ထိုင်းစစ်သင်္ဘောတစ်စီး အမြောက်ကျည်ထွက်ပြီး တခြားစစ်သင်္ဘောတစ်စီးကို သွားရောက်ထိမှန်တဲ့အတွက် ရေတပ်စစ်သည် ၁၄ ဦး ဒဏ်ရာရရှိ
PUBLISHED - March 15, 2024
နိုင်ငံတကာ၊ မတ် ၁၅
ထိုင်းရေတပ်စစ်သင်္ဘောတစ်စီး မတ်လ ၁၄ ရက်နေ့က ကျည်စစ်ကျည်မှန်နဲ့ လေ့ကျင့်ပစ်ခတ်နေစဉ်အတွင်း မှားယွင်းပစ်ခတ်လိုက်မိပြီး တခြားထိုင်းစစ်သင်္ဘောတစ်စီးအနီး အမြောက်ကျည်ကျရောက် ပေါက်ကွဲခဲ့တဲ့အ တွက် ရေတပ်စစ်သည် ၁၄ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
ထိုင်းပင်လယ်ကွေ့ထဲမှာ စစ်ရေးလေ့ကျင့်နေတဲ့ ထိုင်းရေတပ်က အိပ်ချ်တီအမ်အက်စ်-ချွန်ဘူရီ ဖရီးဂိတ်စစ် သင်္ဘော (HTMS Chonburi) ပေါ်က ၇၆ မမ အမြောက်ကျည် မတော်တဆထွက်သွားပြီး ဆတ္တာဟစ်ရေတပ်စ ခန်းမှာ ဆိုက်ကပ်ထားတဲ့ အိပ်ချ်တီအမ်အက်စ်- ခီရီရတ် (HTMS Khirirat) သင်္ဘောကို လာရောက်ထိမှန်ခဲ့တာ ဖြစ်ပါတယ်။
မွန်းလွဲပိုင်းမှာ ဆတ္တာဟစ်ရေတပ်စခန်းမှာ ဆိုက်ကပ်ထားတဲ့ အိပ်ချ်တီအမ်အက်စ်- ခီရီရတ် စစ်သင်္ဘောပဲ့ပိုင်း က မီးခိုးတွေအူထွက်လာတာတွေ့လိုက်ရပြီးနောက် မီးသတ် ကားလေးစီးနဲ့ လာရောက်ငြှိမ်းသတ်ခဲ့ပါတယ်။
ဒဏ်ရာရရှိတဲ့ ရေတပ်စစ်သည် ၁၄ ဦးအနက် အရာရှိ ၂ ဦးကတော့ ဒဏ်ရာပြင်းထန်တယ်လို့သိရပြီး ဒဏ်ရာ ရရှိထားသူအားလုံးကို သီရိခေတ်ဘုရင်မကြီးဆေးရုံကို ပို့ဆောင်ထားပါတယ်။
အိပ်ချ်တီအမ်အက်စ်-ချွန်ဘူရီ ဖရီးဂိတ်စစ်သင်္ဘောကတော့ စစ်ရေးလေ့ကျင့်နေတဲ့အချိန်မှာ သင်္ဘောပေါ်က အမြောက်ထဲမှာ အမြောက်ကျည်တစ်တောင့်ညှပ်နေတဲ့အတွက် ပင်လယ်ပြင်ကနေ ပြန်လှည့်လာခဲ့တာဖြစ်ပါ တယ်။
အဲဒီလို သင်္ဘောပြန်လှည့်လာနေတုန်း ညှပ်နေတဲ့အမြောက်ကျည်ကို ဖယ်ရှားရှင်းလင်းဖို့ ရေတပ်အင်ဂျင်နီယာ တွေက ကြိုးပမ်းနေစဉ်အတွင်း မတော်တဆ ကျည်ထွက်သွားတာဖြစ်တယ်လို့ ဆိုပါတယ်။
အမြောက်ကျည်လာရောက်ထိမှန်တဲ့ အိပ်ချ်တီအမ်အက်စ်- ခီရီရတ်သင်္ဘောကို ၁၉၇၂ ခုနှစ်က အမေရိကန်နိုင် ငံမှာတည်ဆောက်ခဲ့ပြီး ၁၉၇၄ ခုနှစ်မှာ ထိုင်းနိုင်ငံမှာ စတင်တာဝန်ထမ်းဆောင်ခဲ့တာဖြစ်ပါတယ်။
Ref: Thirteen sailors injured as Thai Navy warship accidentally blasts frigate
#PeopleMedia