ထိုင္းဘုရင္ကိုစံုစမ္းစစ္ေဆးရန္ ဂ်ာမနီကို ထိုင္းအစိုးရဆန္႔က်င္ဆႏၵျပသူမ်ား စာပို႔ေတာင္းဆိုဟုထုတ္ျပန္

PUBLISHED - October 27, 2020
ဘန္ေကာက္၊ ေအာက္တိုဘာ ၂၆
ဂ်ာမနီႏိုင္ငံတြင္သြားေရာက္ေနထိုင္ေနသည့္ထိုင္းဘုရင္ မဟာဝိဇယေလာင္ကြန္း၏ အာဏာအသံုးျပဳမႈကို စံုစမ္းစစ္ေဆးရန္ ဂ်ာမနီအစိုးရထံလက္မွတ္ထိုးေတာင္းဆိုသြားမည္ဟု ထိုင္းအစိုးရဆန္႔က်င္ဆႏၵျပသူမ်ားက တနဂၤေႏြေန႔တြင္ေျပာသည္။
ေအာက္တိုဘာ ၁၅ ရက္တြင္ထုတ္ျပန္ခဲ့သည့္အေရးေပၚအေျခအေနေၾကညာမႈကို ၿပီးခဲ့သည့္တပတ္တြင္ျပန္ ႐ုတ္သိမ္းၿပီးေနာက္ ရာထူးမွႏုတ္ထြက္ရန္ ၃ ရက္အခ်ိန္ေပးထားသည္ကို ထိုင္း၀န္ႀကီးခ်ဳပ္ ပရာ႐ြတ္ ခ်န္အိုခ်ာကမသိကၽြိဳးကၽြံျပဳၿပီးေနာက္ပိုင္း တနဂၤေႏြေန႔တြင္လည္း အစိုးရဆန္႔က်င္ဆႏၵျပသူမ်ားက အႀကီးအက်ယ္ဆႏၵျပခဲ့သည္။
တနလၤာေန႔တြင္ ထိုင္းမွဂ်ာမနီသံ႐ံုးေ႐ွ႕တြင္ ဆႏၵျပရန္စီစဥ္ထားသည္။
ထိုင္းဘုရင္သည္ ဂ်ာမနီႏိုင္ငံတြင္အေနမ်ားသည္။ ဂ်ာမနီတြင္ေနထိုင္စဥ္ ဂ်ာမနီအစိုးရကလက္ခံမည္မဟုတ္သည့္ဥပေဒမ်ားကို အာဏာသံုးခ်ိဳးေဖာက္ခဲ့ျခင္း႐ွိ၊ မ႐ွိ သံ႐ံုးထံစာတင္သြားမည္ဟု ဆႏၵျပသူမ်ားက ထုတ္ျပန္သည္။
ေတာင္းဆိုရျခင္းသည္ ထိုင္းႏိုင္ငံကို စစ္မွန္ေသာစည္းမ်ဥ္းခံဘုရင္စနစ္သို႔ျပန္ေရာက္ေစလိုေသာေၾကာင့္ျဖစ္သည္ဟုလည္း ဆႏၵျပသူမ်ားကေျပာသည္။
ယခင္ထိုင္းစစ္အစိုးရေခါင္းေဆာင္ ပရာ႐ြတ္ကိုဖယ္႐ွားရန္ ဇူလိုင္လတြင္ ဆႏၵျပပြဲမ်ားစတင္ခဲ့ၿပီး ေနာက္ပိုင္းတြင္ ႏိုင္ငံေရး၌ ဆယ္စုႏွစ္ေပါင္းမ်ားစြာစစ္တပ္ႀကီးစိုးမႈကိုကူညီေနသည့္ ဘုရင္စနစ္ျပဳျပင္ေျပာင္းလဲရန္လည္း ေတာင္းဆိုေနၾကသည္။
Ref : Thai protesters to petition Germany over King Maha Vajiralongkorn
#PeopleMedia
(unicode)
ထိုင်းဘုရင်ကိုစုံစမ်းစစ်ဆေးရန် ဂျာမနီကို ထိုင်းအစိုးရဆန့်ကျင်ဆန္ဒပြသူများ စာပို့တောင်းဆိုဟုထုတ်ပြန်
………………………………………………
ဘန်ကောက်၊ အောက်တိုဘာ ၂၆
ဂျာမနီနိုင်ငံတွင်သွားရောက်နေထိုင်နေသည့်ထိုင်းဘုရင် မဟာဝိဇယလောင်ကွန်း၏ အာဏာအသုံးပြုမှုကို စုံစမ်းစစ်ဆေးရန် ဂျာမနီအစိုးရထံလက်မှတ်ထိုးတောင်းဆိုသွားမည်ဟု ထိုင်းအစိုးရဆန့်ကျင်ဆန္ဒပြသူများက တနင်္ဂနွေနေ့တွင်ပြောသည်။
အောက်တိုဘာ ၁၅ ရက်တွင်ထုတ်ပြန်ခဲ့သည့်အရေးပေါ်အခြေအနေကြေညာမှုကို ပြီးခဲ့သည့်တပတ်တွင်ပြန် ရုတ်သိမ်းပြီးနောက် ရာထူးမှနုတ်ထွက်ရန် ၃ ရက်အချိန်ပေးထားသည်ကို ထိုင်းဝန်ကြီးချုပ် ပရာရွတ် ချန်အိုချာကမသိကျွိုးကျွံပြုပြီးနောက်ပိုင်း တနင်္ဂနွေနေ့တွင်လည်း အစိုးရဆန့်ကျင်ဆန္ဒပြသူများက အကြီးအကျယ်ဆန္ဒပြခဲ့သည်။
တနင်္လာနေ့တွင် ထိုင်းမှဂျာမနီသံရုံးရှေ့တွင် ဆန္ဒပြရန်စီစဉ်ထားသည်။
ထိုင်းဘုရင်သည် ဂျာမနီနိုင်ငံတွင်အနေများသည်။ ဂျာမနီတွင်နေထိုင်စဉ် ဂျာမနီအစိုးရကလက်ခံမည်မဟုတ်သည့်ဥပဒေများကို အာဏာသုံးချိုးဖောက်ခဲ့ခြင်းရှိ၊ မရှိ သံရုံးထံစာတင်သွားမည်ဟု ဆန္ဒပြသူများက ထုတ်ပြန်သည်။
တောင်းဆိုရခြင်းသည် ထိုင်းနိုင်ငံကို စစ်မှန်သောစည်းမျဉ်းခံဘုရင်စနစ်သို့ပြန်ရောက်စေလိုသောကြောင့်ဖြစ်သည်ဟုလည်း ဆန္ဒပြသူများကပြောသည်။
ယခင်ထိုင်းစစ်အစိုးရခေါင်းဆောင် ပရာရွတ်ကိုဖယ်ရှားရန် ဇူလိုင်လတွင် ဆန္ဒပြပွဲများစတင်ခဲ့ပြီး နောက်ပိုင်းတွင် နိုင်ငံရေး၌ ဆယ်စုနှစ်ပေါင်းများစွာစစ်တပ်ကြီးစိုးမှုကိုကူညီနေသည့် ဘုရင်စနစ်ပြုပြင်ပြောင်းလဲရန်လည်း တောင်းဆိုနေကြသည်။
Ref : Thai protesters to petition Germany over King Maha Vajiralongkorn