• Follow Us on
Latest News

Home ထိုင်ဝမ်-တရုတ် ဆက်ဆံရေး ထိုင်ဝမ်ပြည်သူတွေက ဆုံးဖြတ်မှာဖြစ်ကြောင်း သမ္မတစိုင်းအင်ဝန်ပြော

ထိုင်ဝမ်-တရုတ် ဆက်ဆံရေး ထိုင်ဝမ်ပြည်သူတွေက ဆုံးဖြတ်မှာဖြစ်ကြောင်း သမ္မတစိုင်းအင်ဝန်ပြော

Share this post

နိုင်ငံတကာ၊ ဇန်နဝါရီ ၂

 

ထိုင်ဝမ်နဲ့ တရုတ်နိုင်ငံရဲ့ဆက်ဆံရေးကို ထိုင်ဝမ်ပြည်သူတွေက ဆုံးဖြတ်ရမှာဖြစ်သလို ငြိမ်းချမ်းရေးဟာလည်း “ဂုဏ်သိက္ခာ” ပေါ်မှာ အခြေခံရမှာဖြစ်ကြောင်း ထိုင်ဝမ်သမ္မတစိုင်းအင်ဝန်က တနင်္လာနေ့ (ဇန်နဝါရီလ ၁ ရက် နေ့) က ပြောကြားလိုက်ပါတယ်။

 

ထိုင်ဝမ်-တရုတ် ပြန်လည်ပေါင်းစည်းရေးဟာ ရှောင်လွှဲလို့မရကြောင်း တရုတ်သမ္မတရှီကျင့်ဖိန်က ပြောကြား လိုက်ပြီးနောက်မှာ ထိုင်ဝမ်သမ္မတက အခုလိုပြောကြားလိုက်တာဖြစ်ပါတယ်။

 

ဇန်နဝါရီလ ၁၃ ရက်နေ့မှာ သမ္မတရွေးကောက်ပွဲနဲ့ လွှတ်တော်ရွေးကောက်ပွဲတွေရှိတဲ့ ဒီမိုကရေစီနည်းလမ်းတ ကျအုပ်ချုပ်နေတဲ့ ထိုင်ဝမ်ကျွန်းနိုင်ငံလေးဟာ ၎င်းတို့ရဲ့ အချုပ်အခြာအာဏာအောက်မှာသာရှိကြောင်း ပြသတဲ့ အနေနဲ့ တရုတ်နိုင်ငံက ထိုင်ဝမ်ကို စစ်ရေးအရ တိုးမြှင့်ဖိအားပေးလျက်ရှိပါတယ်။

 

ပြီးခဲ့တဲ့နှစ်ကတော့ ထိုင်ဝမ်ရေလက်ကြားတစ်ဖက်မှာနေထိုင်တဲ့ ပြည်သူတွေဟာ မိသားစုတစ်စုတည်းက မိသားစုဝင်တွေဖြစ်ကြောင်း ရှီကျင့်ဖိန်က ပြောဆိုခဲ့ပေမဲ့ အခုနှစ် နှစ်သစ်အကြိုမိန့်ခွန်းထဲက ၎င်းရဲ့ ပြောကြားမှု ကတော့ လေသံပိုမာလာတယ်လို့ ဆိုပါတယ်။

 

တိုင်ပေမြို့ သမ္မတရုံးမှာ ကျင်းပခဲ့တဲ့ နှစ်သစ်ကူးနေ့ သတင်းစာရှင်းလင်းပွဲမှာ တရုတ်သမ္မတရှီကျင့်ဖိန်ရဲ့ မိန့်ခွန်းနဲ့ ပတ်သက်ပြီး မေးမြန်းတဲ့အခါ တရုတ်နိုင်ငံနဲ့ဆက်ဆံရေးအတွက် ဘယ်လမ်းကြောင်းကို ရွေးချယ် မလဲဆိုတဲ့ အရေးအကြီးဆုံးမူဝါဒက ဒီမိုကရေစီပဲဖြစ်ကြောင်း ထိုင်ဝမ်သမ္မတစိုင်းအင်ဝန်က ပြောပါတယ်။

 

“တရုတ်နဲ့ ပေါင်းမလားမပေါင်းဘူးလားဆိုတာ ထိုင်ဝမ်ပြည်သူတွေ ဆုံးဖြတ်ရမယ့်ကိစ္စဖြစ်ပါတယ်။ ကျွန်မတို့ နိုင်ငံဟာ ဒီမိုကရေစီနိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။” လို့ ၎င်းက ပြောပါတယ်။

 

တရုတ်နိုင်ငံဟာ ထိုင်ဝမ်ရွေးကောက်ပွဲရဒ်ကို လေးစားရမှာဖြစ်ပြီး ထိုင်ဝမ်ရေလက်ကြားမှာ ငြိမ်းချမ်ရေးနဲ့ တည် ငြိမ်မှုကို ထိန်းသိမ်းဖို့အတွက် နှစ်ဖက်စလုံးမှာ တာဝန်ရှိကြောင်း ၎င်းက ပြောပါတယ်။

 

ရွေးကောက်ပွဲကို စစ်ပွဲနဲ့ ငြိမ်းချမ်းရေးကြားထဲက ရွေးချယ်စရာတစ်ခုအဖြစ် တရုတ်နိုင်ငံက သဘောထားပြီး ထိုင်ဝမ်သမ္မတစိုင်းအင်ဝန်ဟာ ခွဲထွက်ရေးဝါဒီတစ်ဦးဖြစ်တယ်လို့ ယုံကြည်ထားတဲ့အတွက် စိုင်းအင်ဝန်ဘက်က ကမ်းလှမ်းခဲ့တဲ့ဆွေးနွေးမှုတွေကို တရုတ်နိုင်ငံက ငြင်းပယ်ခဲ့ပါတယ်။

 

သမ္မတစိုင်းအင်ဝန်ကလည်း ပြည်တွင်းထုတ် ရေငုပ်သင်္ဘောတည်ဆောက်ရေးစီမံချက်အပါအဝင် ထိုင်ဝမ်တပ် မတော်ကို ပိုမိုခေတ်မီလာအောင် အဆင့်မြှင့်တင်ရင်း ထိုင်ဝမ်ကာကွယ်ရေးကို ထိပ်တန်းဦစားပေးလုပ်ငန်းတစ် ရပ်အဖြစ်ဆောင်ရွက်ခဲ့ပါတယ်။

 

“လူတိုင်းရဲ့အိမ်တွေမှာ သူတို့အိမ်တွေကိုခတ်ဖို့ သော့တွေရှိပါတယ်။ အဲဒီသော့တွေက အနီးအနားမှာရှိတဲ့ တ ခြားအိမ်တံခါးဝတွေကို သွားရန်ရှာဖို့မဟုတ်ပါဘူး။ ကိုယ့်အိမ်ကိုယ် လုံခြုံစေဖို့အတွက်ပဲဖြစ်တယ်။ ဒါဟာနိုင်ငံ တစ်နိုင်ငံရဲ့ တံခါးပေါက်တွေနဲ့ တူပါတယ်။ ထိုင်ဝမ်ပြည်သူတွေဟာ ငြိမ်းချမ်းရေးလိုချင်ပါတယ်။ ဒါပေမဲ့ ကျွန်မ တို့လိုချင်တာ ဂုဏ်သိက္ခာရှိတဲ့ ငြိမ်းချမ်းရေးပဲဖြစ်ပါတယ်။” လို့ သမ္မတစိုင်းအင်ဝန်က ပြောပါတယ်။

 

တရုတ်နိုင်ငံဟာ သတင်းအတုတွေနဲ့ဖြစ်စေ၊ စစ်ရေး/ကုန်သွယ်မှုအရ ခြိမ်းခြောက်မှုတွေနဲ့ဖြစ်စေ အဲဒီနည်းလမ်း တွေကို အသုံးပြုပြီး ထိုင်ဝမ်ရွေးကောက်ပွဲကို ကြားဝင်နှောင့်ယှက်ဖို့ ကြိုးစားနေကြောင်း ထိုင်ဝမ်အစိုးရက အ ကြိမ်ကြိမ်သတိပေးထားသလို ထိုင်ဝမ်ပြည်သူတွေအနေနဲ့ အဲဒီကိစ္စကို သတိရှိလိမ့်မယ်လို့ မျှော်လင့်ကြောင်း သမ္မတစိုင်းက ပြောပါတယ်။

 

Ref: Taiwan President Says Ties with China Must Be Decided by Will of the People

 

#PeopleMedia


Share this post