• Follow Us on

Home ထိုင်ဝမ်ကျွန်းပတ်ပတ်လည်မှာ တရုတ်လေယာဉ် ၃၆ စင်း ခြေရာခံတွေ့ရှိ

ထိုင်ဝမ်ကျွန်းပတ်ပတ်လည်မှာ တရုတ်လေယာဉ် ၃၆ စင်း ခြေရာခံတွေ့ရှိ

Share this post

နိုင်ငံတကာ၊ ဇူလိုင် ၆

 

လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း ထိုင်ဝမ်ကျွန်းပတ်လည်တစ်ဝိုက်မှာ တရုတ်စစ်လေယာဉ် ၃၆ စင်းကို ခြေရာခံတွေ့ရှိခဲ့ ကြောင်း ထိုင်ဝမ် ကာကွယ်ရေးဝန်ကြီးဌာနက သောကြာနေ့ (ဇူလိုင်လ ၅ ရက်နေ့) က ပြောကြားလိုက်ပါတယ်။

 

မနက် ၆ နာရီ ၅၅ မိနစ်ကျော်မှာ ဂျက်တို်က်လေယာဉ်တွေ၊ သယ်ယူပို့ဆောင်ရေးလေယာဉ်တွေနဲ့ ဒရုန်းတွေပါ ဝင်တဲ့ လေယာဉ် ၂၆ စင်းကိုလည်း ထပ်မံတွေ့ရှိခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။

 

ထိုင်ဝမ်အစိုးရအနေနဲ့ အခြေအနေကို မျက်ခြေမပြတ်စောင့်ကြည့်နေပြီး လျော်ညီတဲ့တုံ့ပြန်မှုတွေကို ဆောင် ရွက်ခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။

 

ထိုင်ဝမ်ကျွန်းဟာ တရုတ်နိုင်ငံရဲ့ အစိတ်အပိုင်းတစ်ရပ်အဖြစ် တရုတ်နိုင်ငံက မှတ်ယူထားပြီး နှစ်နိုင်ငံပြန်လည် ပေါင်းစည်းရေးအတွက် လိုအပ်လာရင်အင်အားသုံးတိုက်ခိုက်သွားမယ့်မူဝါဒကို ဘယ်တော့မှ စွန့်လွှတ်သွားမှာ မဟုတ်ကြောင်း ပြောပါတယ်။

 

တရုတ်နိုင်ငံက အန္တရာယ်ရှိတဲ့ ခွဲထွက်ရေးဝါဒီတစ်ဦးအဖြစ်သဘောထားတဲ့ ထိုင်ဝမ်သမ္မသစ် လိုင်ချင်တီး အခု နှစ် မေလ ၂၀ ရက်နေ့မှာ ကျမ်းသစ္စာကျိန်ဆိုပြီးနောက် ထိုင်ဝမ်ကျွန်းပတ်ပတ်လည်မှာ တရုတ်က စစ်ရေးလေ့ ကျင့်မှုတွေ တိုးမြှင့်ဆောင်ရွက်ခဲ့ပြီး ဖိအားပေးခဲ့ပါတယ်။

 

အဲဒီအချိန်က စစ်ရေးလေ့ကျင့်မှုအတွက် တရုတ်အစိုးရဟာ ထိုင်ဝမ်ကျွန်းပတ်လည်ကို စစ်လေယာဉ် ၆၂ စင်း၊ စစ်သင်္ဘော ၂၇ စင်း စေလွှတ်ခဲ့ရာ အခုနှစ်အတွင်း အရေအတွက်အများဆုံး စေလွှတ်ခဲ့ခြင်းဖြစ်ပါတယ်။

 

ထိုင်ဝမ်နိုင်ငံပိုင် ကင်မန်ကျွန်းနဲ့ ကပ်နေတဲ့ တရုတ်နိုင်ငံပိုင် ချန်းဂျော ကမ်းလွန်ပင်လယ်ပြင်မှာ တရားမဝင် ငါး ဖမ်းနေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ထိုင်ဝမ်ငါးဖမ်းလှေတစ်စီးကို တရုတ်ကမ်းခြေစောင့်တပ်ဖွဲ့က သိမ်းဆည်းခဲ့ပြီး နောက် အခုလို နောက်ဆုံးအကြိမ် တရုတ်လေယာဉ်တွေကို တွေ့ရှိခဲ့တာဖြစ်ပါတယ်။

 

အဲဒီငါးဖမ်းလှေဟာ နှစ်ဖက်စလုံးအတွက် ပုံမှန်ငါးဖမ်းကွက်ဖြစ်တဲ့ ရေပြင်မှာ ငါးဖမ်းနေတဲ့ သမရိုးကျ ငါးဖမ်း လှေတစ်စင်းသာဖြစ်ကြောင်း ထိုင်ဝမ်အစိုးရက ပြောဆိုပြီး ချက်ချင်းပြန်လွှတ်ပေးဖို့ တောင်းဆိုထားပါတယ်။

 

Ref: Dozens of Chinese Warplanes Detected Around Taiwan

 

#PeopleMedia


Share this post