ထိုင္းဆႏၵျပသူမ်ား ထိုင္းဘုရင့္သမီးေတာ္၏ အ၀တ္အစားအမွတ္တံဆိပ္ကို ဆန္႔က်င္ဆႏၵျပ

PUBLISHED - October 30, 2020
ဘန္ေကာက္၊ ေအာက္တိုဘာ ၃၀
ထိုင္းဘုရင္မဟာဝိဇယေလာင္ကြန္း၏သမီးေတာ္ ဆီရီဗာနာဗာရီ နာရီယာတာနာ ပိုင္ဆိုင္သည့္ေတာ္၀င္ဖက္႐ွင္အမွတ္တံဆိပ္တခုကိုဆန္႔က်င္ေၾကာင္း ထိုင္းဆႏၵျပသူမ်ားက ၾကာသပေတးေန႔တြင္ သ႐ုပ္ျပခဲ့သည္။
ထိုမင္းသမီး၏ဖက္႐ွင္အမွတ္တံဆိပ္ ဆီရီဗာနာဗာရီ ၏ ေဆာင္းရာသီဒီဇိုင္းစုစည္းမႈအသစ္မ်ားကို ၾကာသပေတးေန႔က ဘန္ေကာက္တြင္ မိတ္ဆက္ရန္စီစဥ္ထားခ်ိန္တြင္ ဆႏၵျပခဲ့ျခင္းျဖစ္သည္။
ဆႏၵျပသူမ်ားက လုထု၏ေျပးလမ္းအမည္ျဖင့္သ႐ုပ္ျပခဲ့ျခင္းျဖစ္ၿပီး ထိုလုပ္ရပ္သည္ မင္းသမီး၏ဖက္႐ွင္လုပ္ငန္းကို သေရာ္ျခင္းျဖစ္သည္။
ထိုင္းျပည္တြင္းမီဒီယာမ်ားတြင္ေဖာ္ျပခဲ့သည့္ ၂၀၂၀ ထိုင္းအမ်ိဳးသားရသံုးေငြစာရင္းဥပေဒအေသးစိတ္ႏွင့္ ထိုင္းမဟာဆီမဟာေသြးမိသားစုအတြက္ ဘတ္ေငြသန္း ၂၉၀၀၀ ခြင့္ျပဳထားသည္မ်ားကို ထိုင္းဆႏၵျပသူမ်ားက ကိုးကားေျပာသည္။
ထိုေငြမ်ားထဲမွဘတ္ ၁၃ သန္းကို ႏိုင္ငံျခားတြင္ ဆီရီဗာနာဗာနာဗာရီ အမွတ္တံဆိပ္ခင္းက်င္းျပသေရးအတြက္ ထိုင္းျပည္တြင္းကုန္သြယ္မႈႁမွင့္တင္ေရးဌာနက အသံုးျပဳခဲ့သည္။
တနလၤာေန႔တြင္လည္း ထိုင္းဘုရင္ေနထိုင္သည့္ဂ်ာမနီႏိုင္ငံမွေန၍ ထိုင္းႏိုင္ငံကို ႏိုင္ငံေရးအာဏာသံုးခဲ့ျခင္းရွိ၊ မ႐ွိ စစ္ေဆးေပးရန္ ထိုင္းႏိုင္ငံဆိုင္ရာဂ်ာမနီသံ႐ံုးတြင္ေတာင္းဆိုခဲ့သည္။
Ref : Thai protesters stage ‘people’s runway’ in downtown Bangkok against princess’ fashion brand
#PeopleMedia
(unicode)
ထိုင်းဆန္ဒပြသူများ ထိုင်းဘုရင့်သမီးတော်၏ အဝတ်အစားအမှတ်တံဆိပ်ကို ဆန့်ကျင်ဆန္ဒပြ
………………………………………………
ဘန်ကောက်၊ အောက်တိုဘာ ၃၀
ထိုင်းဘုရင်မဟာဝိဇယလောင်ကွန်း၏သမီးတော် ဆီရီဗာနာဗာရီ နာရီယာတာနာ ပိုင်ဆိုင်သည့်တော်ဝင်ဖက်ရှင်အမှတ်တံဆိပ်တခုကိုဆန့်ကျင်ကြောင်း ထိုင်းဆန္ဒပြသူများက ကြာသပတေးနေ့တွင် သရုပ်ပြခဲ့သည်။
ထိုမင်းသမီး၏ဖက်ရှင်အမှတ်တံဆိပ် ဆီရီဗာနာဗာရီ ၏ ဆောင်းရာသီဒီဇိုင်းစုစည်းမှုအသစ်များကို ကြာသပတေးနေ့က ဘန်ကောက်တွင် မိတ်ဆက်ရန်စီစဉ်ထားချိန်တွင် ဆန္ဒပြခဲ့ခြင်းဖြစ်သည်။
ဆန္ဒပြသူများက လုထု၏ပြေးလမ်းအမည်ဖြင့်သရုပ်ပြခဲ့ခြင်းဖြစ်ပြီး ထိုလုပ်ရပ်သည် မင်းသမီး၏ဖက်ရှင်လုပ်ငန်းကို သရော်ခြင်းဖြစ်သည်။
ထိုင်းပြည်တွင်းမီဒီယာများတွင်ဖော်ပြခဲ့သည့် ၂၀၂၀ ထိုင်းအမျိုးသားရသုံးငွေစာရင်းဥပဒေအသေးစိတ်နှင့် ထိုင်းမဟာဆီမဟာသွေးမိသားစုအတွက် ဘတ်ငွေသန်း ၂၉၀၀၀ ခွင့်ပြုထားသည်များကို ထိုင်းဆန္ဒပြသူများက ကိုးကားပြောသည်။
ထိုငွေများထဲမှဘတ် ၁၃ သန်းကို နိုင်ငံခြားတွင် ဆီရီဗာနာဗာနာဗာရီ အမှတ်တံဆိပ်ခင်းကျင်းပြသရေးအတွက် ထိုင်းပြည်တွင်းကုန်သွယ်မှုမြှင့်တင်ရေးဌာနက အသုံးပြုခဲ့သည်။
တနင်္လာနေ့တွင်လည်း ထိုင်းဘုရင်နေထိုင်သည့်ဂျာမနီနိုင်ငံမှနေ၍ ထိုင်းနိုင်ငံကို နိုင်ငံရေးအာဏာသုံးခဲ့ခြင်းရှိ၊ မရှိ စစ်ဆေးပေးရန် ထိုင်းနိုင်ငံဆိုင်ရာဂျာမနီသံရုံးတွင်တောင်းဆိုခဲ့သည်။
Ref : Thai protesters stage ‘people’s runway’ in downtown Bangkok against princess’ fashion brand
#PeopleMedia