• Follow Us on
Latest News

Home ထိုင်းစစ်တပ်ရဲ့လက်နက်တွေ မြန်မာသူပုန်အတွက် မှောင်ခိုသွင်းနေတယ်ဆိုတာကို ထိုင်းကြည်းတပ်ဦးစီးချုပ် ငြင်းဆို

ထိုင်းစစ်တပ်ရဲ့လက်နက်တွေ မြန်မာသူပုန်အတွက် မှောင်ခိုသွင်းနေတယ်ဆိုတာကို ထိုင်းကြည်းတပ်ဦးစီးချုပ် ငြင်းဆို

Share this post

နိုင်ငံတကာ၊ ဖေဖော်ဝါရီ ၁၉

 

ထိုင်းနို်င်ငံဟာ မြန်မာ့တပ်မတော်ကို တိုက်ခိုက်နေတဲ့ သူပုန်တွေအတွက် လက်နက်မှောင်ခိုရောင်းချပေးနေတဲ့ ရင်းမြစ်တစ်ခုဖြစ်တယ်ဆိုတာကို ထိုင်းကြည်းတပ်စစ်ဦးစီးချုပ်က ငြင်းဆိုလိုက်ပါတယ်။

 

မြန်မာနိုင်ငံထဲကိုရောက်သွားကြတဲ့ မှောင်ခိုလက်နက်အများစုဟာ ထိုင်းတပ်မတော်ရဲ့လက်နက်တိုက်တွေထဲ က ထွက်ပေါ်လာတာမဟုတ်ကြောင်း ကြည်းတပ်ဦးစီးချုပ်ဗိုလ်ချုပ်ကြီး ဂျရွန်ချိုင်းဟင်တာအိုက ပြောပါတယ်။

 

ထိုင်းနယ်စပ်ဒေသနဲ့ ထိစပ်နေတဲ့ မြန်မာနိုင်ငံထဲက တိုင်းရင်းသားသူပုန်တွေဟာ လက်နက်ခဲယမ်းတွေကို ထိုင်း နိုင်ငံ မှောင်ခိုဈေးကွက်ထဲကနေ ဝယ်ယူနေတာဖြစ်ကြောင်း သတင်းတွေထွက်ပေါ်နေပါတယ်။

 

ထိုင်းတပ်မတော်ရဲ့လက်နက်တိုက်တွေကို ကြီးကြပ်စစ်ဆေးပြီး အတည်ပြုတာတွေ လုပ်ဆောင်ခဲ့ကြောင်း ကြည်းတပ်ဦးစီးချုပ်က ပြောပါတယ်။

 

“လက်နက်မှောင်ခိုကိစ္စနဲ့ပတ်သက်ပြီး စိုးရိမ်ပူပန်မှုတွေ အချိန်တိုင်းရှိနေပါတယ်။ စုံစမ်းစစ်ဆေးချက်တွေအရ သိရတာကတော့ အဲဒီလက်နက်တွေဟာ ထိုင်းတပ်မတော်ကနေ ထွက်ခွာသွားတဲ့လက်နက်တွေ မဟုတ်ဘူးဆို တာပါပဲ။” လို့ ဗိုလ်ချုပ်ကြီး ဂျရွန်ချိုင်းက ပြောပါတယ်။

 

မြန်မာအစိုးရက လူငယ် ၁၄ သန်းဝန်းကျင်အတွက် ပြည်သူ့စစ်မှုထမ်းဥပဒေကို ကျင့်သုံးမှာဖြစ်ကြောင်း ကြေ ညာလိုက်တဲ့အတွက် မြန်မာနိုင်ငံက လူငယ်တွေ ထိုင်းနိုင်ငံထဲ အလုံးအရင်းနဲ့ ဝင်ရောက်လာနိုင်တဲ့ အခြေအ နေကိုလည်း ၎င်းက ထည့်သွင်းပြောဆိုသွားပါတယ်။

 

နယ်စပ်တလျှောက် လူသားချင်းစာနာထောက်ထားရေးအကူအညီတွေဆောင်ရွက်ဖို့ဆိုတာ ကဏ္ဍအသီးသီးရဲ့ တာဝန်ဖြစ်ကြောင်းလည်း ၎င်းက ပြောပါတယ်။

 

နယ်စပ်တလျှောက် မြန်မာစစ်ဘေးရှောင်ဒုက္ခသည်တွေအတွက် လူသားချင်းစာနာထောက်ထားမှုအကူအညီ တွေပေးနိုင်ဖို့ လမ်းကြောင်းတစ်ခု ဖွင့်လှစ်နိုင်ရေးအတွက် ထိုင်းနိုင်ငံရဲ့မူဝါဒနဲ့အညီ ပူးပေါင်းဆောင်ရွက်သွားဖို့ အသင့်ရှိနေကြောင်း ၎င်းက ပြောပါတယ်။

 

တပြိုင်တည်းမှာပဲ နယ်စပ်ကာကွယ်ရေးတပ်ဖွဲ့အနေနဲ့ မူးယစ်ဆေးမှောင်ခိုမှုတွေနဲ့ လက်နက်မှောင်ခိုမှုတွေအပါ အဝင် တရားမဝင်လုပ်ငန်းတွေကို ကာကွယ်တားဆီးဖို့ ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ကြောင်း ၎င်းက ပြော ပါတယ်။

 

မြန်မာနယ်စပ်အခြေအနေရဲ့ ရှုပ်ထွေးမှုနဲ့ပတ်သက်ပြီး အလေးထားပြောကြားရာမှာ “(ထိုင်း) တပ်မတော်အနေ နဲ့ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်ရေးကို တိကျသေချာအောင်ဆောင်ရွက်ရင်း တရားဥပဒေစိုးမိုးရေးနဲ့ ငြိမ်ဝပ်ပိပြားရေးအတွက် ထိန်းသိမ်းစောင့်ရှောက်ရာမှာ အဓိကအခန်းကဏ္ဍကပါဝင်ကြောင်း” ဗိုလ်ချုပ်ကြီး ဂျရွန်ချိုင်းက ပြောပါတယ်။

 

Ref: Army chief denies Thai military weapons smuggled to Myanmar rebels

 

#PeopleMedia


Share this post