• Follow Us on

Home ထိုင်းစစ်သည်တွေကို ရိုက်နှက်ကန်ကျောက်ပြီး မိုးသည်းသည်းညမှာ ဝတ်လစ်စားလစ်ရပ်နေခိုင်းတဲ့ဖြစ်စဉ် အတွက် ကာကွယ်ရေးဝန်ကြီးဌာန စုံစမ်းစစ်ဆေးမည်

ထိုင်းစစ်သည်တွေကို ရိုက်နှက်ကန်ကျောက်ပြီး မိုးသည်းသည်းညမှာ ဝတ်လစ်စားလစ်ရပ်နေခိုင်းတဲ့ဖြစ်စဉ် အတွက် ကာကွယ်ရေးဝန်ကြီးဌာန စုံစမ်းစစ်ဆေးမည်

Share this post

နိုင်ငံတကာ၊ သြဂုတ် ၅

 

ထိုင်းကြည်းတပ်ထဲက ဝါရင့် ပြန်တမ်းမဝင်အရာရှိနှစ်ယောက်က ထိုင်းစစ်သည်တွေကို အနိုင်ကျင့်စော်ကားခဲ့ တယ်ဆိုတဲ့ စွပ်စွဲချက်ကို စုံစမ်းစစ်ဆေးဖို့ ထိုင်းကာကွယ်ရေးဝန်ကြီးဌာနက သက်ဆိုင်ရာအာဏာပိုင်တွေကို ညွှန်ကြားလိုက်ပါတယ်။

 

ချင်းမိုင်ပြည်နယ် ဘုရင့်လုံခြုံရေးတပ်၊ အမှတ် ၄ သံချပ်ကာတပ်မ၊ အမှတ် ၂၅ သံချပ်ကာတပ်ရင်းမှာ စနေနေ့ (သြဂုတ်လ ၃ ရက်နေ့) က အခြားအဆင့်စစ်သည်တွေကို အနိုင်ကျင့်စော်ကားခဲ့တယ်ဆိုတဲ့အကြောင်းကို အဲဒီ စစ်သည်တွေထဲက တစ်ဦးရဲ့ညီမဖြစ်သူ ဆိုင်းမိုင်တောင်ရော့ရဲ့ Facebook ပေ့ဂျ်မှာ တင်ထားခဲ့ပြီးနောက် ဒီ အဖြစ်အပျက်ကို အများပြည်သူ သိရှိခဲ့တာဖြစ်ပါတယ်။

 

အက်ဒီဆွန်တပ်စခန်းမှာ အရက်မူးနေပုံရတဲ့ ပထမအဆင့် တပ်ကြပ်ကြီးတစ်ဦးနဲ့ တပ်ကြပ်တစ်ဦးက တပ်သား ၁၀ ယောက်ကို မိုးသည်းနေတဲ့ သန်းခေါင်ယံညအချိန်မှာ အိပ်ဆောင်အပြင်ဘက်ကို ခေါ်ထုတ်ခဲ့တယ်လို့ ၎င်း ရဲ့ Facebook ပေ့ဂျ်မှာ ဖော်ပြထားပါတယ်။

 

အဆိုပါ အကြပ်ကြီး/အကြပ် နှစ်ဦးဟာ အဲဒီစစ်သည် ၁၀ ဦးကို ရိုက်နှက်ကန်ကျောက်ပြီး မိုးရေထဲမှာ ၆ နာရီ ကြာ ဝတ်လစ်စားလစ် ရပ်ခိုင်းထားခဲ့တယ်လို့ ဆိုပါတယ်။

 

ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့ တပ်မတော်သားတွေကို လိုတာထက်ကျော်လွန်ပြီး မသင့်လျော်တဲ့နည်းလမ်း တွေနဲ့ အပြစ်ပေးတာမျိုးကို ဆန့်ကျင်ကြောင်း ကာကွယ်ရေးဝန်ကြီးဆုတင်ကလန်ဆန်းက တနင်္ဂနွေနေ့က ပြော ပါတယ်။

 

ကြည်းတပ်ထဲက ပိုမိုကျယ်ပြန့်လာတဲ့ ပြဿနာတွေကို ဖြေရှင်းနိုင်ရေး ကြိုးပမ်းဖို့ မစ္စတာဆုတင်ဟာ တနင်္လာ နေ့ (သြဂုတ်လ ၅ ရက်နေ့) မှာ ကြည်းတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ချာရွန်ချိုင်းဟင်ထာအိုနဲ့ တနင်္လာနေ့မှာတွေ့ ဆုံသွားမှာဖြစ်ကြောင်း ၎င်းက ပြောပါတယ်။

 

ဝန်ကြီးဌာနရဲ့မူဝါဒတွေကို လိုက်နာနိုင်ဖို့အတွက် နိုင်ငံတစ်ဝန်း ကြည်းတပ်တပ်မှူးပေါင်းစုံအဆင့်အစည်း အဝေးကို ခေါ်ယူကျင်းပသွားဖို့ မစ္စတာဆုတင်က ကြည်းတပ်ဦးစီးချုပ်ကို တိုက်တွန်းထားပါတယ်။

 

အခုနောက်ဆုံးဖြစ်စဉ်အတွက် တရားမျှတမှုရှိပြီး ပြည်သူတွေ သံသယကင်းရှင်းအောင် စုံစမ်းစစ်ဆေးသွားဖို့ ကော်မတီတစ်ရပ်ကိုလည်း ကာကွယ်ရေးဝန်ကြီးဌာနက ဖွဲ့စည်းသွားမှာဖြစ်ပါတယ်။ ဖြစ်စဉ်နဲ့ပတ်သက်ပြီး ဝန်ကြီးချုပ် ဆရက်ထာထာဗီဆင်ကိုလည်း သတင်းပို့ထားပြီးဖြစ်ကြောင်း မစ္စတာဆုတင် က ပြောပါတယ်။

 

“အခုအချိန်ကစပြီး ရှေ့လျှောက် ထိုင်းစစ်သည်တွေကို မလျော်ကန်တဲ့ ဆက်ဆံမှုနဲ့ တရားလက်လွန်အပြစ်ပေး မှုတွေနဲ့ပတ်သက်ပြီး ဗဟိုစုံစမ်းစစ်ဆေးရေးကော်မတီတစ်ရပ်ဖွဲ့စည်းကာ ပွင့်လင်းမြင်သာစွာ စုံစမ်းစစ်ဆေးသွား မှာဖြစ်ပါတယ်။” လို့ ၎င်းက ပြောပါတယ်။

 

Ref: Thai army officers ‘stomped on naked privates’ in Chiang Mai

 

#PeopleMedia


Share this post