• Follow Us on
Latest News

Home ထိုင်ဝမ်ဟာ ဘယ်တော့မှ နိုင်ငံတစ်နိုင်ငံဖြစ်လာမှာမဟုတ်ကြောင်း တရုတ်ပြော

ထိုင်ဝမ်ဟာ ဘယ်တော့မှ နိုင်ငံတစ်နိုင်ငံဖြစ်လာမှာမဟုတ်ကြောင်း တရုတ်ပြော

Share this post

နိုင်ငံတကာ၊ ဇန်နဝါရီ ၂၆

 

ထိုင်ဝမ်ဟာ ဘယ်တော့မှ နိုင်ငံတစ်ခုဖြစ်လာမှာမဟုတ်သလို ထိုင်ဝမ်လွတ်လပ်ရေးရအောင် ကြိုးပမ်းနေတဲ့ ခွဲ ထွက်ရေးဝါဒီတွေရဲ့ဆောင်ရွက်ချက်တွေနဲ့ တရုတ်ပြည်မကြီးကနေ ခွဲထုတ်ဖို့ ပြည်ပနိုင်ငံကတပ်ဖွဲ့ဝင်တွေရဲ့ ကြိုးပမ်းမှုတွေဟာလည်း ဘယ်တော့မှ အောင်မြင်မှာမဟုတ်ကြောင်း တရုတ်အမျိုးသားကာကွယ်ရေးဝန်ကြီးဌာ နပြောခွင့်ရပုဂ္ဂိုလ်တစ်ဦးက ကြာသပတေးနေ့ (ဇန်နဝါရီလ ၂၅ ရက်နေ့) က ပြောကြားလိုက်ပါတယ်။

 

ထိုင်ဝမ်ရွေးကောက်ပွဲဆိုတာ တရုတ်နိုင်ငံထဲက ဒေသတစ်ခုနဲ့ ပတ်သက်တဲ့ကိစ္စရပ်တွေသာဖြစ်ကြောင်း ကာ ကွယ်ရေးဝန်ကြီးဌာနပြောခွင့်ရပုဂ္ဂိုလ် ဝူကျန့်က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

 

“ထိုင်ဝမ်မှာ အခြေအနေတွေ ဘယ်လိုပဲပြောင်းပြောင်း အခြေခံကျတဲ့အမှန်တရားက တရုတ်တစ်နိုင်ငံတည်းရှိ တယ်ဆိုတာနဲ့ ထိုင်ဝမ်ဟာ တရုတ်နိုင်ငံရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တယ်ဆိုတာပါပဲ။” လို့ ၎င်းက ပြောပါတယ်။

 

တရုတ်နိုင်ငံရဲ့ အချုပ်အခြာအာဏာပိုင်စိုးမှုနဲ့ နိုင်ငံ့နယ်နမိတ်ဟာ ဘယ်တော့မှ ပျက်စီးသွားမသွားတာကို မှတ် သားထားရမှာဖြစ်သလို ထိုင်ဝမ်ဟာ တရုတ်ပိုင်နက်ရဲ့ အစိတ်အပိုင်းတစ်ရပ်ဖြစ်တယ်ဆိုတဲ့ အမှန်တရားနဲ့ တ ရုတ်ပိုင်နက်ရဲ့အစိတ်အပိုင်းအဖြစ် တရားဝင်တည်ရှိနေမှုဟာလည်း ဘယ်တော့မှ ပြောင်းလဲသွားမှာမဟုတ် ကြော်း ၎င်းက ပြောပါတယ်။

 

တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ဟာ တရုတ်နိုင်ငံရဲ့ အချုပ်အခြာအာဏာနဲ့ ပိုင်နက်နယ် မြေတည်တံ့မှုကို ကာကွယ်စောင့်ရှောက်နေတဲ့ မဟာသံမဏိတံတိုင်းကြီးတစ်ခု အမြဲဖြစ်နေမှာဖြစ်ကြောင်း ၎င်း က ပြောပါတယ်။

 

အချုပ်အခြာအာဏာနဲ့ ပိုင်နက်နယ်မြေတည်တံ့မှုကို ကာကွယ်စောင့်ရှောက်ရာမှာ တိုက်ပွဲဝင်အသင့်ဖြစ်မှုနဲ့ တပ်မတော်စွမ်းရည်ကို မြှင့်တင်ဖို့ ရည်ရွယ်ပြီး တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် အရှေ့ပိုင်းစစ်နယ် ဝန်းဌာနချုပ်ဟာ ထိုင်ဝမ်းကျွန်းတစ်ဝိုက်မှာ ဝေဟင်/ရေပြင် ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေ ဆောင်ရွက်ခဲ့ကြောင်း ပြောခွင့်ရပုဂ္ဂိုလ် ဝူကျန့်က ပြောပါတယ်။

 

တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ဟာ ဆက်စပ်စစ်ရေးလေ့ကျင့်မှုတွေကို ပုံမှန်ဆက်လက် ဆောင်ရွက်သွားမှာဖြစ်ကြောင်း ၎င်းက ပြောပါတယ်။

 

Ref: Taiwan will never be a country: defense spokesperson: Xinhua

 

#PeopleMedia


Share this post