကုမ္ပဏီနဲ့ ရေသီယွန်ကုမ္ပဏီတို့ရဲ့ဆောင်ရွက်ချက်တွေကို တုံ့ပြန်တဲ့အနေနဲ့ တန်ပြန်အရေးယူမှု တွေပြုလုပ်သွားဖို့ တရုတ်အစိုးရက ဆုံးဖြတ်ခဲ့ပါတယ်။” လို့ တနင်္လာနေ့က ကျင်းပခဲ့တဲ့သတင်းစာရှင်းလင်းပွဲမှာ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြောခွင့်ရပုဂ္ဂိုလ် ဝန်ဝန်ဘင်က ပြောပါတယ်။
အဲဒီကုမ္ပဏီနှစ်ခု တရုတ်နိုင်ငံက အရေးယူပိတ်ဆို့တာဟာ အခုအကြိမ်နဲ့ဆိုရင် သုံးကြိမ်မြောက်ဖြစ်သွားပါပြီ။
တရုတ်နိုင်ငံဟာ လော့ဟိမာတင်ကုမ္ပဏီနဲ့ ရေသီယွန်ကုမ္ပဏီတို့ကို ၂၀၁၉ ခုနှစ်နဲ့ ၂၀၂၀ ပြည့်နှစ်မှာ အရေးယူ ပိတ်ဆို့မှုတွေ ချမှတ်ခဲ့ပါသေးတယ်။
ဒါပေမဲ့ ဘယ်လိုအရေးယူပိတ်ဆို့မှုတွေ ချမှတ်တယ်ဆိုတာကိုတော့ တရုတ်အစိုးရက အသေးစိတ်ပြောကြားခြင်းမရှိပါဘူး။
ဒီအရေးယူပိတ်ဆို့မှုဟာ တရုတ်နိုင်ငံကို အမေရိကန်နိုင်ငံက ချမှတ်ထားတဲ့အရေးယူပိတ်ဆို့မှုတွေကို လက်တုံ့ ပြန်တဲ့အနေနဲ့ ပြီးခဲ့တဲ့နှစ်က တရုတ်အစိုးရပြဋ္ဌာန်းခဲ့တဲ့ စီးပွားရေးအရေးယူပိတ်ဆို့မှုဥပဒေအသစ်အရ ချမှတ် လိုက်တဲ့အရေးယူမှုတွေကို အမေရိကန်ကုမ္ပဏီနှစ်ခုက ပထမဦးဆုံးတွေ့ကြုံလိုက်ရတာပဲဖြစ်ပါတယ်။
အမေရိကန်အနေနဲ့ ထိုင်ဝမ်ကို စစ်လက်နက်ပစ္စည်းတွေပေးပို့နေတာ ရပ်တန့်ပြီး ထိုင်ဝမ်နိုင်ငံနဲ့ စစ်ရေးအဆက် အသွယ်တွေဖြတ်တောက်ဖို့ တရုတ်အစိုးရက ထပ်ဖန်တလဲလဲပြောဆိုခဲ့ပါတယ်။
ဒါပေမဲ့ အမေရိကန်နိုင်ငံက ထိုင်ဝမ်နိုင်ငံ ကိုယ့်ကိုယ်ကိုယ်ကာကွယ်နိုင်အောင်ဆိုပြီး ၁၉၇၉ ခုနှစ် ထိုင်ဝမ်ဆက်ဆံရေးအက်ဥပဒေကို ကိုင် စွဲပြီး ထောက်ပံ့နေတာဖြစ်ပါတယ်။
တရုတ်နိုင်ငံနဲ့ ထိုင်ဝမ်တို့ဟာ ၁၉၄၉ ခုနှစ် ပြည်တွင်းစစ်ပွဲအပြီးမှာ လမ်းခွဲခဲ့ကြပေမဲ့ တရုတ်အစိုးရကတော့ ထိုင် ဝမ်ကျွန်းဟာ တရုတ်နိုင်ငံပိုင်နက်အဟိတ်အပိုင်းတစ်ခုဖြစ်ကြောင်း ပြောဆိုလျက်ရှိပါတယ်။
Ref: China Sanctions Lockheed, Raytheon Over Taiwan Arms Sales
#PeopleMedia
(unicode)
……………………………………………………
Ref: China Sanctions Lockheed, Raytheon Over Taiwan Arms Sales
#PeopleMedia