ထိုင်ဝမ်ပေါင်းစည်းရေးအတွက် တရုတ်နိုင်ငံက စစ်ရေးအရ ကျူးကျော်တဲ့နည်းလမ်းမသုံးဘဲ စီးပွားရေးနဲ့ ဆိုက်ဘာစစ်ပွဲတစ်ရပ် ဖန်တီးလာနိုင်
PUBLISHED - October 8, 2024
နိုင်ငံတကာ၊ အောက်တိုဘာ ၈
ထိုင်ဝမ်ကျွန်းနိုင်ငံက တရုတ်လက်အောက်ကို ဝင်ရောက်လာဖို့အတွက် တရုတ်နိုင်ငံဟာ စစ်ရေးအရ တိုက်ရိုက် ဝင်ရောက်တိုက်ခိုက်တဲ့နည်းကိုမသုံးဘဲ စီးပွားရေးနဲ့ ဆိုက်ဘာစစ်ပွဲတစ်ခု ဖန်တီးတဲ့နည်းလမ်းကို စတင်အသုံး ပြုလာနိုင်ဖွယ်ရှိကြောင်း ပညာရှင်အဖွဲ့တစ်ဖွဲ့က ပြောကြားလိုက်ပါတယ်။
ကမ္ဘာလုံးဆိုင်ရာတင်းမာမှုကို ရှောင်ရှားရင်း နှစ်နိုင်ငံပြန်လည်ပေါင်းစည်းရေးဆောင်ရွက်ရာမှာ စီးပွားရေးနဲ့ ဆိုက်ဘာအကျပ်ကိုင်မှုတွေဟာ တရုတ်နိုင်ငံအတွက် သဘာဝအကျဆုံး နည်းလမ်းတွေဖြစ်နိုင်ကြောင်း ဝါရှင် တန်ဒီစီအခြေစိုက် ဒီမိုကရေစီနိုင်ငံများကာကွယ်ရေးဖောင်ဒေးရှင်းအဖွဲ့ Foundation for Defense of Democracies (FDD) ရဲ့ အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။
“ကမ္ဘာလုံးဆိုင်ရာတင်းမာမှုကို ရှောင်ရှားရင်း နိုင်ငံရေးအရ အရှုံးပေးလာအောင် ဖိအားပေးပြီး ထိုင်ဝမ်ကို အား နည်းလာအောင် ဆောင်ရွက်သွားဖို့ ရည်ရွယ်ထားတာဖြစ်ပါတယ်။ အရင်ကတည်းက အသုံးပြုဖို့ စီစဉ်ထားပြီး သားနည်းလမ်းအမျိုးအစားဖြစ်ပုံရပါတယ်။” လို့ FDD တရုတ်နိုင်ငံဆိုင်ရာအကြီးတန်းညွှန်ကြားရေးမှူး ခရေ့စင် ဂယ်လ်တန်က Foreign Policy မဂ္ဂဇင်းကို ပြောပါတယ်။
လုပ်ကြံသတင်းတွေထုတ်လွှင့်ခြင်း၊ ဆိုက်တာတိုက်ခိုက်မှုတွေ ဆောင်ရွက်ခြင်းနဲ့ ဘဏ် အပ်ငွေတွေ ပိတ်သိမ်း ထား ရှိခြင်းအပါအဝင် တရုတ်နိုင်ငံဘက်က ဆောင်ရွက်လာနိုင်ဖွယ်ရှိတဲ့ စစ်ရေးမဟုတ်တဲ့ နှစ်ရက်ကြာသဏ္ဍန် တူလေ့ကျင့်ခန်းတစ်ခုကို အခုနှစ်အစောပိုင်းမှာ FDD အဖွဲ့က ဆောင်ရွက်ခဲ့ပါတယ်။
အဲဒီသဏ္ဍန်တူလေ့ကျင့်ခန်းဆောင်ရွက်ချက်ရဲ့ ထွက်ပေါ်လာတဲ့ရလဒ်အရ ဒီနည်းဗျူဟာတွေကြောင့် ထိုင်ဝမ် အစိုးရကို လူထုယုံကြည်မှု လျော့နည်းကျဆင်းလာနိုင်သလို လူမှုရေးမတည်ငြိမ်မှုတွေကိုပါ ဖြစ်ပေါ်လာနိုင်စေ တယ်လို့ FDD အဖွဲ့က ပြောပါတယ်။
“ကျူးကျော်ဝင်ရောက်တိုက်ခိုက်မယ့် ရှေ့ပြေးနိမိတ်အဖြစ် လူမှုရေးမတည်ငြိမ်မှုတွေဖြစ်ပေါ်လာအောင် လှုံ့ ဆော်ရာမှာ တရုတ်နိုင်ငံဟာ ထိုင်ဝမ်ရဲ့ ဘဏ္ဍာရေးစနစ်တွေကို မတည်ငြိမ်အောင် ဆောင်ရွက်နိုင်ပါတယ်။” လို့ FDD အဖွဲ့က ပြောပါတယ်။
တရုတ်နိုင်ငံဟာ ၂၀၂၇ ခုနှစ်မတိုင်ခင် ထိုင်ဝမ်ကို ကျူးကျော်တိုက်ခိုက်လာနိုင်ဖွယ်ရှိတယ်လို့ အခုနှစ် မတ်လ အတွင်း အမေရိကန်စစ်ခေါင်းဆောင်တစ်ဦးက ပြောကြားခဲ့ပါတယ်။
အဲဒီလိုပြောကြားလိုက်ပြီးနောက် ထိုင်ဝမ်ကျွန်းတစ်ဝိုက်ဆောင်ရွက်နေတဲ့ စစ်ရေးလေ့ကျင့်မှုတွေဟာ ထိုင်ဝမ် ကို ဝင်ရောက်သိမ်းပိုက်ဖို့အတွက် တရုတ်တပ်မတော်ရဲ့အရည်အသွေးတွေကို စမ်းသပ်နေတာဖြစ်တယ်လို့ တ ရုတ်နိုင်ငံက ကြေညာလိုက်ပါတယ်။
တရုတ်သမ္မတရှီကျင့်ဖျင်က ထိုင်ဝမ်နဲ့ ပြန်လည်ပေါင်းစည်းရေးအတွက် လိုအပ်လာရင် စစ်အင်အားအသုံးပြု သွားမှာဖြစ်ကြောင်း အကြိမ်ကြိမ်ပြောကြားခဲ့ပေမဲ့ “ငြိမ်းချမ်းစွာ ပြန်လည်ပေါင်းစည်းလိုတဲ့ဆန္ဒ” ရှိကြောင်း လည်း ပြောကြားခဲ့ပါတယ်။
စစ်ရေးအရ ကျူးကျော်ဝင်ရောက်နိုင်ဖွယ်အခြေအနေမျိုး မတွေ့ရတာကြောင့် ထိုင်ဝမ်နိုင်ငံအနေနဲ့ စီးပွားရေး လုပ်ငန်းတွေကို တရုတ်နိုင်ငံပြင်ပမှာ ဆောင်ရွက်ခြင်း၊ စွမ်းအင်တင်သွင်းမှုတွေကို နိုင်ငံ/နေရာအမျိုးမျိုးက ရယူ နိုင်အောင် ပြောင်းလဲဆောင်ရွက်ခြင်းနဲ့ ဘဏ္ဍာရေးအကျပ်အတည်းဒဏ် ကြံ့ကြံံ့ခံနိုင်အောင် ခံနိုင်ရည်မြှင့်တင် ပြင်ဆင်ထားခြင်း အပါအဝင် ကြိုတင်ကာကွယ်ရေးအစီအစဉ်တွေ ပြုလုပ်ထားသင့်ကြောင်း FDD အဖွဲ့က ပြော ပါတယ်။
အမေရိကန်အစိုးရအနေနဲ့လည်း ဖြစ်ပေါ်လာတဲ့အခြေအနေပေါ်မူတည်ပြီး အကောင်းဆုံး ဘယ်လိုတုံ့ပြန်မလဲ ဆိုတဲ့ မဟာဗျူဟာစီမံချက်တစ်ရပ် ရေးဆွဲထားသင့်ကြောင်းလည်း FDD အဖွဲ့က အကြံပြုတိုက်တွန်းထားပါ တယ်။
အမေရိကန်တုံ့ပြန်မှုဖြစ်ပေါ်လာအောင် မလုပ်ဘဲ ထိုင်ဝမ်ကို အားနည်းလာအောင် ဆက်လက်ဆောင်ရွက်နိုင်တဲ့ ပြောင်းလွယ်ပြင်လွယ်စွမ်းရည် တရုတ်နိုင်ငံမှာရှိနေတဲ့အတွက် အမေရိကန်အစိုးရဟာ အဲဒီမဟာဗျူဟာတွေကို တုံ့ပြန်ဖို့အတွက် စီမံချက်တစ်ခု ချမှတ်ရေးဆွဲရခြင်း မရှိသေးဘူးလို့ ဆိုပါတယ်။
Ref: China Could Wage Economic, Cyber War to Force Taiwan’s Surrender: Report
#PeopleMedia