ထိုင်ဝမ်ရဲ့ တာဝေးပစ်ခရုစ်ဒုံးကျည်သစ်ကို အလွယ်တကူပစ်ချနိုင်ကြောင်း တရုတ်ပြော
PUBLISHED - February 7, 2024
နိုင်ငံတကာ၊ ဖေဖော်ဝါရီ ၇
ထိုင်ဝမ်ကျွန်းရဲ့ တာဝေးပစ်ခရုစ်ဒုံးကျည်တွေဟာ တရုတ်ပြည်မကြီးကို ခြိမ်းခြောက်နိုင်စွမ်းမရှိသလောက် စွမ်း ရည်နည်းပါးကြောင်း တရုတ်မီဒီယာတွေက ဝေဖန်ရေးသားလိုက်ပါတယ်။
ထိုင်ဝမ်တပ်မတော်က အကွာအဝေး ကီလိုမီတာ ၁၂၀၀ (၇၄၅ မိုင်) အထိ ပစ်ခတ်နိုင်တယ်ဆိုတဲ့ Hsiung Feng IIE (ရှောင်ဖန်း) ခရုစ်ဒုံးကျည်ကို ၂၀၂၃ ခုနှစ် သြဂုတ်လအတွင်းက စမ်းသပ်ပစ်ခတ်ခဲ့ပါတယ်။
အဲဒီဒုံးကျည်ပစ်ခတ်နိုင်တဲ့အကွာအဝေးဟာ တရုတ်ပြည်မကြီးအတွင်းပိုင်းထဲအထိ ထိုးဖောက်ဝင်ရောက်နိုင် တယ်လို့ ထိုင်ဝမ်မီဒီယာတွေက ရေးသားပါတယ်။
ဒါပေမဲ့ Hsiung Feng IIE ဒုံးကျည်ရဲ့ အရွယ်အစားကြီးမားမှုနဲ့ တစ်နာရီကို ၆၁၄ မိုင်အောက် (တစ်စက္ကန့် ကို ၁.၃၆ ဖာလုံဝန်းကျင်အောက်) သာ ပံျသန်းနိုင်တဲ့ subsonic speed အမြန်နှုန်းကြောင့် ဒုံးကျည်စွမ်းရည်ကို တရုတ်မဂ္ဂဇင်း Ordnance Industry Science Technology က ဝေဖန်ခဲ့ပါတယ်။
အဲဒီဒုံးကျည်မှာ ကိုယ်ပျောက်နည်းပညာမပါရှိတဲ့အတွက် ခေတ်မီလေကြောင်းရန်ကာကွယ်ရေးလက်နက်တွေ က အလွယ်တကူခြေရာခံပစ်ချနိုင်ကြောင်း လစဉ်ထုတ်တရုတ်မဂ္ဂဇင်းမှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် ပြင်ပအာရုံခံကိရိယာကနေ သတင်းအချက်အလက်ယူပြီး ပဲ့ထိန်းလမ်းညွှန်စနစ်ကိုအထောက် အကူ ပြုရာမှာ ထိုင်ဝမ်တပ်မတော်ရဲ့ စစ်ရေးစွမ်းရည်ဟာကန့်သတ်ချက်တွေပြည့်နေတဲ့အတွက် တရုတ်ပြည်သူ့လွတ် မြောက်ရေးတပ်မတော် (PLA) အနေနဲ့ အဲဒီဒုံးကျည်ကို ကြားဖြတ်ပစ်ချဖို့ ခက်ခဲမှုမရှိဘူးလို့ ဖော်ပြထားပါတယ်။
ထိုင်ဝမ်တပ်မတော်ကို လူထုယုံကြည်မှုနည်းပါးလာအောင် တရုတ်အစိုးရက ခြိမ်းခြောက်မှုတွေကို အဆက် မပြတ်ဆောင်ရွက်နေကြောင်း တရုတ်နိုင်ငံကို စွပ်စွဲခဲ့ပါတယ်။
တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) အနေနဲ့ ထိုင်ဝမ်ကျွန်းကိုကူညီနေတဲ့ အမေရိကန်ရေတပ်ရဲ့ လေယာဉ်တင်သင်္ဘောအုပ်စုတစ်ခုလုံးကို ဟိုက်ပါဆောနစ်ဒုံးကျည် ၂၄ စင်းကိုအသုံးပြုပြီး တိုက်ခိုက်ချေမှုန်းပစ် နိုင်ကြောင်း ပြီးခဲ့တဲ့နှစ် မေလအတွင်းက တရုတ်သုတေသီတွေက ပြောပါတယ်။
ထိုင်ဝမ်အစိုးရကတော့ တရုတ်နိုင်ငံဟာ ထိုင်ဝမ်ကို ခြိမ်းခြောက်ဖို့အတွက် စိတ်ဓာတ်စစ်ဆင်ရေးအသုံးပြုနေ တာသာဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။
ထိုင်ဝမ်ရဲ့ Hsiung Feng IIE ခရုစ်ဒုံးကျည်နဲ့ပတ်သက်ပြီး တရုတ်မီဒီယာတွေရဲ့ အထင်သေးဝေဖန်ချက်တွေ ဟာ အာရှတိုက်ရဲ့ စစ်ရေးမဟာအင်အားကြီးနိုင်ငံကြီးက ထိုင်ဝမ်ကျွန်းနိုင်ငံလေးရဲ့ လက်နက်တိုးတက်မှုစွမ်း ရည်ကို အနီးကပ်စောင့်ကြည့်လေ့လာနေတယ်ဆိုတာကို ညွှန်ပြလိုက်တာဖြစ်ပါတယ်။
ထိုင်ဝမ်ကျွန်းနိုင်ငံလေး အန္တရာယ်ရှိတဲ့နိုင်ငံတစ်နိုင်ငံဖြစ်လာအောင် ၂၀၂၃ ခုနှစ် နိုဝင်ဘာလကစပြီး ထိုင်ဝမ်အ တွက် အမေရိကန်က လက်နက်ရောင်းချပေးမှုကိုလည်း တရုတ်နိုင်ငံက စောင့်ကြည့်လေ့လာနေပါတယ်။
Ref: Taiwan’s New Long-Range Cruise Missile ‘Slow, Easy to Shoot Down’: China
#PeopleMedia