ထိုင်းနိုင်ငံ၌ ပြစ်ဒဏ်ကျခံခဲ့ပြီး လွတ်ရက်စေ့မြန်မာရွှေ့ပြောင်းလုပ်သား (၁၄၃) ဦးကို ထိုင်းအစိုးရမှ မြန်မာ နိုင်ငံသို့ ပြန်လည်လွှဲပြောင်း

PUBLISHED - November 29, 2021
မြဝတီ၊ နိုဝင်ဘာ ၂၉ (People Media)
ထိုင်းနိုင်ငံ၌ အကြောင်းအမျိုးမျိုးကြောင့် ပြစ်ဒဏ်ကျခံခဲ့ပြီး လွတ်ရက်စေ့ မြန်မာရွှေ့ပြောင်းလုပ်သား (၁၄၃) ဦးကို ထိုင်းအစိုးရမှ မြန်မာအစိုးရထံ နိုဝင်ဘာလ ၂၈ ရက်နေ့ မွန်းလွဲ ၁၂ နာရီအချိန်က ပြန်လည် လွှဲပြောင်း ပေးခဲ့သည်။
ထိုင်းနိုင်ငံတွင် အကြောင်းအမျိုးမျိုးကြောင့် ပြစ်ဒဏ်ကျခံပြီး လွတ်ရက်စေ့ မြန်မာရွှေ့ပြောင်းလုပ်သား ကျား (၉၀) ဦး၊ မ (၄၃) ဦး၊ စုစုပေါင်း (၁၃၃) ဦး၊ ကလေး ကျား(၉)ဦး၊ မ(၁)ဦး၊ စုစုပေါင်း (၁၀) ဦး၊ လူဦးရေစုစုပေါင်း (၁၄၃) ဦးအား ရနောင်းမြို့မှ ကော့သောင်းမြို့သို့ နောက်ပဲ့ချိတ်လှေ (၉) စီးဖြင့် ပြန်လည်ပို့ဆောင်ပေးခဲ့ ကြောင်း သိရသည်။
မြန်မာနိုင်ငံသို့ ပြန်လည်ရွှေ့ပြောင်းလာသူများကို ကော့သောင်းမြို့ရှိ Quarantine စင်တာများတွင် (၁၀) ရက်ကြာ နေထိုင်ပြီးမှသာ မိမိသက်ဆိုင်ရာ တိုင်းနှင့် ပြည်နယ်များကို ပြန်ခွင့်ရမည်ဖြစ်ကြောင်းသိရသည်။
ထိုသို့ လွှဲပြောင်းပို့ဆောင်ခြင်းကို မြန်မာသံအရာရှိ ဦးရဲလင်းထက်၊ ရနောင်းမြို့နယ် နယ်ခြားကော်မတီမှ Se nior Col.Poompat Boonraugkaw နှင့် တာဝန်ရှိသူများ၊ ထိုင်းနိုင်ငံနယ်စပ်ဖြတ်ကျော်တပ်ဖွဲ့ဝင်များ၊ လူ ဝင်မှုကြီးကြပ်ရေးဌာနမှ တာဝန်ရှိသူများမှ ပူးပေါင်းဆောင်ရွက်ခဲ့ကာ ပို့ဆောင်ပေးခဲ့ခြင်းဖြစ်ကြောင်း ထိုင်း အလုပ်သမားသံအရာရှိရုံးမှ သိရသည်။
#PeopleMedia #ထိုင်း-မြန်မာ #မြန်မာနိုင်ငံသားများ
(unicode)
…………………………………………………………