ထိုင်းဘုရင်စနစ်ကိုစော်ကားသည့် အမျိုးသမီးတယောက်ကို ထောင် ၈၇ နှစ်ချမှတ်
PUBLISHED - January 20, 2021
ဘန်ကောက်၊ ဇန်နဝါရီ ၂၀ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)
ထိုင်းဘုရင်စနစ်ကိုစော်ကားသည့် ဗီဒီယိုများဝေမျှသည့်အမျိုးသမီးတယောက်ကို ထိုင်းရာဇဝတ်မှုဆိုင်ရာ တရားရုံးက ထောင်ဒဏ် ၈၇ နှစ်ချမှတ်လိုက်ပြီး ထိုဖြစ်ရပ်သည် ထိုင်းဘုရင်စနစ်ကိုစော်ကားမှုဖြင့် စံချိန်တင်ပြစ်ဒဏ်တခုဖြစ်လာသည်။
အသက် ၆၄ နှစ်ရှိနေသည့်ထိုအမျိုးသမီးက ဝန်ခံခဲ့သဖြင့် ထောင်ဒဏ်တဝက်လျှော့ပေးပြီး ၄၃ နှစ်နှင့် ၆ လကျခံရမည်ဖြစ်သည်။
၂၀၁၄-၂၀၁၅ ခုနှစ်တို့အတွင်း ယူတျု့တွင် ဗီဒီယို ၂၆ ခုနှင့် ဖေ့စ်ဘွတ်တွင် ၃ ခုတင်ခဲ့သော မိသားစုမဖော်ပြဘဲ အန်ချန်ဟုသာဖော်ပြသည့်အမျိုးသမီးကို ၂၀၁၅ ခုနှစ်တွင် ဖမ်းဆီးခဲ့သည်။
ထိုဗီဒီယိုဖိုင်ထဲတွင်ပါဝင်သည်များမှ ထိုင်းဘုရင်စနစ်ကိုဝေဖန်သူဖြစ်သည့် ကလောင်အမည် ဘန်ပေါ့၏ အသံဖိုင်များကို ရုပ်သံအသွင်ပြုလုပ်ထားခြင်းဖြစ်သည်။
ဗီဒီယိုဖိုင်များဖန်တီးခဲ့သည့်ဘန်ပေါ့ကို ၂၀၁၅ ခုနှစ်တွင် စစ်ခုံရုံးတင်ခဲ့ပြီး ဝန်ခံခဲ့သဖြင့် ထောင်ဒဏ် ၁၀ နှစ်ကို တဝက်လျှော့ပေးခဲ့သည်။
ထိုဗီဒီယိုများကို ဝေမျှခြင်းအားဖြင့် အန်ချန်က လူအများကိုကြည့်နိုင်စေရန်လုပ်ပေးလိုက်ကြောင်း တရားရုံး ကပြောသည်။
Ref : Woman gets 87 years for lese majeste
#PeopleMedia
(unicode)
………………………………………………….
Ref : Woman gets 87 years for lese majeste
#PeopleMedia