ထိုင်ဝမ်လေတပ်က F-16 ဂျက်တိုက်တွေအတွက် တာဝေးပစ်ဒုံးကျည်တွေ ဝယ်ယူဖို့ စဉ်းစားနေ
PUBLISHED - October 25, 2023
နိုင်ငံတကာ၊ အောက်တိုဘာ ၂၅
ထိုင်ဝမ်ကာကွယ်ရေးကိုမြှင့်တင်ဖို့အတွက် အမေရိကန်ထံက တာဝေးပစ်ဒုံးကျည်တွေ ဝယ်ယူလိုဖို့ ရည်ရွယ် ထားကြောင်း ထိုင်းဝမ်အမျိုးသားကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ဖော်ပြောကြားလိုက်ပါတယ်။
အဲဒီဒုံးကျည်တွေကို ထိုင်ဝမ်လေတပ်မှာရှိတဲ့ F-16V ဂျက်တိုက်လေယာဉ်တွေမှာ တပ်ဆင်အသုံးပြုသွားမှာဖြစ် ကြောင်း အခုလအစောပိုင်းက ထိုင်ဝမ်လွှတ်တော်မှာတင်ပြခဲ့တဲ့ အစီရင်ခံစာတစ်ခုမှာ ဖော်ပြထားပါတယ်။
ထိုင်ဝမ်နိုင်ငံက လိုချင်နေတဲ့ တာဝေးပစ်ဒုံးကျည်တွေကတော့ AGM-88 High-Speed Anti-Radiation ဒုံးကျည်၊ AGM-84 Standoff ဝေဟင်-မြေပြင်ပစ်ဒုံးကျည်နဲ့ AGM-154 Joint Standoff ဒုံးကျည်တို့ပဲဖြစ်ပါ တယ်။
ဒါ့အပြင် အမည်မဖော်ပြထားတဲ့ ဒုံးကျည်နှစ်မျိုးလည်းပါဝင်ရာမှာ AGM-158 Joint Air-to-Surface Standoff Missiles (JASSM) မူကွဲနှစ်မျိုးဖြစ်နိုင်တယ်လု့ိ ခန့်မှန်းထားကြပါတယ်။
ထိုင်ဝမ်နိုင်ငံ အရှေ့တောင်ဘက်မှာ စစ်ဆင်ရေးတာဝန်တွေထမ်းဆောင်နေတဲ့ F-16 ဂျက်တိုက်လေယာဉ်တွေ ရဲ့ မြေပြင်နဲ့ ရေပြင် တိုက်ခိုက်ရေးစွမ်းရည်တွေကို မြှင့်တင်ဖို့အတွက် အဲဒီဒုံးကျည်တွေကို တပ်ဆင်သွားမှာဖြစ် တယ်လို့ ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။
အမေရိကန်လော့ဟိမာတင်ကုမ္ပဏီကထုတ်လုပ်တဲ့ AGM-158 JASSM ဒုံးကျည်ဟာ အမေရိကန်လေတပ်အ တွက် ဒီဇိုင်းရေးဆွဲထုတ်လုပ်ထားတဲ့ သမရိုးကျမြေပြင်တိုက်ခိုက်ရေးခရုစ်ဒုံးကျည်အမျိုးအစားဖြစ်ပါတယ်။
AGM-158 JASSM စံကိုက်ဒုံးကျည်ဟာ ကီလိုမီတာ ၃၇၀ (မိုင် ၂၃၀) အကွာအဝေးအထိ ပစ်ခတ်နိုင်ပြီး တာ ဝေးတိုးမြှင့်ထားတဲ့ AGM-158 JASSM ဒုံးကျည်ကတော့ ကီလိုမီတာ ၁၀၀၀ (၆၂၁ မိုင်) အထိ ပစ်ခတ်နိုင်တယ် လို့ ဆိုပါတယ်။
ဒီဒုံးကျည်ဟာ ၄၃၂ ကီလိုဂရမ် (၉၅၂ ပေါင်) အလေးချိန်ရှိတဲ့ ဘန်ကာဖျက်ထိပ်ဖူးနဲ့ ခွင်းကျည်ထိပ်ဖူးတွေကို သယ်ဆောင်နိုင်ပြီး အနီအောက်ရောင်ခြည် ရှာဖွေရေးကိရိယာတစ်ခု တပ်ဆင်ထားပါတယ်။
AGM-158 JASSM ဒုံးကျည်ကို F-15E ဂျက်တိုက်လေယာဉ်၊ F-16 ဂျက်တိုက်လေယာဉ်၊ B-1B ဗုံးကြဲလေ ယာဉ်၊ B-2 ဗုံးကြဲလေယာဉ်နဲ့ B-52H မဟာဗျူဟာမြောက်ဗုံးကြဲလေယာဉ်တွေမှာ တပ်ဆင်အသုံးပြုကြပါ တယ်။
Ref: Taiwan Eyeing US-Made Long-Range Precision Strike Missiles for F-16s
#PeopleMedia