ထိုင်ဝမ်နဲ့ တောင်တရုတ်ပင်လယ် တည်ငြိမ်ရေး အမေရိကန်နဲ့ တရုတ်ကိုယ်စားလှယ်တွေ တွေ့ဆုံဆွေးနွေး
PUBLISHED - August 29, 2024
နိုင်ငံတကာ၊ သြဂုတ် ၂၉
တရုတ်ထိပ်တန်းစစ်ဘက်ခေါင်းဆောင်တစ်ဦးနဲ့အတူ တစ်ဦးချင်း တိုက်ရိုက် တွေ့ဆုံဆွေးနွေးနိုင်ရေး စီစဉ်နေ စဉ်အတွင်း ထိုင်ဝမ်ရေလက်ကြားနဲ့ တောင်တရုတ်ပင်လယ်ပြင် တည်ငြိမ်ရေးအရေးကြီးပုံကို အိမ်ဖြူတော် ထိပ် တန်းအရာရှိ ဂျိတ်ဆူလီဗန်က တင်ပြခဲ့ကြောင်း အမေရိကန်အစိုးရက ပြောကြားလိုက်ပါတယ်။
တရုတ်နိုင်ငံခြားရေးဝန်ကြီးဝန်ယီ၊ တခြားထိပ်တန်းအရာရှိတွေနဲ့ သုံးရက်ကြာဆွေးနွေးဖို့အတွက် ၂၀၁၆ ခုနှစ် ကစပြီး အမေရိကန်အမျိုးသားလုံခြုံရေးအကြံပေးအရာရှိရဲ့ ပထမဦးဆုံး တရုတ်နိုင်ငံခရီးစဉ်အဖြစ် ဂျိတ်ဆူလီ ဗန်ဟာ အင်္ဂါနေ့ (သြဂုတ်လ ၂၇ ရက်နေ့) က တရုတ်နိုင်ငံဘေဂျင်းမြို့ကို ရောက်ရှိခဲ့ပါတယ်။
တရုတ်နဲ့ အမေရိကန်ရဲ့မဟာမိတ်နိုင်ငံတွေဖြစ်တဲ့ ဂျပန်နဲ့ ဖိလစ်ပိုင်တို့နဲ့ လုံခြုံရေးဆိုင်ရာအငြင်းပွားမှုတွေ ဖြစ် ပွားနေတဲ့အချိန်မှာ အခု ခရီးစဉ်ထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။
ကြာသပတေးနေ့မနက်ပိုင်း (သြဂုတ်လ ၂၉ ရက်နေ့) မှာတော့ ဘေဂျင်းမြို့မှာရှိတဲ့ ဗဟိုစစ်ကော်မရှင်ရုံးချုပ်မှာ ဂျိတ်ဆူလီဗန်နဲ့ တရုတ်ကြည်းတပ်စစ်ဦးစီးချုပ် ဂျောင်းယုရှာနဲ့ တွေ့ဆုံခဲ့ပါတယ်။
“အခုလို နှစ်ဖက်ကိုယ်စားလှယ်တွေ့ဆုံခွင့်ရတယ်ဆိုတာ အင်မတန်ရှားပါးတဲ့ အခွင့်အရေးဖြစ်ပါတယ်။” လို့ ဆူလီဗန်က အဖွင့်မိန့်ခွန်းထဲမှာ ပြောပါတယ်။
“ကမ္ဘာကြီးရဲ့အခြေအနေနဲ့ အမေရိကန်-တရုတ် ဆက်ဆံရေးကို တာဝန်သိသိ ထိန်းသိမ်းဆောင်ရွက်ဖို့ ကျွန် တော်တို့အတွက် လိုအပ်ချက်ကို ထောက်ရှုလိုက်ရင် ဒီတွေ့ဆုံမှုဟာ အလွန်အရေးကြီးတဲ့တွေ့ဆုံမှုတစ်ရပ်ဖြစ် တယ်လို့ ကျွန်တော်ထင်ပါတယ်။” လို့ ၎င်းက ပြောပါတယ်။
အပြန်အလှန်အားဖြင့် တရုတ်နိုင်ငံကို လာရောက်လည်ပတ်တဲ့အတွက် ဆူလီဗန်ကို ဂျောင်းက ကျေးဇူးတင် စ ကားပြောကြားပြီး အခုအစည်းအဝေးဟာ အမေရိကန်အစိုးရက စစ်ရေးလုံခြုံမှုအတွက် ချမှတ်ထားတဲ့တန်ဖိုးကို သက်သေပြလိုက်တာဖြစ်ကြောင်း ပြောပါတယ်။
မကြာခင်အချိန်မှာ “နှစ်ဖက်စစ်နယ်ဝန်းခေါင်းဆောင်တွေအနေကြား အပြန်လှန်ခေါ်ဆိုနိုင်ဖို့ ဖုန်းလိုင်းတစ်ခု ဖွင့်လှစ်ထားရှိဖို့ ထိပ်တန်းအရာရှိနှစ်ဦး သဘောတူညီခဲ့ကြောင်း” အိမ်ဖြူတော်ရဲ့ ထုတ်ပြန်ကြေညာချက်မှာ ဖော်ပြထားပါတယ်။
ထိုင်ဝမ်ရေလက်ကြား တည်ငြိမ်ရေးနဲ့ တရုတ်နဲ့ ဖိလစ်ပိုင်အစိုးရတို့ မကြာသေးခင်က ထိပ်တိုက်တွေ့ဆုံခဲ့တဲ့ တောင်တရုတ်ပင်လယ်တွင်း “ရေကြောင်းသွားလာမှု လွတ်လပ်ခွင့်” အရေးကြီးပုံကို ဆူလီဗန်က တင်ပြခဲ့ပါ တယ်။
အမေရိကန်က ကာလရှည်ပြောကြားခဲ့ပြီး တရုတ်အစိုးရက ပယ်ချခဲ့တဲ့ “ရုရှားနိုင်ငံအပေါ် စစ်လက်နက်ပစ္စည်း ထောက်ပံ့မှု” ကို စိုးရိမ်မိကြောင်းလည်း ၎င်းက ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် “ဆိုက်ဘာနယ်ပယ်မှာ မှားယွင်းတွက်ချက်မှုတွေနဲ့ တင်းမာမှုတွေကိုလည်း” ရှောင်ရှားဖို့လိုအပ်ပြီး ဂါဇာဒေသ အပစ်အခတ်ရပ်စဲရေးနဲ့ ဓားစာခံတွေ ပြန်လည်လွတ်မြောက်ရေး အရေးကြီးပုံကိုလည်း ဆူလီဗန်က ပြောကြားခဲ့ပါတယ်။
ဗုဒ္ဓဟူးနေ့မှာတော့ မကြာခင်အချိန်မှာ နှစ်နိုင်ငံခေါင်းဆောင်တွေ ဆွေးနွေးနိုင်ဖို့အတွက် အစီအစဉ်တွေကို ဆူလီဗန်နဲ့ ဝန်ယီတို့ ဆွေးနွေးခဲ့ကြသလို အငြင်းပွားရေပိုင်နက်မှာ “ငါတကောကောတဲ့ဆောင်ရွက်မှုတွေ” တိုးမြှင့်လာတာနဲ့ပတ်သက်ပြီးတော့လည်း ဆွေးနွေးငြင်းခုန်ခဲ့ကြပါတယ်။
အင်ဒို-ပစိဖိတ်ဒေသက မဟာမိတ်တွေကို ကာကွယ်စောင့်ရှောက်ဖို့ အမေရိကန်ပြည်ထောင်စုက သံန္နိဋ္ဌာန်ချ ထားတယ်ဆိုတာကို ဆူလီဗန်က ထပ်လောင်းအတည်ပြုပြောကြားခဲ့ကြောင်း အိမ်ဖြူတော်က ပြောပါတယ်။
တောင်တရုတ်ပင်လယ်ထဲက အငြင်းပွားရေပိုင်နက်ထဲျာ ဖိလစ်ပိုင်နိုင်ငံက ဥပဒေနဲ့အညီ စစ်ဆင်ရေးဆောင် ရွက်နေတာတွေကို ဆန့်ကျင်ပြီး တရုတ်နိုင်ငံက မတည်ငြိမ်အောင်လုပ်နေတာတွေကိုလည်း စိုးရိမ်ပူပန်မိ ကြောင်း ၎င်းက ပြောပါတယ်။
တရုတ်နိုင်ငံခြားရေးဝန်ကြီးဝန်ယီက အမေရိကန်အစိုးရအတွက် သတိပေးချက်ထုတ်ပြန်ခဲ့တာကိုလည်း တရုတ် အစိုးရ မီဒီယာက ဖော်ပြခဲ့ပါတယ်။
“တရုတ်နိုင်ငံရဲ့ အချုပ်အခြာအာဏာနဲ့ ပိုင်နက်နယ်နိမိတ်တည်တံ့ခိုင်မြဲမှုကို မှေးမှိန်လျော့ပါးအောင် ပြုလုပ်ဖို့အ တွက် အကြောင်းပြချက်တစ်ရပ်အဖြစ် နှစ်နိုင်ငံစာချုပ်တွေကို အသုံးပြုလို့မရကြောင်းနဲ့ ဖိလစ်ပိုင်နိုင်ငံရဲ့ ဥပဒေ ချိုးဖောက်မှုတွေကို ထောက်ပံ့တာတွေ၊ လျစ်လျူရှုထားတာတွေ မလုပ်ဖို့ လိုအပ်ကြောင်း” ဝန်က ဆူလီဗန်ကို ပြောခဲ့တယ်လို့ တရုတ်အစိုးရပိုင် CCTV သတင်းဌာနက ထုတ်ပြန်ခဲ့ပါတယ်။
အမေရိကန်သမ္မတဂျိုးဘိုင်ဒန်နဲ့ တရုတ်သမ္မတရှီကျင့်ဖျင်တို့ ၂၀၂၃ ခုနှစ်က ကယ်လီဖိုးနီးယားပြည်နယ် ဝုဒ်ဆိုက်မြို့မှာ တွေ့ဆုံခဲ့ကြသလို ဝန်ယီနဲ့ ဂျိတ်ဆူလီဗန်တို့လည်း ဝါရှင်တန်၊ ဗီယင်နာ၊ မယ်လ်တာနဲ့ ဘန် ကောက်မြို့တို့မှာ ပြီးခဲ့တဲ့ တစ်နှစ်ခွဲအတွင်း ငါးကြိမ်တွေ့ဆုံခဲ့ပါတယ်။
အခု နောက်ဆုံးအကြိမ်တွေ့ဆုံမှုမှာ ထိုင်ဝမ်အရေး တင်းမာမှုတွေကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။
ထိုင်ဝမ်ဟာ တရုတ်နိုင်ငံပိုင်ဖြစ်ပြီး တစ်နေ့နေ့မှာ မဖြစ်မနေ ပြန်လည်ပေါင်းစည်းရမှာဖြစ်တဲ့အတွက် အမေရိ ကန်ပြည်ထောင်စုအနေနဲ့ ထိုင်ဝမ်ကို လက်နက်တပ်ဆင်နေတာတွေ ရပ်တန်းကရပ်ဖို့ ဝန်ယီက ပြောကြားခဲ့ ကြောင်း CCTV က ပြောပါတယ်။
ဆူလီဗန်ကလည်း “ထိုင်ဝမ်ရေလက်ကြား ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေး အရေးကြီးပုံ” ကို အလေးထားပြောကြား ခဲ့ကြောင်း အိမ်ဖြူတော်က ပြောပါတယ်။
အမေရိကန်နဲ့ တရုတ် ကိုယ်စားလှယ်တွေဟာ ယူကရိန်း၊ အရှေ့အလယ်ပိုင်းနဲ့ ကိုရီးယားကျွန်းဆွယ်အခြေအ နေတွေအပါအဝင် ကမ္ဘာ့အရေးပြဿနာတွေကိုလည်း ဆွေးနွေးခဲ့ကြကြောင်း နှစ်ဖက်စလုံးက ထုတ်ပြန်ကြေ ညာခဲ့ပါတယ်။
Ref: US Raises Taiwan, South China Sea Concerns With Beijing Military
#PeopleMedia