ထိုင်းကုန်းတွင်းတံတားစီမံချက်ကြိုးပမ်းနေပေမဲ့ မလေးရှားက Westports ကုမ္ပဏီ လုပ်ငန်းတိုးချဲ့ဖို့ စဉ်းစားနေ
PUBLISHED - February 16, 2024
နိုင်ငံတကာ၊ ဖေဖော်ဝါရီ ၁၆
မလေးရှားနိုင်ငံရဲ့ အကြီးမားဆုံး ပင်လယ်ရေကြောင်းလိုင်းသယ်ယူပို့ဆောင်ရေးကုမ္ပဏီဖြစ်တဲ့ Westports Malaysia ကုမ္ပဏီဟာ လုပ်ငန်းတိုးချဲ့ဖို့အတွက် မလေးရင်းဂစ် ၃၉.၆ ဘီလျံ (ထိုင်းဘတ်ငွေ ၂၉၉.၁၇ ဘီလျံ) ထပ်မံရင်းနှီးမြှုပ်နှံဖို့ စဉ်းစားနေကြောင်း The Nation မှာ ဖော်ပြထားပါတယ်။
Westports ကုမ္ပဏီဟာ လက်ရှိအချိန်မှာ မလေးရှားနိုင်ငံရဲ့ အဓိကဆိပ်ကမ်းဖြစ်တဲ့ ပေါ့ကလန်ဆိပ်ကမ်းမှာ လုပ်ငန်းလည် ပတ်ဆောင်ရွက်နေပါတယ်။
အဆိုပြုထားတဲ့ လုပ်ငန်းတိုးချဲ့မှုဟာ ပေ ၂၀ ကုန်သေတ္တာ (TEU) ၁၃ သန်း လက်ခံထားရှိနိုင်တဲ့ ပေါ့ကလန် ဆိပ်ကမ်းကို TEU ၂၇ သန်းအထိ ထားရှိနိုင်တဲ့ ဆိပ်ကမ်းအဖြစ် နှစ်ဆနီးကပါး အဆင့်မြှင်တင်သွားမှာဖြစ် ပါတယ်။
တပြိုင်တည်းမှာပဲ စင်္ကာပူနိုင်ငံကလည်း ကမ္ဘာပေါ်မှာ အကြီးဆုံး ဆိပ်ကမ်းအဖြစ် ဘတ်ငွေ ဘီလျံ ၇၂၀ တန် ကြေးရှိတဲ့ စက်မှု/ကွန်ပျူတာနည်းပညာအသုံးပြု အဆင့်မြင့် ထူးအက်စ်ဆိပ်ကမ်းကြီးကို တည်ဆောက်နေ ပါတယ်။
၂၀၂၀ ပြည့်နှစ်က စတင်ဆောက်လုပ်နေတဲ့ အဲဒီအဆင့်မြင့်ဆိပ်ကမ်းကြီးကို အဆင့်လေးဆင့်နဲ့ တည်ဆောက် နေတာဖြစ်ပြီး ၂၀၄၀ ပြည့်နှစ်မတိုင်ခင်မှာ လုပ်ငန်းအဆင့်အားလုံးပြီးစီးမယ်လို့ ခန့်မှန်းထားပါတယ်။
ဆိပ်ကမ်း ပထမအဆင့်တည်ဆောက်ရေးဟာ ၂၀၂၇ ခုနှစ်မတိုင်ခင် ပြီးစီးမှာဖြစ်ပြီး ပေ ၂၀ ကုန်သေတ္တာ (TEU) သန်း ၂၀ လက်ခံထားရှိနိုင်မယ်လို့ ဆိုပါတယ်။
ဒါပေမဲ့ ၂၀၃၀ ပြည့်နှစ်မတိုင်ခင်မှာ မလက္ကာရေလက်ကြားရဲ့ ကုန်တင်သင်္ဘောလမ်းကြောင်းတွေဟာ ပြည့်ကျပ် လာတဲ့အတွက် လမ်းကြောင်းအပြောင်းအလဲကို ရှာဖွေနေကြောင်း ထိုင်းကုန်သွယ်ရေးဝန်ကြီးက ပြောပါတယ်။
အာဏာရလာတဲ့အချိန်ကတည်းက ဝန်ကြီးချုပ်ရက်ထာထာဗီဆင်ဟာ ရနောင်းနဲ့ ချွန်ဖုန်က ဆိပ်ကမ်းကြီး နှစ်ခုကိုဆက်သွယ်ထားတဲ့ ကုန်းတွင်းတံတားစီမံချက်မှာ ရင်းနှီးမြှုပ်နှံမယ့် ပုဂ္ဂလိကကုမ္ပဏီတွေကို ကြိုးပမ်း ရှာဖွေလျက်ရှိပါတယ်။
ဒီကုန်းတွင်းတံတားစီမံချက်ဟာ မလက္ကာရေလက်ကြားတစ်ခုလုံးကို ဖြတ်သန်းစရာမလိုဘဲ ကုန်စည်ပို့ဆောင် နိုင်မှာဖြစ်ပြီး စီမံချက်တစ်ခုလုံးအတွက် ဘတ်ငွေ ၁၀၁ ဘီလျံ ကုန်ကျမယ်လို့ ခန့်မှန်းထားပါတယ်။
မလက္ကာရေလက်ကြားဟာ အင်ဒိုနီးရှားဆုမတ္တရာကျွန်းစု အရှေ့ဘက်ကမ်းရိုးတန်းနဲ့ မလေးရှားနိုင်ငံ အနောက် ပိုင်းကမ်းခြေကြားကနေ ဖြတ်သန်းလာတာဖြစ်ပါတယ်။
ဝန်ကြီးချုပ်ဆရက်ထာဟာ ဆွစ်ဇာလန်နိုင်ငံ ဒါဗက်စ်မြို့မှာကျင်းပတဲ့ ကမ္ဘာ့စီးပွားရေးဖိုရမ်လို အခမ်းအနားကြီး တွေမှာလည်း ကုန်းတွင်းတံတားစီမံချက်မှာ လာရောက်ရင်းနှီးမြှုပ်နှံဖို့ စည်းရုံးခဲ့ပါတယ်။
တပြိုင်တည်းမှာပဲ အာဆီယံနိုင်ငံတွင်း တခြားဖွံ့ဖြိုးရေးလုပ်ငန်းတွေက ၎င်းကို တုန်လှုပ်အောင်ခြိမ်းခြောက် နိုင်ခြင်းမရှိကြောင်း Westports ကုမ္ပဏီရဲ့ဥက္ကဋ္ဌ ရူဘန်ဂါနာလင်ဂမ်က ပြောပါတယ်။
Westports ကုမ္ပဏီရဲ့ ဖောက်သည်တွေဟာ ထိုင်းနိုင်ငံရဲ့ ကုန်းတွင်းတံတားစီမံချက်ကို အပြောင်းအလဲတစ်ရပ် အဖြစ် စဉ်းစားထားခြင်းမရှိကြောင်း ၎င်းက ပြောပါတယ်။
Ref: Malaysia’s Westports eyes expansion despite Thailand’s land bridge project
#PeopleMedia