• Follow Us on
Latest News

Home ထိုင်းကျောင်းသားတွေ အမေရိကန်မှာ ထပ်မံပညာသင်ယူဖို့လိုအပ်ကြောင်း ဆူချတ်ဗီပြော

ထိုင်းကျောင်းသားတွေ အမေရိကန်မှာ ထပ်မံပညာသင်ယူဖို့လိုအပ်ကြောင်း ဆူချတ်ဗီပြော

Share this post

နိုင်ငံတကာ၊ ဖေဖော်ဝါရီ ၂၆

 

ဗီယက်နမ်ကျောင်းသားတွေနဲ့ ယှဉ်ပြိုင်ရာမှာ မိမိတို့အရည်အသွေးကို မြှင့်တင်ဖို့အတွက် နောက်ထပ် ထိုင်း ကျောင်းသားတွေ အမေရိကန်ပြည်ထောင်စုမှာ သွားရောက်ပညာသင်ယူဖို့ လိုအပ်ကြောင်း ဒီမိုကရက်တစ်ပါတီ ရဲ့ဒုတိယခေါင်းဆောင် ဆူချတ်ဗီဆူဝန်ဆာဝတ်က ပြောကြားလိုက်ပါတယ်။

 

အမေရိကန်နိုင်ငံမှာ သွားရောက်ပညာသင်ကြားနေတဲ့ ဗီယက်နမ်ကျောင်းသားအရေအတွက်ဟာ ထိုင်းကျောင်း သားအရေအတွက်ထက် မျှော်မှန်းထားတာထက် အလွန်များပြားနေကြောင်း သိလိုက်ရတဲ့အချိန်မှာ ၎င်းအနေနဲ့ အံ့သြတုန်လှုပ်မိကြောင်း မောင်းကွတ်ဘုရင် လက်ကရာဘန်းနည်းပညာအင်စတီကျုရဲ့ ဥက္ကဋ္ဌဟောင်းဖြစ်တဲ့ မစ္စတာဆူချတ်ဗီက ပြောပါတယ်။

 

၎င်းအနေနဲ့ ထိုင်းတက္ကသိုလ်ဥက္ကဋ္ဌများကောင်စီရဲ့ ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်နေစဉ်အတွင်း လွန်ခဲ့တဲ့ ၆ နှစ်က အမေရိကန်ကိုသွားရောက်ခဲ့တဲ့ ခရီးစဉ်တစ်ခုအကြောင်းကို မစ္စတာဆူချတ်ဗီက Facebook ပေါ်မှာ ပြန်လည်ရေးသားထားပါတယ်။

 

အမေရိကန်ခရီးစဉ်မှာ မိတ်ဆွေကောင်းတစ်ဦးဖြစ်သူ နိုင်ငံတကာပညာရေးအင်စတီကျုရဲ့ CEO အယ်လန်ဂွတ် မန်းနဲ့ တွေ့ဆုံခဲ့ကြောင်း ၎င်းက ပြောပါတယ်။

 

အဲဒီအချိန်က အမေရိကန်မှာလာရောက်ပညာသင်ကြားနေတဲ့ ဗီယကမ်နမ်ကျောင်းသားဦးရေ ၂၀၀၀၀ ကျော် ရှိနေတယ်လို့ မစ္စတာဂွတ်မန်းက ၎င်းကိုပြောကြောင်း၊ အဲဒီအရေအတွက်ဟာ အမေရိကန်မှာပညာသင်နေတဲ့ ထိုင်းကျောင်းသားအရေအတွက်ထက် လေးဆကျော် ငါးဆနီးပါး ပိုမိုများပြားကြောင်း ဆူချတ်ဗီကပြောပါတယ်။

 

အဲဒီသတင်းကိုကြားရတဲ့အချိန်မှာ ထိတ်လန့်တုန်လှုပ်သွားကြောင်း၊ ဗီယက်နမ်နိုင်ငံဟာ ဗီယက်နမ်ကျောင်း သားတွေကို တိုးတက်နေတဲ့နိုင်ငံတွေမှာ ပညာသင်စေလွှတ်နိုင်လောက်အောင် ဘယ်လောက်အထိ အလျင် အမြန် တိုးတက်သွားပြီဆိုတာကို ထုတ်ဖော်ပြသလိုက်တာပဲဖြစ်ကြောင်း၊ အဲဒီတိုးတက်နေတဲ့နိုင်ငံတွေကလည်း ဗီယက်နမ်ကျောင်းသားတွေ အရည်အချင်းရှိတယ်ဆိုတာကို အသိအမှတ်ပြုကြကြောင်း ၎င်းကပြောပါတယ်။

 

၎င်းအနေနဲ့ ဗီယက်နမ်နဲ့ ထိုင်းအစိုးရကြား ယှဉ်ပြိုင်မှုတွေအတွက် လေးငါးကြိမ်လောက် စိုးရိမ်ပူပန်ခဲ့ဖူးပေမဲ့ အ ခြေအနေသိပ်အဆိုးကြီးမဟုတ်ကြောင်း ပြောပါတယ်။

 

လူသားရင်းမြစ်ပြိုင်ပွဲတစ်ခုကနေ တွန်းပို့နေတဲ့ ကမ္ဘာတစ်ခုမှာ ထိုင်းလူမျိုးတွေ ဆက်လက်ရှင်သန်နိုင်ဖို့အတွက် ထိုင်းကျောင်းသားတွေရဲ့ စွမ်းရည်ကိုမြှင့်တင်ပေးဖို့ ၎င်းအနေနဲ့ အစိုးရကို တိုက်တွန်းတောင်းဆိုကြောင်း မစ္စ တာဆူချတ်ဗီက ၎င်းရဲ့ပို့စ်မှာ ရေးသားထားပါတယ်။

 

အဲဒီလိုမျိုးဆက်သစ်ကျောင်းသားတွေရဲ့ အရည်အသွေးတွေကို မြှင့်တင်မပေးနိုင်ဘူးဆိုရင် ထိုင်းလူမျိုးတွေဟာ မဟာဒုက္ခတွင်းဆုံးကျပြီး ထိုင်းနိုင်ငံသားတွေရဲ့ အရည်အသွေးညံ့ဖျင်းမှုကြောင့် နိုင်ငံစီးပွားရေးသစွမ်းဆောင် နိုင်မှုဟာလည်း ကျဆင်းသွားမှာဖြစ်တယ်လို့ ၎င်းက ပြောပါတယ်။

 

လူဦးရေ ၉၈ သန်းဝန်းကျင်ရှိတဲ့ ဗီယက်နမ်နိုင်ငံက ကျောင်းသား ၁၃၇,၀၂၂ ဦးကို ပြည်ပနိုင်ငံပညာသင် စေ လွှတ်ခဲ့ရာ အဲဒီအရေအတွက်ဟာ အရှေ့တောင်အာရှနိုင်ငံတွေထဲမှာ အများဆုံးဖြစ်ကြောင်း ၂၀၂၁ ခုနှစ် ယူနက်စကို သတင်းအချက်အလက်တွေအရ သိရပါတယ်။

 

အဲဒီကျောင်းသားတွေထဲက ၂၃,၁၅၅ ဦးဟာ အမေရိကန်ပြည်ထောင်စုမှာ သွားရောက်ပညာသင်ကြားနေကြ တာဖြစ်ပါတယ်။

 

Ref: More Thai students ‘should consider US’

 

#PeopleMedia


Share this post