• Follow Us on
Latest News

Home ထိုင်းစာဖိုမှူး ၁,၃၀၀ ကျော်ကို စားဖိုမှူးသင်တန်းအောင်လက်မှတ်ထုတ်ပေး

ထိုင်းစာဖိုမှူး ၁,၃၀၀ ကျော်ကို စားဖိုမှူးသင်တန်းအောင်လက်မှတ်ထုတ်ပေး

Share this post

နိုင်ငံတကာ၊ မတ် ၂၂

 

ဝင်ငွေ ဘတ်ငွေ ၁.၅ ဘီလျံရှာဖွေနိုင်ဖို့နဲ့ ထိုင်းနိုင်ငံရဲ့ global soft power ကို မြှင့်တင်နိုင်ဖို့အတွက် စားဖိုမှူး ၁,၃၀၀ ကျော်ကို ထိုင်း စက်မှုဝန်ကြီးဌာနက အောင်မြင်စွာလေ့ကျင့်သင်ကြားပေးနိုင်ခဲ့ပါတယ်။

 

“ကျေးရွာတစ်ရွာ၊ စားဖိုမှူးတစ်ယောက်” စီမံချက်အရ စားဖိုမှူးသင်တန်း ပထမအသုတ် အောင်လက်မှတ်ပေးအပ်ပွဲ အ ခမ်းအနားကို ဝန်ကြီးချုပ်ရုံးဝန်ကြီး ဂျီရာပွန်ဆန်းဟူပရိုင်းဦးစီးပြီး မတ်လ ၂၁ ရက်နေ့ (သောကြာနေ့) က ကျင်းပခဲ့ပါ တယ်။

 

ဒီစီမံချက်ဟာ အစိုးရရဲ့ soft power မြှင့်တင်ရေးမူဝါဒနဲ့အညီ ဆောင်ရွက်တဲ့ စီမံချက်ဖြစ်ကြောင်း စက်မှုဝန်ကြီးဌာန အ မြဲတမ်းအတွင်းဝန် နတ္တပိုလ်ရောင်းဆစ်ပိုလ်က ပြောပါတယ်။

 

ထိုင်းအစားအစာဟာ ယဉ်ကျေးမှု၊ ဘဝနေထိုင်နည်း၊ ဆန်းသစ်တီထွင်မှုနဲ့ အမျိုးသားသရုပ်လက္ခဏာကို ကိုယ်စားပြုတဲ့ အတွက် ထိုင်းနိုင်ငံရဲ့ သြဇာလွှမ်းမိုးမှုအရှိဆုံး soft power ဖြစ်ကြောင်း ၎င်းက ပြောပါတယ်။

 

စီးပွားရေးလုပ်ငန်းရှင်တွေရဲ့ အရည်အသွေးတွေ မြှင့်တင်ပေးခြင်း၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနဲ့ လိုက်လျောညီထွေတဲ့ ဂေဟစနစ်တစ်ခုကို မြှင့်တင်ပေးခြင်းနဲ့ ထုတ်ကုန်တိုးမြှင့်ဖို့အတွက် ဒေသတွင်း အသိပညာနဲ့ ယဉ်ကျေးမှုအရင်းအနှီးကို အသုံးပြုခြင်းအားဖြင့် ဒီစီမံချက်သစ်ဟာ စီးပွားရေးစနစ်သစ်တစ်ခုဆီအရောက်လှမ်းမယ့် ဝန်ကြီးဌာနရဲ့ ပြုပြင်ပြောင်းလဲ ရေးရည်ရွယ်ချက်ကိုလည်း ထောက်ပံ့ကူညီတဲ့ စီမံချက်ဖြစ်ကြောင်း ၎င်းက ပြောပါတယ်။

 

စီမံချက်အတွက် အဓိကမဟာဗျူဟာာ ၃ ရပ်ကို နတ္တပိုလ်က ရှင်းပြပါတယ်။ အဲဒီမဟာဗျူဟာ ၃ ရပ်ကတော့ ယဉ်ကျေးမှုအမွေအနှစ်တွေကို အကျိုးရှိစွာ အသုံးပြုရင်း စီးပွားရေးတန်ဖိုးမြှင့်တင်ဖို့အ တွက် တီထွင်ဖန်တီးနိုင်မှုစွမ်းရည်နဲ့ နည်းပညာကို မြှင်တင်ခြင်း၊ နိုင်ငံတကာက ထိုင်းအစားအစာကို ကြိုက်နှစ်သက်လာ အောင်မြှင့်တင်ဖို့အတွက် ဆွဲဆောင်နိုင်တဲ့ဇာတ်လမ်းတွေ တီထွင်ဖန်တီးခြင်းနဲ့ ဆွဲဆောင်မှုရှိသူတွေ၊ ရုပ်သံဇာတ်လမ်း တွဲတွေနဲ့ ရာသီအလိုက် ဒရာမာဇာတ်လမ်းတွေကတစ်ဆင့် ထိုင်းစတိုင်အစားအသောက်ချက်ပြုတ်နည်းကို အားပေးမြှင့် တင်ခြင်းတို့ ဖြစ်ပါတယ်။

 

ထိုင်းစာဖိုမှူးသင်တန်းအတွက် သင်ရိုးညွှန်းတမ်းရေးဆွဲခြင်းအပါအဝင် စီမံချက်အရဆောင်ရွက်ခဲ့တဲ့ လုပ်ငန်း အမျိုးမျိုးဟာ နိုင်ငံတကာစံနှုန်းနဲ့အညီ ဆောင်ရွက်ခဲ့တာဖြစ်ကြောင်း စက်မှုလုပ်ငန်းအားပေးမြှင့်တင်ရေးဌာန (DIPROM) ရဲ့ ညွှန်ကြားရေးမှူးချုပ် နတ်သီယာနတ္တယာဆူဘာက ပြောပါတယ်။

 

တပြိုင်တည်းမှာပဲ “မဟာထိုင်းစားဖိုမှူးစီမံချက်” က တက်ရောက်လာတဲ့သင်တန်းသားတွေအတွက် သက်မွေးသင်တန်း အရည်အသွေးဆန်းစစ်မှုတွေကို အောင်မြင်ဖို့အတွက် ခေတ်မီကျွမ်းကျင်မှုနဲ့ ဗဟုသုတတွေကို လေ့ကျင့်သင်ကြားပေးဖို့ ရည်ရွယ်ထားတာဖြစ်ပါတယ်။

 

ပြီးခဲ့တဲ့နှစ်က DIPROM ဌာနဟာ သင်တန်းသား ၁၃၀၀ ကို လေ့ကျင့်သင်ကြားပေးခဲ့ပြီး သင်တန်းဆရာ ၃၂၅ ဦးကို အသိအမှတ်ပြုလက်မှတ်ထုတ်ပေးနိုင်ခဲ့ကြောင်း နတ်သီယာနတ္တယာဆူဘာက ပြောပါတယ်။

 

ဒီစီမံချက်ကနေ ထိုင်းဘတ်ငွေ ၁.၅ ဘီလျံ ရှာဖွေသွားနိုင်လိမ့်မယ်လို့ မျှော်လင့်ထားကြောင်း ၎င်းက ပြောပါတယ်။ စက်မှုဝန်ကြီးဌာနဲ့ DIPROM ဌာနတို့ဟာ အခုနှစ်အတွင်း ခန့်မှန်း လူဦးရေ ၁၇,၀၀၀ ကျော်ကို လေ့ကျင့်သင်ကြားပေး သွားမှာဖြစ်သလို လေးနှစ်အတွင်း လူဦးရေ ၇၅,၀၀၀ ဦးကို သင်ကြားပေးသွားဖို့ ရည်ရွယ်ထားကြောင်း သိရပါတယ်။

 

၂၀၇၀ ပြည့်နှစ်မတိုင်ခင် ကမ္ဘာတစ်ဝန်း ထိုင်းစားသောက်ဆိုင် ၁၀၀,၀၀၀ ဖွင့်လှစ်ဖို့ ရည်မှန်းထားတဲ့အတွက် ဒီစီမံချက် ဟာ ထိုင်းအစားအသောက်လုပ်ငန်းနဲ့ စားသောက်ဆိုင်တွေ ဖွံ့ဖြိုးတိုးတက်လာဖို့လည်း အထောက်အကူပြုသွားမှာဖြစ် တယ်လို့ ဆိုပါတယ်။

 

Ref: Industry Ministry trains 1,300 chefs to boost economy, soft power

 

#PeopleMedia


Share this post