
PUBLISHED - January 2, 2020
နိုင်ငံတကာ၊ ဇန်န၀ါရီ – ၂
Ref; Reuters
(Unicode)
ထိုင်ဝမ်စစ်ဦးစီးချုပ်လိုက်ပါလာသော ရဟတ်ယာဉ်ပျက်ကျ၊ စစ်ဦးစီးချုပ် ပျောက်ဆုံးနေ
…………………………………………………………
နိုင်ငံတကာ၊ ဇန်နဝါရီ – ၂
ရဟတ်ယာဉ်ပျက်ကျပြီး ပျောက်ဆုံးနေတဲ့ ထိုင်ဝမ်စစ်ဦးချုပ်နဲ့ အရာရှိနှစ်ဦးတို့ကို ကယ်ဆယ်ရေးအဖွဲ့တွေက လိုက်လံရှာဖွေလျက်ရှိနေပါတယ်။
ထိုင်ဝမ်စစ်ဦးစီးချုပ်လိုက်ပါလာတဲ့ ရဟတ်ယာဉ်ဟာ ကြာသပတေးနေ့က တောင်ကုန်းတစ်ခုပေါ် ပျက်ကျခဲ့ တယ်လို့ ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။
UH-60M ရဟတ်ယာဉ်ဟာ ထိုင်ဝမ်စစ်ဦးစီးချုပ်အပါအဝင် စုစုပေါင်း ၁၃ ဦးကို တင်ဆောင်လာခဲ့တာဖြစ်ပါ တယ်။
ရဟတ်ယာဉ်ပျက်ရတဲ့ အကြောင်းအရင်းကိုတော့ မသိရသေးပါဘူး။
ရဟတ်ယာဉ်ပေါ်လိုက်ပါခဲ့သူ ၁၀ ဦးကိုတော့ အသက်ရှင်လျက် ရှာတွေ့ခဲ့ပြီး စစ်ဦးစီးချုပ်နဲ့ ကျန် ၂ ဦးကို ဆက်လက်ရှာဖွေလျက်ရှိနေပါတယ်။
Ref; Reuters
#PeopleMedia #International