• Follow Us on
Latest News

Home ထိုင်းတပ်မတော်သားတွေအတွက် အိမ်ရာတွေတည်ဆောက်နိုင်ဖို့ ဘတ်ဂျက်ပိုမိုချပေးသွားမယ်လို့ ဝန်ကြီးချုပ် ပြော

ထိုင်းတပ်မတော်သားတွေအတွက် အိမ်ရာတွေတည်ဆောက်နိုင်ဖို့ ဘတ်ဂျက်ပိုမိုချပေးသွားမယ်လို့ ဝန်ကြီးချုပ် ပြော

Share this post

နိုင်ငံတကာ၊ ဖေဖော်ဝါရီ ၂၇

 

ထိုင်းတပ်မတော်သားတွေနေထိုင်ဖို့ လူမှုဖူလုံရေးအိမ်ရာတွေတည်ဆောက်ရေးအတွက် ဘတ်ဂျက်တွေပိုမိုချ ပေးသွားမှာဖြစ်ကြောင်း ဝန်ကြီးချုပ်ဆရက်ထာထာဗီဆင်က ကတိပြုပြောကြားလိုက်ပါတယ်။

 

ထိုင်းအခြားအဆင့်တပ်မတော်သားတွေအတွက် ပိုမိုနေပျော်တဲ့အိမ်ရာတွေ တည်ဆောက်နိုင်အောင် ရန်ပုံငွေ ရရှိရေးအတွက် ကူညီဆောင်ရွက်ပေးသွားမှာဖြစ်တယ်လို့ ဝန်ကြီးချုပ်က ပြောပါတယ်။

 

စက်တင်ဘာ ၃၀ ရက်နေ့အကုန်မှာ ၂၀၂၄ ခု ဘဏ္ဍာရေးနှစ်ဘတ်ဂျက်ခွဲဝေဖို့ အလွန်နောက်ကျနေခဲ့ရင် ဗဟို အစိုးရရဲ့ရန်ပုံငွေတွေကို ခေါင်းစဉ်ပြောင်းသုံးစွဲဖို့ လိုအပ်လာနိုင်ဖွယ်ရှိကြောင်း ဝန်ကြီးချုပ်က ပြောပါတယ်။

 

မနေ့က ဘန်ကောက်မြို့က ဘန်ကောက်နွိုင်ခရိုင်၊ ဆွိုင်အရမ်အမ်မာရင် ၃၅ လမ်းထဲမှာရှိတဲ့ တော်ဝင်ထိုင်းရေ တပ်ရဲ့ လူမှုဖူလုံရေးအိမ်ရာစီမံကိန်းကို သွားရောက်လည်ပတ်စဉ် ဝန်ကြီးချုပ်က ပြောကြားခဲ့တာဖြစ်ပါတယ်။

 

တပ်မတော်သားတွေရဲ့ နေထိုင်မှုတိုးတက်မြင့်မားလာအောင် လုပ်ဆောင်ပေးနိုင်ဖို့အတွက် တပ်မတော်တစ်ရပ် လုံးက လူမှုဖူလုံရေးအိမ်ရာတွေကို သွားရောက်ကြည့်ရှုဖို့ ရည်ရွယ်ထားကြောင်း ၎င်းက ပြောပါတယ်။

 

ဒီခရီးစဉ်မတိုင်ခင်က ဘန်ကောက်၊ ကီရိုက်ခိုင်နယ်မြေမှာရှိတဲ့ ရဲတပ်ဖွဲ့နဲ့ တပ်မတော်က ပြန်တမ်းမဝင်အရာရှိ တွေ (အခြားဆင့်အကြပ်/အကြပ်ကြီး) တိုက်ခန်းတွေကို သွားရောက်လည်ပတ်ခဲ့ပါသေးတယ်။

 

“တာဝန်ထမ်းဆောင်ရာမှာ ပိုမိုတက်ကြွစွာထမ်းဆောင်နိုင်ဖို့အတွက် ပြန်တမ်းမဝင်အရာရှိအားလုံးကို သင့်တော် တဲ့အိမ်ရာတွေ ရှိစေချင်ပါတယ်။” လို့ ဝန်ကြီးချုပ်က ပြောပါတယ်။

 

ဆမွတ်ပရာကန်ပြည်နယ်မှာရှိတဲ့ ချူလာချွမ်ကလာအိုစခန်းနဲ့ တော်ဝင်ထိုင်းရေတပ်အကယ်ဒမီဝင်းထဲမှာရှိတဲ့ နေရာနှစ်ခုမှာ နောက်ထပ်အိမ်ရာတွေတည်ဆောက်နေစဉ်မှာပဲ ကီရိုက်ခိုင်နယ်မြေထဲမှာ နေရာအခက်အခဲ ကြောင့် အထပ်မြင့်အိမ်ရာစီမံကိန်းကို ပထမဦးဆုံး စတင်အကောင်အထည်ဖော်သွားမှာဖြစ်ကြောင်း မနေ့က ခရီးစဉ်မှာ ဆရက်ထာက ပြောပါတယ်။

 

လက်ရှိအချိန်မှာ ဆွိုင်အရမ်အမ်မာရင် ၃၅ လမ်း အိမ်ရာစီမံကိန်းထဲမှာ လွန်ခဲ့တဲ့ ၅၆ နှစ်က တည်ဆောက်ထား တဲ့ တစ်ထပ်အိမ် ၁၅ လုံးမှာ လူဦးရေ ၅၀ နေထိုင်နေကြတယ်လို့ ဆိုပါတယ်။

 

ကီရိုက်ခိုင်နယ်မြေမှာရှိတဲ့ အထပ် ၂၀ အဆောက်အအုံတစ်ခုကို သွားရောက်လည်ပတ်စဉ်မှာ ကွန်မြူနတီစင် တာတစ်ခုနဲ့ လျှပ်စစ်ကားဘက်ထရီအားသွင်းစက်ပါရှိတဲ့ နှစ်ထပ်ကားပတ်ကင်တစ်ခု ထည့်သွင်းတည်ဆောက် ဖို့ လိုအပ်ကြောင်း ဆန်းသီရိအိမ်ခြံမြေကုမ္ပဏီကြီးရဲ့ CEO ဟောင်းဖြစ်တဲ့ ဆရက်ထာက ထောက်ပြခဲ့ပါတယ်။

 

ဒါ့အပြင် အဲဒီအိမ်ရာမှာ ပရိဘောဂတွေ ထပ်မံထည့်သွင်းဖို့၊ ဂျမ်အားကစားခန်းမတစ်ခုနဲ့ အမှိုက်သန့်စင်ရေးစနစ် တစ်ခုထည့်သွင်းတည်ဆောက်သွားဖို့လည်း ၎င်းက အကြံပြုခဲ့ပါတယ်။

 

Ref: PM pledges more money for housing for military

 

#PeopleMedia


Share this post