• Follow Us on

Home ထိုင်းတောင်ပိုင်းပြည်နယ်တွေ ဖွံ့ဖြိုးတိုးတက်ရေး အရှိန်မြှင့်ဆောင်ရွက်သွားမှာဖြစ်ကြောင်း ဝန်ကြီးချုပ်ပေထောင်တန်ပြော

ထိုင်းတောင်ပိုင်းပြည်နယ်တွေ ဖွံ့ဖြိုးတိုးတက်ရေး အရှိန်မြှင့်ဆောင်ရွက်သွားမှာဖြစ်ကြောင်း ဝန်ကြီးချုပ်ပေထောင်တန်ပြော

Share this post

နိုင်ငံတကာ၊ ဇန်နဝါရီ ၁၇

 

ထိုင်းနိုင်ငံတောင်ပိုင်းပြည်နယ်တွေမှာ ဖွံ့ဖြိုးတိုးတက်ရေးစီမံချက်တွေကို အရှိန်မြှင့်ဆောင်ရွက်သွားမှာဖြစ်ပြီး ဒေသခံ ပြည်သူတွေရဲ့ အသက်မွေးဝမ်းကျောင်းလုပ်ငန်းတွေကို အဆင့်မြှင့်တင်ပေးသွားမှာဖြစ်ကြောင်း ထိုင်းဝန်ကြီးချုပ် ပေ ထောင်တန်ရှင်နာဝပ်က ပြောကြားလိုက်ပါတယ်။

 

နာရာသီဝတ်ပြည်နယ် ဆူငိုင်ကိုလိုင်ခရိုင် ကိုလိုင်မြစ်ကိုဖြတ်သန်းမယ့် အပြိုင်တံတားတစ်စင်းနဲ့ ဟက်ယိုင်ဆူငိုက်ကို လိုင် အပြိုင်ရထားလမ်း တည်ဆောက်ရေးတို့လို တောင်ပိုင်းပြည်နယ်တွေရဲ့ ဖွံ့ဖြိုးတိုးတက်ရေးစီမံချက်တွေ အောင်မြင် စွာဆောင်ရွက်နိုင်ရေးအတွက် ထိုင်းဝန်ကြီးချုပ်က နရာသီဝတ်ပြည်နယ်မှာ မနေ့က အစည်းအဝေးတစ်ခု ဦးဆောင်ကျင်း ပခဲ့ပါတယ်။

 

ဒီခရီးစဉ်ဟာ နရာသီဝတ်၊ ပတ္ထနီနဲ့ ယာလာ စတဲ့ တောင်ပိုင်းပြည်နယ်သုံးခုကို ထိုင်းဝန်ကြီးချုပ် ပေထောင်တန်သွား ရောက်ခဲ့တဲ့ ပထမဦးဆုံး ခရီးစဉ်ဖြစ်ပါတယ်။

 

အစိုးရအနေနဲ့ ဒေသတွင်းပြဿနာတွေ လျှော့ချရာမှာ အထောက်အကူပြုနိုင်အောင် အဆိုပါဒေသတွေက ဒေသခံပြည် သူတွေဆီကအသံကို တိုက်ရိုက်နားထောင်ချင်ကြောင်း မစ္စပေထောင်တန်က ပြောပါတယ်။

 

“ဒေသတွင်းမှာရှိတဲ့ အဖွ့ဲအစည်းတွေဟာ ဒေသခံပြည်သူတွေနဲ့ ပိုမိုနီးကပ်စွာနေထိုင်နေကြပြီး ဒေသခံတွေရဲ့လိုအင် ဆန္ဒတွေ၊ လိုအပ်ချက်တွေကို ပိုသိတာကြောင့် ဗဟိုချုပ်ကိုင်မှုလျှော့ချရေးကို ပိုမိုဦးစားပေးဆောင်ရွက်ရမယ်လို့ အစိုးရ အနေနဲ့ ယုံကြည်ထားပါတယ်။” လို့ ပေထောင်တန်က ပြောပါတယ်။

 

နှောင့်နှေးကြန့်ကြာမှုတွေကြောင့် သတ်မှတ်ထားတဲ့အသုံးစရိတ်တွေ ကျော်လွန်သွားမှာဖြစ်တဲ့အတွက် နရာသီဝတ်ပြည် နယ်ထဲက ဖွံ့ဖြိုးတိုးတက်ရေးစီမံချက်တွေအတွက် သယ်ယူပို့ဆောင်ရေးကဏ္ဍ ကြန့်ကြာမှုမရှိစေရေးအတွက် ကြပ်မတ် ဆောင်ရွက်ဖို့လိုအပ်ကြောင်းလည်း အစိုးရအဖွဲ့အစည်းတချို့ကို ဝန်ကြီးချုပ်က အလေးထားပြောကြားပါတယ်။

 

ကိုလိုင်မြစ်ကိုဖြတ်သန်းမယ့် အပြိုင်တံတားတစ်စင်းတည်ဆောက်ရေးနဲ့ပတ်သက်ပြီးပြောကြားရာမှာ အစိုးရအနေနဲ့ မလေးရှားနိုင်ငံနဲ့ ပစ္စည်းဝယ်ယူရေးသဘောတူညီချက်ရရှိထားပြီးဖြစ်သလို စီမံချက်ကို ဇွန်လအတွင်း စတင်ဆောင်ရွက်မှာဖြစ်ပြီး စီမံချက်ကာလ ၂၄ လ ကြာမြင့်မယ်လို့ ခန့်မှန်းထားကြောင်း ၎င်းက ပြောပါတယ်။

 

ဟက်ယိုင်ဆူငိုက်ကိုလိုင် အပြိုင်ရထားလမ်းဟာ ကုန်စည်သယ်ယူပို့ဆောင်ရေးကို အရှိန်မြှင့်တင်သွားမှာဖြစ်လို့ ဒီရထား လမ်းတည်ဆောက်ရေးစီမံချက်ဟာလည်း ဒေသအတွက် အကျိုးပြုနိုင်မှာဖြစ်ပြီး သယ်ယူပို့ဆောင်ရေး စနစ် တိုးတက်စေဖို့အတွက် ခေတ်အမီဆုံးအဆင့်မြင့်နည်းပညာတွေကို အသုံးပြုသွားဖို့ အစိုးရက ကြိုးပမ်းဆောင်ရွက်နေကြောင်း ဝန်ကြီး ချုပ်ပေထောင်တန်က ပြောပါတယ်။

 

အစိုးရအနေနဲ့ လယ်ယာထွက်ကုန်တွေ မြှင့်တင်ပြီး လယ်သမား/စိုက်ပျိုးရေးတောင်သူတွေ ဝင်ငွေတိုးလာစေဖို့ အတွက် နည်းလမ်းတွေရှာဖွေနေတာမို့လို့ အထူးသဖြင့် လယ်ယာထွက်ကုန်ပြည်ပတင်ပို့ရေးဟာ ဦးစားပေး အစီအစဉ်တစ်ရပ်ဖြစ် ကြောင်း ၎င်းက ပြောပါတယ်။

 

စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို သိသိသာသာ တွန်းအားပေးနိုင်စွမ်းရှိတဲ့ အနာဂတ်ကုန်ထုတ်လုပ်ငန်းနယ်ပယ်ထဲ မှာ ဆက် လက်လေ့လာသင်ယူနိုင်ရေး ကျောင်းသားတွေကို ပညာသင်ထူးချွန်ဆုပေးဖို့အတွက် အစိုးရအနေနဲ့ အသင့်ရှိနေ ကြောင်း ပေထောင်တန်က ပြောပါတယ်။

 

နရာသီဝတ်ပြည်နယ် နရာသီဝတ်တက္ကသိုလ်မှာ တရားရေးဝန်ကြီးဌာနက စီစဉ်ကျင်းပခဲ့ ကျောင်းသားချေးငွေ ရန်ပုံငွေအ ဖွဲ့ (SLF) ရဲ့ ငွေကြေးချေးယူထားသူကျောင်းသူများတွေကြား သဘောတူညီချက်ရယူပွဲအခမ်းအနား မှာလည်း ဝန်ကြီး ချုပ်ပေထောင်တန်က သဘာပတိအဖြစ်ဆောင်ရွက်ခဲ့ပါတယ်။

 

Ref: ‘Ung Ing’ vows progress on South projects

 

#PeopleMedia


Share this post