• Follow Us on

Home ထိုင်းတရားရုံးက Move Forward ပါတီကို ဖျက်သိမ်းပြီး ပီတာနဲ့ အမှုဆောင် ၁၀ ဦးကို နိုင်ငံရေးလုပ်ကိုင်ခွင့် ၁၀ နှစ် ပိတ်ပင်

ထိုင်းတရားရုံးက Move Forward ပါတီကို ဖျက်သိမ်းပြီး ပီတာနဲ့ အမှုဆောင် ၁၀ ဦးကို နိုင်ငံရေးလုပ်ကိုင်ခွင့် ၁၀ နှစ် ပိတ်ပင်

Share this post

နိုင်ငံတကာ၊ သြဂုတ် ၈

 

ထိုင်းဖွဲ့စည်းပုံအခြေခံဥပဒေတရားရုံးဟာ ပြီးခဲတဲ့နှစ်က ရွေးကောက်ပွဲမှာ မဲအများဆုံးနဲ့ အနိုင်ရခဲ့ပြီး အစိုးရမဖွဲ့ နိုင်ခဲ့တဲ့ Move Forward ပါတီကို ဖျက်သိမ်းလိုက်ကြောင်း ဗုဒ္ဓဟူးနေ့ (သြဂုတ်လ ၇ ရက်နေ့) က ကြေညာခဲ့ ပါတယ်။

 

တရားရုံးဟာ Move Forward ပါတီရဲ့ သြဇာတိက္ကမနဲ့ ပြည့်စုံတဲ့ ခေါင်းဆောင်ဟောင်းလူငယ် ပီတာလင်းဂျား ရင်းနတ်နဲ့ တခြားထိပ်တန်းခေါင်းဆောင် ၁၀ ဦးကို နိုင်ငံရေးလုပ်ကိုင်ခွင့် ၁၀ နှစ် ပိတ်ပင်လိုက်ပါတယ်။

 

“ထိုင်းဘုရင်နဲ့ တော်ဝင်မိသားစုကို စော်ကားတဲ့ ဥပဒေကို ပြင်ဆင်မယ်” လို့ ရွေးကောက်ပွဲမဲဆွယ်ကာလက ထိုင်းပြည်သူတွေကို ပြောဆိုစည်းရုံးခဲ့တဲ့ Move Forward ပါတီရဲ့ ကတိကဝတ်ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ မညီဘူးလို့ ဇန်နဝါရီလအတွင်း တရားရုံးက ပြောကြားခဲ့ပြီးနောက် စီရင်ချက်ချမယ်လို့ ခန့်မှန်းခဲ့ကြပါတယ်။

 

ဗုဒ္ဓဟူးနေ့က ချမှတ်ခဲ့တဲ့ စီရင်ချက်ဟာ ဘုရင်စနစ်ကို ထိန်းသိမ်းစောင့်ရှောက်ဖို့ ရွေးကောက်ခံမဟုတ်တဲ့ အဖွဲ့ အစည်းတွေက ဘယ်လောက်အထိ ဆန္ဒပြင်းပြတယ်ဆိုတာကို နောက်ထပ်တစ်ကြိမ်ပြသလိုက်တာလည်းဖြစ် ပါတယ်။

 

ဒါပေမဲ့ တရားရုံးစီရင်ချက်ဟာ ထိုင်းနိုင်ငံရေးလောကထဲက ပြုပြင်ပြောင်းလဲရေးလှုပ်ရှားမှုကို အပြီးတိုင်အဆုံး သတ်လိုက်တာတော့ မဟုတ်ပါဘူး။

 

ကျန်ရှိနေတဲ့ Move Forward ပါတီဝင် လွှတ်တော်အမတ် ၁၄၂ ဦးအနေနဲ့ တခြား မှတ်ပုံတင်ထားတဲ့ပါတီတစ် ခုခုမှာ ဝင်ရောက်ပြီး လွှတ်တော်ထဲမှာ အတိုက်အခံတွေအဖြစ် ဆက်လက်တာဝန်ထမ်းဆောင်ခွင့်ရမယ်လို့ မျှော်လင့်ထားကြပါတယ်။

 

“ခရီးရှည်ကြီးကတော့ စတင်ပါပြီ။ ပြည်သူနဲ့အတူ လက်တွဲပြီး လမ်းဆက်လျှောက်ကြပါစို့။” လို့ ပါတီရဲ့ လူမှု ကွန်ရက်စာမျက်နှာမှာ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ တွဲပြီး တင်ထားပါတယ်။

 

ဖျက်သိမ်းခံလိုက်ရတဲ့ Move Forward ပါတီက လွှတ်တော်အမတ်တွေဟာ သောကြာနေ့မှာ “အိမ်သစ်တက်” မှာဖြစ်ကြောင်း ပါတီသစ်ကို အောင်မြင်စွာဦးဆောင်နိုင်မယ်လို့ ယုံကြည်ထားတဲ့ ဆီရိကန်ညာတန်ဆာခန်က ပြောပါတယ်။

 

Move Forward ပါတီရဲ့ ဒုတိယခေါင်းဆောင်ဖြစ်တဲ့ မစ္စဆီရိကန်ညာဟာ ဗုဒ္ဓဟူးနေ့က ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုင်ရာတရားရုံးက နိုင်ငံရေးလုပ်ကိုင်ဆောင်ရွက်ခွင့် ၁၀ နှစ် ပိတ်ပင်တာခံခဲ့ရတဲ့ ပါတီအမှုဆောင် ၁၁ ဦးထဲမှာ မပါဝင်ပါဘူး။

 

မစ္စဆီရိကန်ညာဟာ ဘန်ကောက်၊ ဟူမတ်ခရိုင်ထဲမှာရှိတဲ့ ပါတီဌာနချုပ်ရုံးမှာ သတင်းစာရှင်းလင်းပွဲလုပ်တဲ့အ ချိန်မှာ တရားရုံးဆုံးဖြတ်ချက်နဲ့ အနာဂတ်အစီအစဉ်တွေကို တုံ့ပြန်ဖို့အတွက် အမှုဆောင်အဖွဲ့ထဲကိုဝင်ရောက်ခဲ့ တာဖြစ်ပါတယ်။

 

အဓိကအတိုက်အခံပါတီရဲ့ ကျန်ရှိနေတဲ့ လွှတ်တော်အမတ် ၁၄၂ ဦးစလုံးဟာ နောက်ထပ်ပါတီသစ်တစ်ခုကို ဝင် ရောက်လိမ့်မယ်လို့ ယုံကြည်ကြောင်း ဆီရိကန်ညာက ပြောပါတယ်။

 

“ပါတီဝင်အင်အား ၁၀၀,၀၀၀ ပြည့်တဲ့နေ့မှာ Move Forward ပါတီကို ဖျက်သိမ်းခံလိုက်ရပါတယ်။ အဲဒီပါတီဝင် အင်အား ၁၀၀,၀၀၀ စလုံး ကျွန်မတို့ရဲ့ ပါတီအိမ်သစ်တက်ပွဲကို အတူကွသွားရောက်ကြတာ ကြည့်ရှုကြပါစို့။” လို့ ၎င်းက ပြောပါတယ်။

 

ပါတီဖျက်သိမ်းကြေင်း တရားရုံးကြေညာချက်ထွက်ပေါ်လာတဲ့အချိန်မှာ သတင်းစောင့်ကြည့်နေကြတဲ့ ပါတီ ထောက်ခံသူတချို့က တီဗီဖန်သားပြင်ကြီးကို အော်ဟစ်လှောင်ပြောင်ခဲ့ကြပြီး ထောက်ခံသူတချို့ကတော့ မျက်ရည်ကျခဲ့ကြပါတယ်။

 

ပါတီထောက်ခံသူအားလုံးက အသစ်တည်ထောင်မယ့်ပါတီကို ဆက်လက်ထောက်ခံ ပံ့ပိုးသွားဖို့ ကတိပြုခဲ့ကြပါတယ်။

 

ပြန်လည်ရှင်သန်အသက်ဝင်လာတဲ့ပါတီဟာ လာမယ့်ရွေးကောက်ပွဲတွေမှာ ပိုမို ခိုင်မာအားကောင်းလာမှာဖြစ် ကြောင်း ခေါင်းမာလှတဲ့အတိုက်အခံအဖြစ်ရှိနေဆဲ လွှတ်တော်အမတ်ရောင်းဆီမန်းရုမ်းက ပြောပါတယ်။

 

မကျေမနပ်ဖြစ်နေတဲ့ထောက်ခံသူတွေကို ဖြေသိမ့်ပေးဖို့ ကြိုးစားနေတဲ့ အကြံပေးအရာရှိချုပ် ပီတာလင်းဂျားရင်း နတ်ကတော့ အကောင်းမြင်ဝါဒနဲ့ တက်ကြွနေပါတယ်။

 

“နိုင်ငံရေးလောကထဲမှာ နိုင်ငံသားတစ်ယောက်အနေနဲ့ ကျွန်တော်ဆက်ရှိနေမှာပါ။ ကျွန်တော် ဘယ်နေရာကိုမှ ထွက်သွားမှာမဟုတ်ပါဘူး။ ခင်ဗျားတို့ မကျေမနပ်ဖြေနေကြမယ်၊ ဒေါသထွက်နေကြမယ်ဆိုတာ ကျွန်တော်သိပါ တယ်။ ဒါပေမဲ့ အဲဒီမကျေနပ်မှုတွေ/ဒေါသတွေရဲ့ ဝါးမျိုလွှမ်းမိုးမှုတွေကို ကျွန်တော်တို့ ခံစားနေလို့မရပါဘူး။ နောက်ထပ်ရွေးကောက်ပွဲမှာ ကျွန်တော်တို့ ပြန်လာမှာပါ။” လို့ ၎င်းက ပြောပါတယ်။

 

Ref: Thai court dissolves reformist party that won election

 

#PeopleMedia


Share this post