• Follow Us on

Home ထိုင်ဝမ်အရေး အမေရိကန်ကြားဝင်ဆောင်ရွက်ဖို့ အမေရိကန်အများစုက ထောက်ခံတယ်လို့ဆို

ထိုင်ဝမ်အရေး အမေရိကန်ကြားဝင်ဆောင်ရွက်ဖို့ အမေရိကန်အများစုက ထောက်ခံတယ်လို့ဆို

Share this post

နိုင်ငံတကာ၊ အောက်တိုဘာ ၁၂

 

တရုတ်နိုင်ငံက ထိုင်ဝမ်ကို ကျူးကျော်တိုက်ခိုက်လာရင် အမေရိကန်တပ်ဖွဲ့ဝင်တွေက ထိုင်ဝမ်ကိုကာကွယ်ဖို့ အမေရိကန်အများစုက ထောက်ခံကြောင်း ဗုဒ္ဓဟူးနေ့ (အောက်တိုဘာလ ၁၁ ရက်နေ့) က ထုတ်ပြန်ခဲ့တဲ့စစ် တမ်းတစ်ခုမှာ ဖော်ပြထားပါတယ်။

 

ထိုင်ဝမ်နိုင်ငံကျူးကျော်ခံရရင် အမေရိကန်က ကြားဝင်ဆောင်ရွက်ဖို့ အမေရိကန် ၄၂ ရာခိုင်နှုန်းက အတိုင်းအ တာတစ်ခုအထိ ထောက်ခံကြပြီး ၁၈ ရာခိုင်နှုန်းကတော့ အင်တိုက်အားတိုက်ထောက်ခံကြောင်း Eurasia Group Foundation အဖွဲ့က ပြုလုပ်ခဲ့တဲ့ လေ့လာဆန်းစစ်မှုတစ်ခုအရ သိရပါတယ်။

 

တရုတ်နိုင်ငံက ၎င်းတို့ပိုင်နက်ဖြစ်ပြီး လိုအပ်လာရင် အင်အားသုံး သိမ်းပိုက်သွားမယ်လို့ ကြေညာထားတဲ့ ကိုယ် ပိုင်အုပ်ချုပ်ခွင့်ရ နည်းပညာဗဟိုချက်မနိုင်ငံတစ်ခုဖြစ်တဲ့ ထိုင်ဝမ်နိုင်ငံကို ကာကွယ်ဖို့အတွက် အမေရိကန်တပ်ဖွဲ့ ဝင်တွေ စေလွှတ်သွားဖို့အရေးကို ၎င်းအနေနဲ့ ထောက်ခံကြောင်း သမ္မတဂျိုးဘိုင်ဒန်က လူသိရှင်ကြားထုတ်ဖော် ပြောကြားခဲ့ပါတယ်။

 

အမေရိကန်ပြည်ထောင်စုက တရုတ်အစိုးရကိုအသိအမှတ်ပြုထားပြီး ထိုင်ဝမ်ကျွန်းကာကွယ်ရေးအတွက် လက် နက်ခဲယမ်းတွေထောက်ပံ့ရေးအာရုံစိုက်ဆောင်ရွက်နေတဲ့အတွက် ထိုင်ဝမ်အရေးကြားဝင်ဆောင်ရွက်မယ်ဆိုတဲ့ စကားဟာ အဓိပ္ပာယ်နှစ်ခွဖြစ်စေတဲ့စကားလို့ ဆိုပါတယ်။

 

ထိုင်ဝမ်အရေးကြားဝင်ဆောင်ရွက်ဖို့ ထောက်ခံတယ်ဆိုတာဟာ အမေရိကန်ပြည်ထောင်စုမှာ ကုန်သွယ်ရေး ကနေ လူ့အခွင့်အရေးချိုးဖောက် မှုတွေအတွက် ကျယ်ကျယ်ပြန့်ပြန့် အဝေဖန်ခံနေရတဲ့ တရုတ်နိုင်ငံရဲ့ အပျက် သဘောဆောင်တဲ့ပုံရိပ်နဲ့ တစ်စိတ်တစ်ပိုင်းအားဖြင့် ဆက်စပ်နေနိုင်တယ်လို့ Eurasia Group Foundation အဖွဲ့ရဲ့ ထိပ်တန်းအဖွဲ့ဝင် မာ့ခ်ဟန်နာက ပြောပါတယ်။

 

“တရုတ်နိုင်ငံကို ဆိုးရွားတဲ့နိုင်ငံအဖြစ်ရှုမြင်ထားကြတာပါ။ တကယ်လို့ တရုတ်တွေက အမေရိကန်ပြည်ထောင် စုနဲ့ ကာလရှည်မဟာမိတ်ဖြစ်နေတဲ့ ထိုင်ဝမ်ကို ကျူးကျော်တိုက်ခိုက်ခဲ့မယ်ဆိုရင် အကျပ်အတည်းကြားမှာကာ လတို လူထုထောက်ခံမှုကိုမြှင့်တင်နိုင်ပါတယ်။” လို့ ၎င်းက ပြောပါတယ်။

 

အခုလူထုသဘောထားစစ်တမ်းကို သြဂုတ်လ ၂၈ ရက်နေ့ကနေ စက်တင်ဘာလ ၆ ရက်နေ့အထိ အရွယ် ရောက်ပြီးသားလူပုဂ္ဂိုလ် ၁၀၀၀ ကို ပြုလုပ်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

 

ထိုင်ဝမ်အရေးနဲ့ပတ်သက်လာရင် လူထုထောက်ခံမှု ကျယ်ကျယ်ပြန့်ပြန့်ရှိပေမဲ့ ရီပတ်ဘလီကန်တွေက အမေ ရိကန်ကြားဝင်ဆောင်ရွက်ရေးကို တက်တက်ကြွကြွထောက်ခံမှုအရှိဆုံးလို့ ဆိုပါတယ်။

 

အမေရိကန်နိုင်ငံရဲ့ ပြိုင်ဘက်နိုင်ငံတွေဟာ လူ့အခွင့်အရေးချိုးဖောက်နေတဲ့နိုင်ငံတွေ၊ အာဏာရှင်နိုင်ငံတွေ၊ အ ကြမ်းဖက်အဖွဲ့အစည်းတွေ မွေးထုတ်ပေးနေတဲ့နိုင်ငံတွေ ဖြစ်နေလင့်ကစား အဲဒီနိုင်ငံတွေနဲ့ တိုက်ရိုက်စေ့စပ်ညှိ နှိုင်းတာမျိုးကိုထောက်ခံကြောင်း အမေရိကန် ၆၇ ရာခိုင်နှုန်းက ပြောတယ်လို့ ဆိုပါတယ်။

 

အခုလူထုသဘောထားစစ်တမ်းကို ဟားမတ်စ်အဖွဲ့က အစ္စရေးနိုင်ငံကို ဝင်ရောက်မတိုက်ခိုက်ခင်မှာပြုလုပ်ခဲ့တာ လို့ ဆိုပါတယ်။

 

Ref: Most Americans Would Back Military Intervention for Taiwan: Survey

 

#PeopleMedia


Share this post