ထိုင်းနိုင်ငံ လိပ်ကျွန်းလူသတ်မှု နောက်ဆုံးအယူခံ စီရင်ချက် ယနေ့ချမှတ်မည်
PUBLISHED - August 29, 2019
ထိုင်းနိုင်ငံ လိပ်ကျွန်းမှာ ဗြိတိန်ကမ္ဘာလှည့်ခရီးသွားနှစ်ဦး အသတ်ခံရမှုမှာ သေဒဏ်ပေးခံရတဲ့ မြန်မာနိုင်ငံသားနှစ်ဦးကို သြဂုတ် ၂၉ ရက်နေ့မှာ တရားရုံးကစီရင်ချက်ချ မှတ်သွား မှာဖြစ်ပါတယ်။
အခုတစ်ကြိမ်ဟာ နောက်ဆုံးအကြိမ် အယူခံလျှောက်ထားမှုအတွက် တရားရုံးရဲ့ နောက်ဆုံး ဆုံးဖြတ်ချက်လည်းဖြစ်ပါတယ်။ ဇော်လင်းနဲ့ ၀င်းဇော်ထွန်းတို့ဟာ ဗြိတိန်ခရီးသွားစုံတွဲကို မုဒိန်းကျင့် သတ်ဖြတ်ခဲ့တယ်လို့ စွပ်စွဲခံထားရတာဖြစ်ပါတယ်။
ဒါပေမယ့် မြန်မာနိုင်ငံသားအလုပ်သမားနှစ်ဦးရဲ့ ရှေ့နေတွေက DNA စစ်ဆေးရာမှာ မတိကျမှု၊ကနဦး စစ်ဆေးချိန်မှာ ဘာသာပြန်မထားရှိမှုနဲ့ တရားခံရှေ့နေမရှိမှုအပြင် ထိုင်းရဲတပ်ဖွဲ့ စစ်ဆေးမှု လိုအပ်ချက် တွေကြောင့် အမှုကို ပြန်လည်စစ်ဆေးပြီး သေဒစ်စီရင်ချက်ဟာ နှောင့်နှေးကြန့်ကြာမှု တွေ ရှိခဲ့တာဖြစ်ပါတယ်။
Ref; The Nation