• Follow Us on
Latest News

Home ထိုင်ဝမ်နိုင်ငံရဲ့ F-16 ဂျက်တိုက်လေယာဉ်တွေအတွက် အပိုပစ္စည်းတွေရောင်းချဖို့ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာန ခွင့်ပြု

ထိုင်ဝမ်နိုင်ငံရဲ့ F-16 ဂျက်တိုက်လေယာဉ်တွေအတွက် အပိုပစ္စည်းတွေရောင်းချဖို့ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာန ခွင့်ပြု

Share this post

နိုင်ငံတကာ၊ ဇွန် ၆

 

ထိုင်ဝမ်နိုင်ငံက F-16 ဂျက်တိုက်လေယာဉ်တွေအတွက် ဒေါ်လာသန်း ၈၀ ဝန်းကျင်တန်ကြေးှရှိ အပိုပစ္စည်းနဲ့ ပြုပြင်ရေးပစ္စည်းတွေ ရောင်းချပေးဖို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ခွင့်ပြုလိုက်ကြောင်း ပင်တဂွန်စစ် ဌာနချုပ် ကာကွယ်ရေးလုံခြုံရေးပူးပေါင်းဆောင်ရွက်မှုအေဂျင်စီ (DSCA) က ဗုဒ္ဓဟူးနေ့ (ဇွန်လ ၅ ရက်နေ့) က ပြောကြားလိုက်ပါတယ်။

 

“ဒီရောင်းဝယ်မှုဟာ သက်ဆိုင်ရာနိုင်ငံရဲ့လုံခြုံရေးအတွက် မြှင့်တင်ရာမှာ အထောက်အကူပြုသွားမှာဖြစ်သလို ဒေသတွင်း နိုင်ငံရေးတည်ငြိမ်မှု၊ စစ်ရေးအင်အားချိန်ခွင်လျှာထိန်းညှိမှုနဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတို့အတွက် ထိန်းသိမ်းဆောင်ရွက်ရမှာလည်း အထောက်အကူပြုသွားမှာဖြစ်ကြောင်း” DSCA ရဲ့ ထုတ်ပြန်ကြေညာချက်ထဲ မှာ ဖော်ပြထားပါတယ်။

 

ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက အမေရိကန်ပြည်ထောင်စုကို ကျေးဇူးတင်စကားပြောကြားလိုက်ပြီး အခု ရောင်းချမှုဟာ ထိုင်ဝမ်လေတပ်ရဲ့ တိုက်ခိုက်ရေးနဲ့ ကာကွယ်ရေးစွမ်းရည်တွေကို မြှင့်တင်ပေးသွားမှာဖြစ်တယ် လို့ ပြောပါတယ်။

 

အရောင်းအဝယ်စာချုပ်ကို ဇူလိုင်လအတွင်း အပြီးသတ်ဆောင်ရွက်သွားမှာဖြစ်ကြောင်း ထိုင်ဝမ်ကာကွယ်ရေး ဝန်ကြီးဌာနက ပြောပါတယ်။

 

“တရားမဝင် အနိုင်ကျင့်မှုတွေ (gray-zone harassment) ပုံမှန်ပြုလုပ်နေတဲ့အတွက် တရုတ်ကွန်မြူနစ်ပါတီ ဟာ ကျွန်တော်တို့နိုင်ငံရဲ့ ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်ပိုင်ခွင့်ကို ကန့်သတ်နေသလို ကျွန်တော်တို့ရဲ့ ရေတပ် နဲ့ လေတပ် လေ့ကျင့်ရေးနယ်မြေတွေကို အကျပ်အတည်းဖြစ်အောင် ဖိနှိပ်ဖို့ ကြိုးစားခဲ့ပါတယ်။” လို့ ထုတ်ပြန် ချက်ထဲမှာ ဖော်ပြထားပါတယ်။

 

ထိုင်ဝမ်ကျွန်းဟာ တရုတ်ပိုင်နယ်မြေလို့ တရုတ်နိုင်ငံက အခိုင်အမာပြောဆိုထားတဲ့အတွက် ထိုင်ဝမ်ကို လက် နက်ရောင်းချခြင်းရပ်တန့်ဖို့ ထိုင်ဝမ်ရဲ့ အကြီးမားဆုံးလက်နက်ထောက်ပံ့တဲ့နိုင်ငံဖြစ်တဲ့ အမေရိကန်ပြည်ထောင် စုကို တရုတ်နိုင်ငံက အကြိမ်ကြိမ်တောင်းဆိုခဲ့ပါတယ်။

 

အခု ရောင်းဝယ်ရေးခွင့်ပြုချက်နဲ့ပတ်သက်ပြီး တရုတ်ကာကွယ်ရေးဝန်ကြီးဌာနကို မှတ်ချက်ပြုပြောကြားဖို့ မေး မြန်းရာမှာ ပြန်လည်ဖြေကြားခြင်းမရှိပါဘူး။

 

အမေရိကန်ရဲ့ အင်ဒို-ပစိဖိတ်မဟာဗျူဟာမြောက်နယ်မြေမှာ ထိရောက်တဲ့အဟန့်အတားရဲ့ အစိတ်အပိုင်းတစ် ခုအဖြစ် ထိုင်ဝမ်နိုင်ငံဟာ မိမိတို့နိုင်ငံရဲ့ကိုယ်ပိုင်ကာကွယ်ရေးစွမ်းရည်တွေကို မြှင့်တင်ရမှာဖြစ်ကြောင်း ထိုင်ဝမ် ကာကွယ်ရေးဝန်ကြီး ဝယ်လင်တန်ကူးလ်က ကြာသပတေးနေ့ (ဇွန်လ ၆ ရက်နေ့) က လွှတ်တော်ထဲမှာ သ တင်းထောက်တွေကို ပြောပါတယ်။

 

“ထိုင်ဝမ်-အမေရိကန် စစ်ရေးပူးပေါင်းဆောင်ရွက်မှုတွေအပြင် ထုတ်ဖော်ပြောဆိုခြင်းမရှိတဲ့ ကျွန်တော်တို့ ဆောင်ရွက်နိုင်တဲ့ တခြားအရာတွေ အများကြီးရှိပါတယ်။” လို့ ၎င်းက ပြောပါတယ်။

 

Ref: US approves sale of F-16 parts to Taiwan for $80m: Reuters

 

#PeopleMedia


Share this post