• Follow Us on
Latest News

Home ထိုင်းကုန်သွယ်ရေးဝန်ကြီးဖမ်သမ် ယူနန်ပြည်နယ် ဆစ်ဆောင်ပန္နားကို သွားရောက်ပြီး နှစ်နိုင်ငံကုန်သွယ်ရေး ကိစ္စများ ဆွေးနွေးညှိနှိုင်း

ထိုင်းကုန်သွယ်ရေးဝန်ကြီးဖမ်သမ် ယူနန်ပြည်နယ် ဆစ်ဆောင်ပန္နားကို သွားရောက်ပြီး နှစ်နိုင်ငံကုန်သွယ်ရေး ကိစ္စများ ဆွေးနွေးညှိနှိုင်း

Share this post

နိုင်ငံတကာ၊ ဧပြီ ၃၀

 

ထိုင်းနိုင်ငံက သစ်သီးတင်ပို့မှုမြှင့်တင်ဖို့နဲ့ နွားအရှင်တင်သွင်းခွင့်ပြုဖို့ တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန် ပြည်နယ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတစ်ခုဖြစ်တဲ့ ဆစ်ဆောင်ပန္နားဒေသ (ရွှီးရှောင်းဘန်န) အုပ်ချုပ်ရေးမှူးကို ထိုင်းဒုတိယဝန်ကြီးချုပ်နဲ့ ကုန်သွယ်ရေးဝန်ကြီး ဖမ်သမ်ဝီချာယာချိုင်းက မေတ္တာရပ်ခံလိုက်ပါတယ်။

 

မစ္စတာဖမ်သမ်ဟာ စနေနေ့ကနေ တနင်္လာနေ့အထိ ဆစ်ဆောင်ပန္နားကို နိုင်ငံတော်ခရီးစဉ်တစ်ခုအဖြစ်သွား ရောက်ခဲ့ရာမှာ ဒေသအုပ်ချုပ်ရေးမှူး ဒါဝန်းနဲ့ Mekong River Jing Land ဟိုတယ်မှာတွေ့ဆုံပြီး နှစ်နိုင်ငံကုန် သွယ်ရေးကိစ္စရပ်များကို ဆွေးနွေးခဲ့ပါတယ်။

 

မဲခေါင်မြစ်အတွင်း တရုတ်သင်္ဘောတွေနဲ့ ထိုင်းသစ်သီးတွေ သယ်ဆောင်ရာမှာ သယ်ယူပို့ဆောင်မှုခွဲတမ်းကို မြှင့်တင်ပေးဖို့ ထိုင်းသစ်သီးကုန်သည်တွေ တောင်းဆိုထားတဲ့အတိုင်း ၎င်းအနေနဲ့ မစ္စတာဝန်းကို မေတ္တာရပ်ခံ ခဲ့ကြောင်း အစည်းအဝေးအပြီးမှာ ဖမ်သမ်က သတင်းထောက်တွေကို ပြောပါတယ်။

 

ဒါ့အပြင် ထိုင်းနိုင်ငံအနေနဲ့ နွားအရှင်တွေ တရုတ်နိုင်ငံကို တင်သွင်းချင်တဲ့အတွက် ထိုင်းနိုင်ငံက ရောက်ရှိလာ မယ့် နွားတွေအတွက် ယူနန်ပြည်နယ် ဂွမ်းလေဆိပ်ကမ်းမှာ ကွာရန်တီးဇုံတစ်ခု တည်ထောင်ပေးနိုင်ရေးအ တွက် အကောက်ခွန်အထွေထွေအုပ်ချုပ်ရေးဌာနနဲ့ ညှိနှိုင်းပေးဖို့ ဆစ်ဆောင်ပန္နားအုပ်ချုပ်ရေးမှူးကို မေတ္တာ ရပ်ခံခဲ့သေးတယ်လို့ ဖမ်သမ်က ပြောပါတယ်။

 

အမဲသားတွေကို တရုတ်နိုင်ငံတွင်း သက်သာလွယ်ကူစွာ ဖြန့်ဖြူးနိုင်ရေးအတွက် တင်ပို့လာတဲ့နွားတွေကို အဲဒီ ကွာရန်တီးဇုံထဲမှာ အမဲပေါ်သွားမှာဖြစ်ကြောင်း ဖမ်သမ်က ပြောပါတယ်။

 

အလားတူ ဆစ်ဆောင်ပန္နားကနေ ဘန်ကောက်ကို လေကြောင်းလိုင်း တိုက်ရိုက်ပျံသန်းခွင့်ပြုဖို့ ထိုင်းအစိုးရကို တင်ပြထားတဲ့ ၎င်းရဲ့တောင်းဆိုချက်ကိုလည်း ကူညီဆောင်ရွက်ပေးဖို့ ဒါဝန်းက ဖမ်သမ်ကို မေတ္တာရပ်ခံပြော ကြားခဲ့ပါတယ်။

 

လက်ရှိအချိန်မှာ ဆစ်ဆောင်ပန္နားကနေ ချင်းမိုင်ကိုသာ တစ်ပတ်ကို တစ်ကြိမ် တိုက်ရိုက်လေယာဉ်ပျံသန်းမှုရှိ ပါတယ်။ တခြားလမ်းကြောင်းတွေကိုပါ ပျံသန်းခွင့်ပြုလိုက်မယ်ဆိုရင် ထိုင်းနိုင်ငံနဲ့ ဆစ်ဆောင်ပန္နားဒေသကြား ကမ္ဘာ လှည့်ခရီးသွားလုပ်ငန်းနဲ့ ကုန်သွယ်ရေးလုပ်ငန်းတွေကို မြှင့်တင်ဆောင်ရွက်သွားနိုင်မှာဖြစ်ကြောင်း ဒါဝန်းက ပြောပါတယ်။

 

ထိုင်းနိုင်ငံပြန်ရောက်တဲ့အချိန် ဒါဝန်းရဲ့တောင်းဆိုချက်တွေကို အစိုးရအဖွဲ့ထံ တင်ပြသွားမှာဖြစ်ကြောင်း ဖမ်သမ် က ပြောပါတယ်။

 

ထိုင်းနိုင်ငံက သစ်သီးတွေ တင်သွင်းရာမှာ ပိုမိုချောမွေ့အဆင်ပြေစေဖို့အတွက် အကောက်ခွန်စစ်ဆေးရေးကြန့် ကြာမှုကို ညှိနှိုင်းဖို့အတွက် တရုတ်နိုင်ငံက မိုဟန်ဘူတာရုံနဲ့ လာအိုနိုင်ငံက ဘိုတန်နယ်စပ်ဒေသစစ်ဆေးရေးစ ခန်းတို့ကိုလည်း နောက်ပိုင်းမှာ သွားရောက်မှာဖြစ်ကြောင်း မစ္စတာဖမ်သမ်က ပြောပါတယ်။

 

Ref: Phumtham visits Xishuangbanna, Yunnan, to negotiate bilateral trade

 

#PeopleMedia


Share this post