• Follow Us on
Latest News

Home ထိုင်းစီးပွားရေး ပြန်လည်နာလန်ထူလာချိန် စီးပွားရေးလုပ်ငန်းသစ် မှတ်ပုံတင်မှုတွေ မြင့်တက်လာ

ထိုင်းစီးပွားရေး ပြန်လည်နာလန်ထူလာချိန် စီးပွားရေးလုပ်ငန်းသစ် မှတ်ပုံတင်မှုတွေ မြင့်တက်လာ

Share this post

နိုင်ငံတကာ၊ ဇူလိုင် ၂၁

 

ထိုင်းနိုင်ငံမှာ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းနဲ့ ထိုင်းစီးပွားရေး ပြန်လည်တိုးတက်လာသလို အခုနှစ်အတွင်း လုပ် ငန်းသစ်မှတ်ပုံတင်မှုတွေ မူလက ၇၅၀၀၀ ကနေ ၇၈၀၀၀ အထိ တိုးတက်လာလိမ့်မယ်လို့မျှော်မှန်းထားပေမဲ့ ၎င်းထက်ကျော်လွန်ပြီး ၈၃၀၀၀ ကနေ ၉၀၀၀၀ အထိ ရောက်ရှိလာလိမ့်မယ်လို့ မျှော်လင့်ထားကြောင်း ထိုင်း ကုန်သွယ်ရေးဝန်ကြီးဌာန စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဦးစီးဌာနက ပြောပါတယ်။

 

အခုနှစ် ပထမနှစ်ဝက်မှာ စီးပွားရေးလုပ်ငန်းသစ် ၄၂၀၀၀ ကနေ ၄၅၀၀၀ အထိ မှတ်ပုံတင်လိမ့်မယ်လို့ ခန့်မှန်း ထားပေမဲ့ မျှော်မှန်းထားတာထက်ပိုမိုတိုးတက်ပြီး လုပ်ငန်း ၄၇၂၈၆ အထိ မှတ်ပုံတင်ခဲ့ကြောင်း စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် သိုဆာဖုန်းဒန်ဆူပူထရာက ပြောပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်မှာ လုပ်ငန်းသစ်မှတ်ပုံတင်မှု ၇၆၄၈၈ ရှိခဲ့ရာက အခုနှစ် ပထမနှစ်ဝက်မှာ လုပ်ငန်းသစ်မှတ် ပုံတင်မှု ၃၆၀၀၀ ကနေ ၄၃၀၀၀ အထိရှိတာကြောင့် တစ်နှစ်လုံးအနေနဲ့ ၈၃၀၀၀ ကနေ ၉၀၀၀၀ အထိ ရောက် ရှိလာလိမ့်မယ်လို့ မျှော်လင့်ထားကြောင်း ၎င်းက ပြောပါတယ်။

 

ပထမနှစ်ဝက်ကာလ (ဇန်နဝါရီလမှ ဇွန်လအထိ) အတွင်း လုပ်ငန်းသစ်မှတ်ပုံတင်မှု ၄၇၂၈၆ အထိ တိုးတက် လာရာ ပြီးခဲ့တဲ့နှစ်နဲ့နှိုင်းယှဉ်ရင် ၁၇.၃ % တိုးတက်လာခဲ့ကြောင်း၊ ဒီပမာဏဟာ ၁၀ နှစ်အတွင်း အမြင့်ဆုံးတိုး တက်လာတဲ့ပမာဏဖြစ်ကြောင်း စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဦးစီးဌာနက ကြာသပတေးနေ့က ပြောပါတယ်။

 

မှတ်ပုံတင်ထားတဲ့ရင်းနှီးမြှုပ်နှံမှု ပမာဏဟာ ဘတ်ငွေ ၄၂၉ ဘီလျံဝန်းကျင်တိုးတက်လာတဲ့အတွက် ၅၃% တိုး တက်လာတာဖြစ်ကြောင်း စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဦးစီးဌာနက ပြောပါတယ်။

 

လုပ်ငန်းသစ်မှတ်ပုံတင်မှုတွေထဲမှာ ထိပ်ဆုံးက လုပ်ငန်းသုံးမျိုးကတော့ အထွေထွေဆောက်လုပ်ရေးလုပ်ငန်း၊ အိမ်ခြံမြေလုပ်ငန်းနဲ့ ဟိုတယ်/စားသောက်ဆိုင်လုပ်ငန်းတွေဖြစ်ကြောင်း သိရပါတယ်။

 

အထက်ပါအခြေအနေနဲ့မတူတာကတော့ အခုပထမနှစ်ဝက်ကာလမှာပဲ လုပ်ငန်းပေါင်း ၇၀၉၇ ခု ပိတ်သိမ်းခဲ့ရာ ပြီးခဲ့တဲ့နှစ်နဲ့ နှိုင်းယှဉ်ရင် ၁၈% တိုးတက်လာတာဖြစ်ပြီး ဘတ်ငွေ ၄၉.၆ ဘီလျံမှတ်ပုံတင်ထားတဲ့အထဲက ၁၅% လျော့ကျသွားတာဖြစ်တယ်လို့ဆိုပါတယ်။

 

ပိတ်သိမ်းလိုက်တဲ့လုပ်ငန်းတွေထဲက ထိပ်ဆုံးအလုပ်သုံးခုကလည်း အထွေထွေဆောက်လုပ်ရေးလုပ်ငန်း၊ အိမ် ခြံမြေလုပ်ငန်းနဲ့ ဟိုတယ်/စားသောက်ဆိုင်လုပ်ငန်းတွေပဲဖြစ်တယ်လို့ ဆိုပါတယ်။

 

အခုနှစ်ခြောက်လဆက်တိုက်ကာလဟာ လွန်ခဲ့တဲ့ ၁၀ နှစ် (၂၀၁၄ ခုနှစ်ကနေ ၂၀၂၃ ခုနှစ်အထိ) အတွင်း လုပ် ငန်းသစ်မှတ်ပုံတင်မှု အမြင့်ဆုံးကာလဖြစ်တယ်လို့ မစ္စတာသိုဆာဖုန်းက ပြောပါတယ်။

 

“ဇန်နဝါရီလကနေ ဇွန်လအထိ ကာလအတွင်း ကြည့်မယ်ဆိုရင် လုပ်ငန်းသစ်မှတ်ပုံတင်မှု ၄၇၂၈၆ အထိ တိုး တက်လာတာဟာ ၁၀ နှစ်အတွင်း အမြင့်ဆုံးတိုးတက်လာတာဖြစ်ပါတယ်။ စီးပွားရေးပြန်ပြီး နာလန်ထူလာတာနဲ့ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းပိုပြီး ဖွံ့ဖြိုးတိုးတက်လာတာကလည်း အခုတိုးတက်မှုကို အထောက်အကူပြုခဲ့တာ ဖြစ်ပါတယ်။” လို့ ၎င်းက ပြောပါတယ်။

 

Ref: New firms surge amid Thai recovery: Bangkok Post

 

#Newvisionmedia


Share this post