• Follow Us on
Latest News

Home ထိုင်းတွင် အပြာဝက်ဆိုက်ပိတ်ပင်ခံရပြီးနောက် ဝန်ကြီးကိုဝေဖန်ပြီး ပြန်ဖွင့်ပေးရန်ဆန္ဒပြ


Share this post

ဘန်ကောက်၊ နိုဝင်ဘာ ၆
 
 
 
 
 
 
 
 
#PeopleMedia
 
(Unicode)
ထိုင်းတွင် အပြာဝက်ဆိုက်ပိတ်ပင်ခံရပြီးနောက် ဝန်ကြီးကိုဝေဖန်ပြီး ပြန်ဖွင့်ပေးရန်ဆန္ဒပြ
………………………………………………..
 
ဘန်ကောက်၊ နိုဝင်ဘာ ၆
 
အပြာဝက်ဆိုက် Pornhub ကို ထိုင်းနိုင်ငံတွင်ဝင်ရောက်ခွင့်ပိတ်ပင်ပြီးနောက် ထိုင်းဒစ်ဂျစ်တယ်စီးပွားရေးနှင့် လူ့အသိုက်အဝန်းဝန်ကြီး ဘူဒီပေါင်စီ ပန်နာကန်တာကို ဝေဖန်မှုများမြင့်တက်နေပြီး ဆန္ဒပြမှုများရှိနေသည်။
 
ထိုင်းပြစ်မှုဆိုင်ရာတရားရုံးက ခွင့်ပြုလိုက်ပြီးနောက် Pornhub ကို ဝင်ရောက်ခွင့်ပိတ်ပင်ရန် အင်တာနက်ဝန် ဆောင်မှုကုမ္ပဏီများနှင့် ဖုန်းအော်ပရေတာများကို ဝန်ကြီးဌာနက ညွှန်ကြားခဲ့သည်။
 
ထိုပိတ်ပင်မှုကြောင့် မီဒီယာများကို လွတ်လပ်စွာဝင်ရောက်ခွင့်ချိုးဖောက်သည်ဟုဆိုကာ ဘူဒီပေါင်စီကို တိုက်ခိုက်နေသည်။
 
ဘူဒီပေါင်စီက ထိုးနှက်မှုများကို တုံ့ပြန်မည်မဟုတ်ကြောင်း ပြောသည်။
 
ထို့အပြင် ပိတ်ပင်မှုကြောင့် ကောင်းမွန်သောစံတန်ဖိုးများရှိလာမည်ဟုလည်း ဆန္ဒပြမှုများကိုတုံ့ပြန်သည်။
 
ထိုင်းနိုင်ငံသည် Pornhub တွင် နိုင်ငံအလိုက်အချိန်အများဆုံးအပြာဗီဒီယိုဝင်ကြည့်သည့်နိုင်ငံဖြစ်သည်။
 
Ref : Thais protest PornHub ban, digital minister says ban will promote “good values”
 
#PeopleMedia

Share this post