• Follow Us on
Latest News

Home ထိုင်းကမ္ဘာလှည့်ခရီးသွားလုပ်ငန်း ဆက်လက်တိုးတက်မယ်လို့ ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းတွ မျှော်လင့်

ထိုင်းကမ္ဘာလှည့်ခရီးသွားလုပ်ငန်း ဆက်လက်တိုးတက်မယ်လို့ ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းတွ မျှော်လင့်

Share this post

နိုင်ငံတကာ၊ ဇွန် ၁၅

 

၂၀၂၄ ခုနှစ် ဒုတိယနှစ်ဝက်ကာလအတွင်း ထိုင်းနိုင်ငံကို ကမ္ဘာလှည့်ခရီးသွားဝင်ရောက်မှုနှုန်း ဆက်လက်မြင့် တက်လာမယ်လို့ လေကြောင်းလိုင်းတွေနဲ့ ဟိုတယ်/ခရီးသွားလုပ်ငန်းတွေက မျှော်လင့်ထားကြပါတယ်။

 

၂၀၂၄ ခုနှစ် ပထမငါးလအတွင်း ကမ္ဘာလှည့်ခရီးသွား ၁၄.၇၄ သန်း ဝင်ရောက်လာခဲ့တဲ့ အရေအတွက်ကို အ ခြေခံတွက်ကြည့်ရင် ပြီးခဲ့တဲ့နှစ်ကာလတူနဲ့ နှိုင်းယှဉ်ပါက ၃၈% တိုးတက်လာခဲ့ကြောင်း၊ အစိုးရချမှတ်ထားတဲ့ တစ်နှစ်တာဝင်ငွေ ဘတ် ၃.၅ ထရီလီယန် ရရှိရေး ရည်မှန်းချက် ပြည့်မီအောင် ကမ္ဘာလှည့်ရီးသွားလုပ်ငန်းက ဆောင်ရွက်ရမှာဖြစ်ကြောင်း ထိုင်းလေကြောင်းလိုင်းအသင်းဥက္ကဋ္ဌ ပွတ်တီပေါင်ပရာဆတ်တောင်အိုဆောက်က ပြောပါတယ်။

 

“နိုင်ငံခြားသားတွေ ပိုမိုဝင်ရောက်လာအောင် ဗီဇာဖြေလျှော့ပေးတာတွေ၊ ဒုတိယမြောက်ပြည်နယ်တွေမှာ ကမ္ဘာ လှည့်ခရီးသွားလုပ်ငန်းကို အားပေးမြှင့်တင်တာတွေလို လှုပ်ရှားမှုတွေဆောင်ရွက်ခြင်းအားဖြင့် ကမ္ဘာလှည့်ခရီး သွားလုပ်ငန်းမြှင့်တင်ရေးကို အစိုးရအနေနဲ့ ဆက်လက်ကြိုးပမ်းဆောင်ရွက်ဖို့ လိုပါတယ်။” လို့ Bangkok Airways Plc ရဲ့ အမှုဆောင်အရာရှိချုပ် (CEO) ပွတ်တီပေါင်က ပြောပါတယ်။

 

၂၀၂၄ ဇွန်လကနေ ဒီဇင်ဘာလအထိ Bangkok Airways ရဲ့ လေယာဉ်လက်မှတ် ကြိုတင်မှာယူမှုဟာ ပြီးခဲ့တဲ့ နှစ်ထက် ၁၃% မြင့်တက်လာခဲ့ပြီး ခရီးသွားရာသီအမြင့်ဆုံးကာလဖြစ်တဲ့ စတုတ္ထသုံးလပတ်မှာ လေယာဉ်လက် မှတ်ကြိုတင်မှာယူမှုအမြင့်ဆုံးဖြစ်တဲ့အတွက် အဲဒီ စတုတ္ထသုံးလပတ်မှာ ၂၀၂၃ ခုနှစ်ထက် ၃၅% မြင့်တက်ခဲ့ ကြောင်း ၎င်းက ပြောပါတယ်။

 

“ခရီးသည်တွေ ပိုမိုများပြားလိုမယ်လို့ မျှော်လင့်ထားတဲ့အတွက် ကျွန်တော်တို့လေကြောင်းလိုင်းရဲ့လက်ရှိ ရှိနေ တဲ့ လေယာဉ် ၂၄ စင်းအပြင် နောက်ထပ် Airbus A319 လေယာဉ်တွေ ထပ်မံဝယ်ယူဖို့ စီစဉ်နေပါတယ်။” လို့ ၎င်းက ပြောပါတယ်။

 

တပြိုင်တည်းမှာပဲ အခုှနှစ် ဒုတိယနှစ်ဝက်မှာ ဟိုတယ်ခန်းကြိုတင်မှာယူမှုတွေ အလွန်မြင့်တက်လာတဲ့အတွက် စတုတ္ထသုံးလပတ်မှာ ၇၀% အထိ မြင့်တက်လာမယ်လို့ မျှော်လင့်ထားကြောင်း ထိုင်းနိုင်ငံထဲက ဟိုတယ်ခရီး သွားလုပ်ငန်းနဲ့ အိမ်ခြံမြေလုပ်ငန်းဆောင်ရွက်နေတဲ့ အကြီးဆုံး ကုမ္ပဏီတွေထဲက တစ်ခုဖြစ်တဲ့ Asset World Corp (AWC) ကုမ္ပဏီက ပြောပါတယ်။

 

“အခုှနှစ်အတွင်း ထိုင်းကမ္ဘာလှည့်ခရီးသွားလုပ်ငန်း အလျင်အမြန် တိုးတက်လာတဲ့အတွက် AWC ကုမ္ပဏီပိုင် ဟိုတယ် ၂၂ လုံးမှာ အခန်းပေါင်း ၆၀၂၅ ခန်း ငှားရမ်းခဲ့ရပါတယ်။ ကမ္ဘာလှည့်ခရီးသွားတွေ နည်းပါးတဲ့အချိန်မျိုး မှာတောင်မှ ငွေကြေးပိုမိုသုံးစွဲနိုင်တဲ့ အရှေ့အလယ်ပိုင်းဒေသက ကမ္ဘာလှည့်ခရီးသွားတွေရဲ့ ဟိုတယ်ခန်းမှာယူ မှုတွေကို ကျွန်မတို့ တွေ့နေရတုန်းပါပဲ။” လို့ ကုမ္ပဏီ CEO ဝါလာပါထရိုင်ဆိုရက်က ပြောပါတယ်။

 

ထိုင်းနိုင်ငံရဲ့ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းမှာ တန်ဖိုးရှိတဲ့ရိုးရာအစားအသောက်တွေ၊ စည်ကားသိုက်မြိုက်တဲ့ ပွဲ တော်တွေနဲ့ အဆင့်မြင့်အခြေခံအဆောက်အအုံတွေအပါအဝင် ကမ္ဘာတစ်ဝန်းက ခရီးသွားတွေကို ဆွဲဆောင်နေ တဲ့ အောင်မြင်မှုအခြေခံချက်တွေ လေးငါးခုရှိကြောင်း ဝါလာပါက ဖြည့်စွက်ပြောဆိုပါတယ်။

 

“ကျွန်မတို့ ဟိုတယ်အစုစပ်လုပ်ငန်းရှင်တွေနဲ့ ဆွေးနွေးရာကနေ ရှင်းရှင်းလင်းလင်း သိလာရတာကတော့ ထိုင်း နိုင်ငံဟာ ကမ္ဘာ့ခရီးသွားလုပ်ငန်းနယ်ပယ်ရဲ့ စိတ်ဝင်စားစရာအကောင်းဆုံးအစိတ်အပိုင်းတစ်ရပ်ဖြစ်တယ်ဆို တာပါပဲ။ ဒါဟာ ဟိုတယ်လုပ်ငန်း တိုးတက်မှု/ တိုးချဲ့မှုတို့နဲ့ ပတ်သက်ပြီး အပြုသဘောဆောင်တဲ့ အကျိုးသက် ရောက်မှုတစ်ခုရရှိခြင်းပါပဲ။” လို့ ၎င်းက ပြောပါတယ်။

 

Ref: Private sector hopeful that tourism will continue to grow

 

#PeopleMedia


Share this post