ထိုင်းတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရသည့် မြန်မာရွှေ့ပြောင်းလုပ်သား ၃၀၀ နီးပါး ဆေးရုံဆင်း

PUBLISHED - January 11, 2021
ဘန်ကောက်၊ ဇန်နဝါရီ ၁၁ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)
ဆာမွတ်ပရာခန်းခရိုင်ရှိ ယာယီဆေးရုံမှာတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကြောင့်ကုသမှုခံယူနေသည့် မြန်မာရွှေ့ပြောင်းလုပ်သား ၃၀၀ နီးပါး တနင်္ဂနွေနေ့တွင်ဆေးရုံဆင်းခဲ့ပြီး ထိုအုပ်စုသည် ကူးစက်မှုမှ ပြန်သက်သာလာသည့် ပထမဆုံးရွှေ့ပြောင်းလုပ်သားများဖြစ်သည်။
အားကစားကွင်းတခုတွင်တည်ဆောက်ထားသည့် ယာယီဆေးရုံမှ စုစုပေါင်းမြန်မာလုပ်သား ၂၉၂ ယောက် ဆေးရုံဆင်းခဲ့ရခြင်းဖြစ်သည်။
သူတို့နေထိုင်အလုပ်လုပ်ကိုင်ကြသည့်ပုဇွန်ဈေးသို့ ထိုင်းစစ်တပ်သုံးထရပ်ကားများဖြင့်မပို့ဆောင်မီ သူတို့က ကုသမှုပေးခဲ့သည့်ဆရာဝန်များနှင့်ကျန်းမာရေးဝန်ထမ်းများကို လက်ဝှေ့ယမ်းနှုတ်ဆက်ခဲ့သည်ဟု ဘန်ကောက်ပို့စ်သတင်းစာကဖော်ပြသည်။
ဗိုင်းရပ်စ်ကူးစက်မှုဗဟိုချက်တခုဖြစ်ခဲ့သည့်ဈေးကို လက်ရှိတွင် အရောင်းအဝယ်ရပ်ထားသည်။
ယခုလကုန်တွင် ဈေးပြန်ဖွင့်မည်ဟု ဆာမွတ်ဆာခွန်ဒုတိယအုပ်ချုပ်ရေးမှူး သီရာဖတ် ခတ်ချာမတ်ကပြော သည်။
ပျောက်ကင်းသည့်ရွှေ့ပြောင်းလုပ်သားများကို ရောဂါကင်းစင်ကြောင်းအသိအမှတ်ပြုလက်မှတ်များ ထုတ်ပေး ခဲ့သည်ဟုလည်း သိရသည်။
ထိုလက်မှတ်များကို လူဝင်မှုကြီးကြပ်ရေးအာဏာပိုင်များထံ တင်သွင်းရမည်လည်းဖြစ်သည်။
တနင်္ဂနွေနေ့အထိ ဆာမွတ်ဆာခွန်ကူးစက်မှုနှင့်ဆက်စပ်ကူးစက်သူ ၃၄၄၁ ယောက်ရှိပြီး ၃၁၀၉ ယောက်ခ ရိုင်ထဲတွင် နေထိုင်နေကြောင်း ထိုင်းအစိုးရ၏ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုအခြေအနေကြီးကြပ်ကွပ်ကဲရေး ဗဟိုဌာန CCSA ကထုတ်ပြန်သည်။
Ref : Myanmar migrants leave field hospital
#PeopleMedia
(unicode)
………………………………………………
Ref : Myanmar migrants leave field hospital
#PeopleMedia