• Follow Us on
Latest News

Home ထိုင်ဝမ်သမ္မတသစ်ကို ဝမ်းမြောက်ကြောင်း အမေရိကန်ပြောကြားတဲ့အတွက် တရုတ်ကျွဲမြီးတို

ထိုင်ဝမ်သမ္မတသစ်ကို ဝမ်းမြောက်ကြောင်း အမေရိကန်ပြောကြားတဲ့အတွက် တရုတ်ကျွဲမြီးတို

Share this post

နိုင်ငံတကာ၊ ဇန်နဝါရီ ၁၅

 

စနေနေ့ရွေးကောက်ပွဲရလဒ်ထွက်ပေါ်လာပြီးနောက် ထိုင်ဝမ်လွတ်လပ်ရေးအတွက် ကြိုးပမ်းနေတဲ့သူတွေကို အမေရိကန်အစိုးရက အလွန်မှားယွင်းတဲ့သတင်းအချက်အလက်ကို ပေးပို့လိုက်တာဖြစ်ကြောင်း တရုတ်နိုင်ငံ က စွပ်စွဲလိုက်ပါတယ်။

 

ရွေးကောက်ပွဲရလဒ်ပေါ်ထွက်လာပြီးနောက်မှာ ထိုင်ဝမ်သမ္မတရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့တဲ့ ဝီလျံလိုင်းကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်က ဝမ်းမြောက်ကြောင်း သတင်းစကားပါးခဲ့ပါတယ်။

 

အမေရိကန်အစိုးရအနေနဲ့ ထိုင်ဝမ်နိုင်ငံနဲ့ အလွတ်သဘောဆက်လက် ဆက်ဆံသွားမယ်ဆိုတဲ့ ပြောဆိုမှုဟာ အမေရိကန်အစိုးရရဲ့ကတိကဝတ်ကို ချိုးဖောက်တာပဲဖြစ်ကြောင်း တရုတ်နိုင်ငံက ပြောပါတယ်။

 

မစ္စတာဝီလျံလိုင်းက တရုတ်နိုင်ငံရဲ့မြင့်တက်လာတဲ့ရန်လိုမှုကနေ ထိုင်ဝမ်နိုင်ငံကို ကာကွယ်သွားမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

 

ဒါပေမဲ့ တရုတ်နိုင်ငံကတော့ ထိုင်ဝမ်နိုင်ငံကို ၎င်းတို့နိုင်ငံရဲ့အစိတ်အပိုင်းတစ်ရပ်အဖြစ်သာ သတ်မှတ်ထားပြီး တက်လာတဲ့ထိုင်ဝမ်အစိုးရတိုင်းကိ စိန်ခေါ်နေလျက်ရှိပါတယ်။

 

ရွေးကောက်ပွဲပြီးတဲ့အချိန်မှာ ရွေးကောက်ခံထိုင်ဝမ်သမ္မတသစ်အတွက် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဘ လင်ကန်အပါအဝင် ကမ္ဘာတစ်ဝန်းက ခေါင်းဆောင်တွေက ဝမ်းမြောက်ကြောင်း ပြောကြားခဲ့ပါတယ်။

 

“ကျွန်တော်တို့ရဲ့ ဘုံအကျိုးစီးပွားနဲ့ တန်ဖိုးတွေကို မြှင့်တင်နိုင်ဖို့အတွက် ဒေါက်တာလိုင်း၊ ပါတီအဖွဲ့အစည်း ပေါင်းစုံက ထိုင်ဝမ်ခေါင်းဆောင်တွေမနဲ့အတူ ပူးပေါင်းဆောင်ရွက်သွားဖို့ မျှော်လင့်စောင့်စားနေပါတယ်။” လို့ နိုင်ငံခြားရေးဝန်ကြီးဘလင်ကန်က ထုတ်ပြန်ချက်ထဲမှာ ပြောပါတယ်။

 

ထိုင်ဝမ်နိုင်ငံရဲ့ အကြီးမားဆုံးမဟာမိတ်နိုင်ငံဖြစ်တဲ့ အမေရိကန်နိုင်ငံအနေနဲ့ ထိုင်ဝမ်ရေလက်ကြား ငြိမ်းချမ်း ရေးနဲ့ တည်ငြိမ်ရေးကို ဆက်လက်ထိန်းသိမ်းသွားဖို့ ဆုံးဖြတ်ထားကြောင်းလည်း မစ္စတာဘလင်ကန်က အလေး ထား ပြောပါတယ်။

 

အဲဒီလို “ကာလရှည်စော့င်ထိန်းလာခဲ့တဲ့ အလွတ်သေဘာဆက်ဆံရေး” ပူးပေါင်းဆောင်ရွက်မှုမျိုးဟာ “အမေ ရိကန်နိုင်ငံရဲ့ တရုတ်တစ်နိုင်ငံတည်းမူဝါဒ” နဲ့လည်း တသမတ်တည်း သဟဇာတဖြစ်ကြောင်း နိုင်ငံခြားရေးဝန် ကြီးဘလင်ကန်က ပြောပါတယ်။

 

ဒီမူဝါဒအရ အမေရိကန်နိုင်ငံဟာ ထိုင်ဝမ်နိုင်ငံထက် တရုတ်နိုင်ငံကို အသိအမှတ်ပြုပြီး တရားဝင်ပိုမိုဆက်ဆံ သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

 

တရုတ်နိုင်ငံကတော့ ထိုင်ဝမ်ကျွန်းဟာ ၎င်းတု့ိရဲ့အစိတ်အပိုင်းသာဖြစ်တဲ့အတွက် တစ်နေ့နေ့မှာ ပြန်လည် ပေါင်းစည်းရမယ်လို့ ရှုမြင်ထားပါတယ်။

 

Ref: Taiwan election: China says US ‘gravely wrong’ to congratulate new leader

 

#PeopleMedia


Share this post