• Follow Us on
Latest News

Home ထိုင်ဝမ် F-16 ဂျက်တိုက်လေယာဉ် ၁၃၉ စင်းကို အမေရိကန်က အဆင့်မြှင့်တင်ပေး

ထိုင်ဝမ် F-16 ဂျက်တိုက်လေယာဉ် ၁၃၉ စင်းကို အမေရိကန်က အဆင့်မြှင့်တင်ပေး

Share this post

နိုင်ငံတကာ၊ ဖေဖော်ဝါရီ ၈

 

အမေရိကန်လေတပ်က ထိုင်ဝမ်လေတပ်ရဲ့ F-16 ဂျက်တိုက်လေယာဉ် ၁၃၉ စင်းကို F-16 Block 70-72 ဂျက် တိုက်လေယာဉ်တွေမှာပါရှိတဲ့ စနစ်တွေ တပ်ဆင်ပြီး အဆင့်မြှင့်တင်ပေးလိုက်ကြောင်း The Defense Post မှာ ဖော်ပြထားပါတယ်။

 

Peace Phoenix Rising စီမံချက်အရ အဆင့်မြှင့်တင်ထားတဲ့ နောက်ဆုံးအသုတ် ဂျက်တိုက်လေယာဉ်တွေကို ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလအတွင်းက ပို့ဆောင်ပေးခဲ့ကြောင်း Air Force Life Cycle Management Center ကိုကိုး ကားပြီး Air and Space Forces မဂ္ဂဇင်းမှာ ဖော်ပြထားပါတယ်။

 

ထိုင်ဝမ်လေတပ်အတွက် အဆင့်မြှင့်တင်ထားတဲ့ F-16 ဂျက်တိုက်လေယာဉ် ပထမအသုတ်ကို ၂၀၁၈ ခုနှစ်မှာ ပို့ဆောင်ပေးလိုက်ပြီး ငါးနှစ်အကြာမှာ အခုနောက်ဆုံးအသုတ်ကို ပို့ဆောင်ပေးလိုက်တာဖြစ်ပါတယ်။

 

ထိုင်ဝမ်နိုင်ငံမှာ အဆင့်မြှင့်တင်ထားတဲ့ F-16 ဂျက်တိုက်လေယာဉ်တွေဟာ ၂၀၂၁ ခုနှစ် နိုဝင်ဘာလမှာ တပ် တော်ဝင်ခဲ့တာဖြစ်ပါတယ်။

 

F-16 Block 70-72 ဂျက် တိုက်လေယာဉ်တွေမှာပါရှိတဲ့စနစ်တွေတပ်ဆင်ပြီး အဆင့်မြှင့်တင်ဖို့အတွက် ပထမ အဆင့်မှာ ဒေါ်လာ ၄.၅ ဘီလျံကုန်ကျတယ်လို့ ဆိုပါတယ်။

 

တရုတ်နိုင်ငံကကျူးကျော်လာနိုင်တဲ့အခြေအနေတွေကို ကြိုတင်မျှော်မှန်းတွက်ဆပြီး ထိုင်ဝမ်နိုင်ငံရဲ့ ကာကွယ် ရေးအစီအစဉ်ကို မြှင့်တင်ဖို့ ထိုင်ဝမ်နိုင်ငံအတွက် F-16 ဂျက်တိုက်လေယာဉ်ရောင်းချရေးအစီအစဉ်ကို ၂၀၁၆ ခုနှစ်မှာ စတင်ခဲ့တာဖြစ်ပါတယ်။

 

ထိုင်ဝမ်နိုင်ငံအတွက် ဒေါ်လာ ၈ ဘီလျံတန်ကြေးရှိ အဆင့်မြင့် F-16 ဂျက်တိုက်လေယာဉ် ၆၆ စင်း ပို့ဆောင်ပြီး တဲ့နောက်မှာ အဆင့်မြှင့်တင်မှု အစီအစဉ်တွေကို ဆက်လက်ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။

 

စီမံကိန်းပြီးစီးရေးအတွက် အရှိန်မြှင့်တင်ဆောင်ရွက်ဖို့ အမေရိကန်လေတပ်အတွင်းဝန် ဖရန့်ကန်ဒယ်လ်ကို အမေရိကန်လွှတ်တော်အမတ် ၂၄ ဦးက တွန်းအားပေးခဲ့ပြီးနောက် အခုလို အဆင့်မြှင့်တင်ရေးအစီအစဉ်ကို အကောင်အထည်ဖော်ခဲ့တာဖြစ်ပါတယ်။

 

“ထိုင်ဝမ်နိုင်ငံဟာ အဆင့်မြှင်တင်ထားတဲ့ အဲဒီဂျက်တိုက်လေယာဉ်သစ်တွေကို အရေးတကြီးလိုအပ်နေပါတယ်။ ထိုင်ဝမ်နိုင်ငံ ပိုမိုအင်အားကောင်းပြီး ခံနိုင်ရည်ရှိတဲ့နိုင်ငံဖြစ်လာမှသာ ထိုင်ဝမ်ရေလက်ကြားတစ်ဝိုက် တည်ငြိမ်မှု ပိုမိုတိုးတက်လာမှာဖြစ်ပါတယ်။” လို့ လွှတ်တော်အမတ်တွေရဲ့ စာထဲမှာ ဖော်ပြထားပါတယ်။

 

F-35 ဂျက်တိုက်လေယာဉ်တွေရောင်းချပေးဖို့ အမေရိကန်ဘက်က ငြင်းဆိုလိုက်ပြီးနောက်မှာ လက်ရှိ F-16 ဂျက်တိုက်လေယာဉ်ကို အဆင့်မြှင့်တင်ပေးဖို့နဲ့ ဂျက်တိုက်လေယာဉ်သစ်တွေ ထပ်မံရောင်းချပေးဖို့ ထိုင်ဝမ်နိုင်ငံ က တောင်းဆိုခဲ့တာဖြစ်ပါတယ်။

 

ဒါ့အပြင် ၂၀၂၅ ခုနှစ်ဝန်းကျင်လောက်မှာ ပထမဦးဆုံးအကြိမ် စမ်းသပ်ပျံသန်းနိုင်ဖို့ ခန့်မှန်းထားတဲ့ ထိုင်ဝမ်နိုင်ငံ ရဲ့ ပြည်တွင်းဖြစ် ဂျက်တိုက်လေယာဉ်ထုတ်လုပ်ရေးကို အကူအညီပေးဖို့လည်း ထိုင်ဝမ်နိုင်ငံက အမေရိကန်ကို မေတ္တာရပ်ခံထားပါတယ်။

 

Ref: US Upgrades 139 Taiwanese F-16s to Latest Configuration

 

#PeopleMedia


Share this post