ထိုင်ဝမ် လေကြောင်းရန်ကာကွယ်ရေးခွဲခြားဖော်ထုတ်သည့်နယ်မြေသို့ တရုတ်လေတပ်မှ ရေငုပ်သင်္ဘော တိုက်ဖျက်ရေးလေယာဉ် ကျူးကျော်ဝင်ရောက်
PUBLISHED - January 21, 2022
နိုင်ငံတကာ၊ ဇန်နဝါရီ ၂၁ (People Media)
တရုတ် ရေငုပ်သင်္ဘောတိုက်ဖျက်ရေးလေယာဉ်တစ်စင်းသည် ထိုင်ဝမ်လေကြောင်းရန်ကာကွယ်ရေးခွဲခြားဖော် ထုတ်သည့်နယ်မြေအတွင်းသို့ ဇန်နဝါရီလ ၂၀ ရက်နေ့ကဝင်ရောက်လာခဲ့ရာ ယခုလအတွင်း ၁၇ ကြိမ်မြောက် ကျူး ကျော်ဝင်ရောက်ခြင်းဖြစ်သည်။
တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်လေတပ်မှ Shaanxi Y-8 ရေငုပ်သင်္ဘောတိုက်ဖျက်ရေးလေယာဉ် တစ်စင်းသည် ထိုင်ဝမ်လေကြောင်းရန်ကာကွယ်ရေးခွဲခြားဖော်ထုတ်သည့်နယ်မြေ အနောက်တောင်ဘက်သို့ ကျူးကျော်ဝင်ရောက်လာခဲ့ ကြောင်း ထိုင်ဝမ်အမျိုးသားကာကွယ်ရေးဝန်ကြီးဌာနက ကြေညာခဲ့သည်။
တရုတ်လေယာဉ်ကျူးကျော်မှုကို တုံ့ပြန်သည့်အနေဖြင့် ထိုင်ဝမ်လေတပ်က တိုက်လေယာဉ်များစေလွှတ်ပြီး ရေဒီယိုအချက်ပေးနည်းဖြင့် သတိပေးကာ တရုတ်လေယာဉ်ကို စောင့်ကြည့်ရန်အတွက် လေကြောင်းရန်ကာ ကွယ်ရေးဒုံးကျည်များကို အသင့်ပြင်ဆင်ထားခဲ့သည်။
တရုတ်နိုင်ငံသည် ဇန်နဝါရီလ ၃ ရက်၊ ၉ ရက်၊ ၁၆ ရက်နေ့မှလွဲ၍ ယခုလအတွင်း ထိုင်ဝမ်လေကြောင်းရန်ကာ ကွယ်ရေး ခွဲခြားဖော်ထုတ်သည့် နယ်မြေအတွင်းသို့ ၎င်းတို့လေယာဉ်များကို နေ့စဉ် စေလွှတ်လျက်ရှိသည်။ ယခုဇန်နဝါရီလအတွင်း တိုက် လေယာဉ် ၄၅ စင်းနှင့် ရန်သူ့ပစ်မှတ်ရှာဖွေရေးလေယာဉ် ၂၄ စင်း အပါအဝင် တရုတ်လေယာဉ်ပေါင်း ၆၉ စင်း ထိုင်ဝမ်လေကြောင်းရန်ကာကွယ်ရေးဇုံသို့ ကျူးကျော်ဝင်ရောက်ခဲ့သည်။
တရုတ်နိုင်ငံသည် အထူးသဖြင့် ထိုင်ဝမ်လေကြောင်းရန်ကာကွယ်ရေးခွဲခြားဖော်ထုတ်သည့်နယ်မြေ အနောက် တောင်ဘက်ဆီသို့ လေယာဉ် များ ပုံမှန်စေလွှတ်ခြင်းအားဖြင့် မီးခိုးရောင်ဒေသနည်းဗျူဟာကို တိုးမြှင့်ဆောင် ရွက်ခဲ့သည်။
၂၀၂၁ ခုနှစ်တွင် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်လေတပ်မှ စစ်လေယာဉ်များသည် ထိုင်ဝမ် လေ ကြောင်းရန်ကာကွယ်ရေးခွဲခြားဖော်ထုတ်သည့်နယ်မြေ အတွင်းသို့ ရက်ပေါင်း ၂၃၉ ရက်အတွင်း ၉၆၁ ကြိမ် ကျူးကျော်ဝင်ရောက်ခဲ့သည်။
လေကြောင်းရန်ကာကွယ်ရေးခွဲခြားဖော်သည့်နယ်မြေဆိုသည်မှာ နိုင်ငံတစ်နိုင်ငံတွင် လေကြောင်းထိန်းချုပ်ရေး တာဝန်ရှိသူများက ၎င်းနိုင်ငံတွင်းဝင်ရောက်လာသော လေယာဉ်များကို နိုင်ငံ/အမျိုးအစား ခွဲခြားဖော်ထုတ်ရန် အတွက် နိုင်ငံတစ်နိုင်ငံ၏ လေပိုင်နက်ထက်ကျော်လွန်၍ တိုးချဲ့ထားသော ဝေဟင်မှနယ်မြေတစ်ခုဖြစ်သည်။
မီးခိုးရောင်ဒေသနည်းဗျူဟာဆိုသည်မှာ “တိုက်ရိုက်အင်အားအသုံးမပြုဘဲ နိုင်ငံတစ်နိုင်ငံ၏ လုံခြုံရေးရည်မှန်း ချက်များအောင်မြင်စွာဆောင်ရွက်နိုင်ရန် ကြိုးပမ်းသည့် မပြောင်းလဲသောအဟန့်အတားနှင့် အာမခံချက်ကို ကျော်လွန်၍ ကြိုးပမ်းအားထုတ်ခြင်း” ဟု အဓိပ္ပာယ်ဖွင့်ဆိုထားသည်။
Ref: Chinese anti-submarine warfare plane enters Taiwan’s ADIZ
#PeopleMedia
(unicode)
…………………………………………………………….
Ref: Chinese anti-submarine warfare plane enters Taiwan’s ADIZ
#PeopleMedia