ထိုင္းနိုင္ငံက ၂၀၂၁ ခုႏွစ္ ပထမေျခာက္လအတြင္း ကိုဗစ္ကာကြယ္ေဆး စတင္ထုတ္လုပ္မည္

PUBLISHED - November 25, 2020
နိုင္ငံတကာ၊ နိုဝင္ဘာ ၂၅(PeopleMedia)
ျပည္တြင္း၌ ကိုဗစ္-၁၉ ကာကြယ္ေဆးထုတ္လုပ္မႈကို ၂၀၂၁ ခုႏွစ္ ႏွစ္လယ္တြင္ စတင္ရန္ စီစဥ္ေနေၾကာင္း ထိုင္းအမ်ိဳးသား ကာကြယ္ေဆးအင္စတီက်ဳ႕က ေျပာၾကားလိုက္သည္။
AstraZeneca ႏွင့္ ေအာက္စဖို႔ဒ္တကၠသိုလ္မွ ကိုဗစ္-၁၉ ကာကြယ္ေဆး ထုတ္လုပ္ေရးနည္းပညာ လႊဲေျပာင္း ေပးမည္ဟု ထိုင္းအမ်ိဳးသားကာကြယ္ေဆးအင္စတီက်ဳ႕မွ ညႊန္ၾကားေရးမႉး နာခြန္ပရမ္ဆရီက ေျပာသည္။
တတိယအဆင့္ လက္ေတြ႕စမ္းသပ္မႈတြင္ ပၽွမ္းမၽွ ၇၀ ရာခိုင္ႏႈန္းအထိ ထိေရာက္မႈရွိသည့္ ကာကြယ္ေဆး မဟာမိတ္အဖြဲ႕၏ စီမံကိန္းတြင္ ထိုင္းနိုင္ငံက ပါဝင္ခဲ့ေၾကာင္း ၄င္းက ေျပာသည္။
ထိုင္းနိုင္ငံႏွင့္ အျခား အာဆီယံနိုင္ငံမ်ား၌ အသုံးျပဳမည့္ ဗိုင္းရပ္စ္ကာကြယ္ေဆး အလုံးေရ သန္း ၁၈၀ မွ သန္း ၂၀၀ အထိ ႏွစ္စဥ္ ထုတ္လုပ္သြားရန္ ထိုင္းေဆးဝါးကုမၸဏီ Siam Bioscience က AstraZenaca ကုမၸဏီႏွင့္ ေဆါးေႏြးလ်က္ရွိသည္။
ေနာက္လတြင္ ပထမအသုတ္ ကိုဗစ္ကာကြယ္ေဆး ထိုးေပးမည့္အုပ္စုမ်ားကို အမ်ိဳးသားကာကြယ္ေဆး ေကာ္မတီက ဆုံးျဖတ္မည္ဟု ျပည္သူ႔က်န္းမာေရးဝန္ႀကီးဌာန၊ ေရာဂါထိန္းခ်ဳပ္ေရးဌာနက ေျပာၾကားသည္။
အေျခခံအားျဖင့္ ကိုဗစ္ကာကြယ္ေဆးကို ကပ္ေရာဂါတိုက္ဖ်က္ေရးတြင္ ေရွ႕တန္းမွပါဝင္ေနသည့္ က်န္း မာေရးလုပ္သားမ်ားႏွင့္ ကူးစက္နိုင္ေခ်ျမင့္မားသူမ်ားျဖစ္ေၾကာင္း အဆိုပါဌာနက ဆိုသည္။
ကိုးကား – ဆင္ဟြာ
Ref; Thailand’s COVID-19 vaccine production to start in mid-2021
(unicode)
ထိုင်းနိုင်ငံက ၂၀၂၁ ခုနှစ် ပထမခြောက်လအတွင်း ကိုဗစ်ကာကွယ်ဆေး စတင်ထုတ်လုပ်မည်
…………………………………………………………
နိုင်ငံတကာ၊ နိုဝင်ဘာ ၂၅(PeopleMedia)
ပြည်တွင်း၌ ကိုဗစ်-၁၉ ကာကွယ်ဆေးထုတ်လုပ်မှုကို ၂၀၂၁ ခုနှစ် နှစ်လယ်တွင် စတင်ရန် စီစဉ်နေကြောင်း ထိုင်းအမျိုးသား ကာကွယ်ဆေးအင်စတီကျု့က ပြောကြားလိုက်သည်။
AstraZeneca နှင့် အောက်စဖို့ဒ်တက္ကသိုလ်မှ ကိုဗစ်-၁၉ ကာကွယ်ဆေး ထုတ်လုပ်ရေးနည်းပညာ လွှဲပြောင်း ပေးမည်ဟု ထိုင်းအမျိုးသားကာကွယ်ဆေးအင်စတီကျု့မှ ညွှန်ကြားရေးမှူး နာခွန်ပရမ်ဆရီက ပြောသည်။
တတိယအဆင့် လက်တွေ့စမ်းသပ်မှုတွင် ပျှမ်းမျှ ၇၀ ရာခိုင်နှုန်းအထိ ထိရောက်မှုရှိသည့် ကာကွယ်ဆေး မဟာမိတ်အဖွဲ့၏ စီမံကိန်းတွင် ထိုင်းနိုင်ငံက ပါဝင်ခဲ့ကြောင်း ၄င်းက ပြောသည်။
ထိုင်းနိုင်ငံနှင့် အခြား အာဆီယံနိုင်ငံများ၌ အသုံးပြုမည့် ဗိုင်းရပ်စ်ကာကွယ်ဆေး အလုံးရေ သန်း ၁၈၀ မှ သန်း ၂၀၀ အထိ နှစ်စဉ် ထုတ်လုပ်သွားရန် ထိုင်းဆေးဝါးကုမ္ပဏီ Siam Bioscience က AstraZenaca ကုမ္ပဏီနှင့် ဆေါးနွေးလျက်ရှိသည်။
နောက်လတွင် ပထမအသုတ် ကိုဗစ်ကာကွယ်ဆေး ထိုးပေးမည့်အုပ်စုများကို အမျိုးသားကာကွယ်ဆေး ကော်မတီက ဆုံးဖြတ်မည်ဟု ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာန၊ ရောဂါထိန်းချုပ်ရေးဌာနက ပြောကြားသည်။
အခြေခံအားဖြင့် ကိုဗစ်ကာကွယ်ဆေးကို ကပ်ရောဂါတိုက်ဖျက်ရေးတွင် ရှေ့တန်းမှပါဝင်နေသည့် ကျန်း မာရေးလုပ်သားများနှင့် ကူးစက်နိုင်ချေမြင့်မားသူများဖြစ်ကြောင်း အဆိုပါဌာနက ဆိုသည်။
ကိုးကား – ဆင်ဟွာ
Ref; Thailand’s COVID-19 vaccine production to start in mid-2021