• Follow Us on

Home ထိုင်ဝမ်လွတ်လပ်ရေးကြေညာရင် အင်အားသုံးတားဆီးဖို့ အသင့်ရှိကြောင်း တရုတ်ကာကွယ်ရေးဝန်ကြီးပြော

ထိုင်ဝမ်လွတ်လပ်ရေးကြေညာရင် အင်အားသုံးတားဆီးဖို့ အသင့်ရှိကြောင်း တရုတ်ကာကွယ်ရေးဝန်ကြီးပြော

Share this post

နိုင်ငံတကာ၊ ဇွန် ၃

 

တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်အနေနဲ့ ထိုင်ဝမ်ကျွန်းက လွတ်လပ်ရေးကြေညာမယ်ဆိုရင် အင် အားသုံးတားဆီးဖို့ အသင့်ရှိနေပေမဲ့ အမေရိကန်ပြည်ထောင်စုနဲ့ အပြန်အလှန် ဆွေးနွေးမှုတွေ မြှင့်တင်သွားဖို့ တရုတ်ကာကွယ်ရေးဝန်ကြီး ဒေါင်းဂျန်းက တနင်္ဂနွေနေ့ (ဇွန်လ ၂ ရက်နေ့) က ပြောကြားလိုက်ပါတယ်။

 

နှစ်နိုင်ငံကာကွယ်ရေးဝန်ကြီးတွေ ၁၈ လအတွင်း ပထမဦးဆုံးအကြိမ်အဖြစ် လူကိုယ်တိုင်တွေ့ဆုံတဲ့ပွဲဖြစ်တဲ့ ရှန် ဂရီလာ နှစ်ပတ်လည်လုံခြုံရေးဖိုရမ်မှာ ဒေါင်းဂျန်းက အခုလိုပြောကြားလိုက်တာဖြစ်ပါတယ်။

 

“အပြန်အလှန်ဆွေးနွေးဖို့နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ကျွန်တော်တို့ အမြဲတမ်းလမ်းဖွင့်ထားပါတယ်။ ဒါပေမဲ့ အဲဒီလို လမ်းဖွင့်ထားမှုရဲ့ လိုအပ်ချက်တွေကို ဖြည့်စွမ်းနိုင်ဖို့အတွက် နှစ်ဖက်စလုံးက လမ်းတစ်ဝက်မှာပဲရှိနေပါသေး တယ်။” လို့ ဒေါင်းဂျန်းက ပြောပါတယ်။

 

“ကျွန်တော်တို့ တပ်မတော်နှစ်ရပ်ကြားမှာ မတူကွဲပြားမှုတွေ ရှိနေတဲ့အတွက် အပြန်အလှန်တွေ့ဆုံဆွေးနွေးမှု တွေကို တိုးမြှင့်ဆောင်ရွက်ဖို့လိုတယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်။” လို့ ၎င်းက ပြောပါတယ်။

 

ဒေါင်းနဲ့ သြစတင်ဟာ ကမ္ဘာတစ်ဝန်းကအရာရှိတွေတက်ရောက်ခဲ့ကြတဲ့ ကာကွယ်ရေးဖိုရမ်ကျင်းပတဲ့ ဟိုတယ် မှာ တစ်နာရီကျော်ကြာ တွေ့ဆုံဆွေးနွေးခဲ့တာဖြစ်ပါတယ်။

 

အမေရိကန်စစ်ဘက်အရာရှိတွေနဲ့ တရုတ်စစ်ဘက်အရာရှိတွေကြား ဖုန်းလိုင်းဆက်သွယ်ပြောဆိုမှုကို လာမယ့် လတွေအတွင်း ပြန်လည်စတင်မှာုဖြစ်ကြောင်း အစည်းအဝေးအပြီးမှာ သြစတင်က ပြောပါတယ်။

 

တရုတ်နိုင်ငံက “အန္တရာယ်ရှိတဲ့ခွဲထွက်ရေးဝါဒီ” လို့ အမည်ပေးထားတဲ့ ထိုင်ဝမ်သမ္မတလိုင်ချင်တီး ကျမ်းသစ္စာ ကျိန်ဆိုပွဲအပြီး ထိုင်ဝမ်ကျွန်းတစ်ဝိုက်မှာ တရုတ်စစ်တပ်က စစ်ရေးလေ့ ကျင့်မှုကြီးတစ်ခုဆောင်ရွက်ပြီး တစ် ပတ်အကြာမှာ ရှန်ဂရီလာဖိုရမ်ကို ကျင်းပခဲ့တာဖြစ်ပါတယ်။

 

“တရုတ်အမိမြေပေါင်းစည်းမှုကိုကာကွယ်ရာမှာ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်ဟာ ခံနိုင်ရည် အပြည့်ရှိပြီး အင်အားတောင့်တင်းတဲ့ တပ်မတော်တစ်ရပ်အဖြစ် အမြဲအသင့်ရှိနေပါတယ်။ တရုတ်တပ်မတော် ဟာ ထိုင်ဝမ်ရဲ့လွတ်လပ်ရေးကြိုးပမ်းမှုကို တားဆီးထိန်းချုပ်ဖို့နဲ့ အဲဒီကြိုးပမ်းမှု ဘယ်တော့မှ မအောင်မြင် အောင် တားဆီးသွားဖို့ အင်အားအသုံးပြုပြီး အစွမ်းကုန်ကာကွယ်သွားမှာဖြစ်တယ်။” လို့ ဒေါင်းက တနင်္ဂနွေနေ့ က အစည်းအဝေးမှာ ပြောပါတယ်။

 

“ထိုင်ဝမ်ကို တရုတ်ပြည်မကြီးကနေ ခွဲထုတ်ဖို့ ကြိုးစားတဲ့ ဘယ်နိုင်ငံမဆို အစိတ်အစိတ်အမွှာမွှာ ချေမှုန်းခံရမှာ ဖြစ်ပြီး အဲဒီနိုင်ငံဟာ ကိုယ့်နိုင်ငံကိုယ်ဖျက်ဆီးတဲ့ဒဏ်ကို ခံစားရမှာဖြစ်တယ်။” လို့ ၎င်းက ပြောပါတယ်။

 

တရုတ်နိုင်ငံကအရာရှိတွေရဲ့ ပြောဆိုမှုဟာ ဆင်ခြင်တုံတရားမဲ့တဲ့ပြောဆိုမှုဖြစ်ပြီး ထိုင်ဝမ်အနေနဲ့ ထိုင်ဝမ်ရေ လက်ကြား ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးအတွက် အစွမ်းကုန်ဆောင်ရွက်သွားမှာဖြစ်ကြောင်း ထိုင်ဝမ်သမ္မတရုံး က ထုတ်ပြန်ခဲ့ပါတယ်။

 

တောင်တရုတ်ပင်လယ်တွင်း ဖိလစ်ပိုင်သင်္ဘောတွေနဲ့ တရုတ်သင်္ဘောတွေ ထိပ်တိုက်တွေ့ဆုံရာမှာလည်း တရုတ်နိုင်ငံရဲ့ စိတ်ရှည်သည်းခံမှုဟာ အတိုင်းအတာရှိတယ်လို့ ဒေါင်းက သတိပေးလိုက်ပါတယ်။

 

“ဥပဒေချိုးဖောက်မှုတွေ၊ ရန်စကျူးကျော်မှုတွေနဲ့ ရင်ဆိုင်ရာမှာ တရုတ်နိုင်ငံဟာ လုံလောက်တဲ့အနေအထားအ ထိ စိတ်ရှည်သည်းခံခဲ့ပြီးပါပြီ။ ဒါပေမဲ့ သည်းခံတယ်ဆိုတာ အတိုင်းအတာရှိတယ်။” ဒေါင်းက ပြောပါတယ်။

 

Ref: China Defense Chief Says Beijing Ready to ‘Forcefully’ Stop Taiwan Independence

 

#PeopleMedia


Share this post