ထိုင်းတောင်ပိုင်းပြည်နယ်တွေ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းတိုးတက်လာအောင် ပိုမိုမြှင့်တင်ဆောင်ရွက်သွား မှာဖြစ်ကြောင်း ဆရက်ထာပြော
PUBLISHED - March 1, 2024
နိုင်ငံတကာ၊ မတ် ၁
ထိုင်းနိုင်ငံတောင်ပိုင်းပြည်နည်သုံးခုကို ကမ္ဘာလှည့်ခရီးသွားတွေအတွက် စိတ်ဝင်စားစရာနေရာတွေဖြစ်လာ အောင်ဆောင်ရွက်ပြီး ပြည်နယ်တွင်း ရင်းနှီးမြှုပ်နှံမှုတွေ တိုးပွားလာအောင် မြှင့်တင်သွားမှာဖြစ်ကြောင်း ထိုင်း ဝန်ကြီးချုုပ်ဆရက်ထာထာဗီဆင်က ပြောကြားလိုက်ပါတယ်။
ကြာသပတေးနေ့က ပြီးဆုံးခဲ့တဲ့ နရာသီဝတ်ပြည်နယ်၊ ပတ္ထနီပြည်နယ်နဲ့ ယာလာပြည်နယ်တွေကို သွားရောက် ခဲ့တဲ့ သုံးရက်ကြာခရီးစဉ်အတွင်း ဝန်ကြီးချုပ်ဆရက်ထာက အခုလိုကတိပေးခဲ့တာဖြစ်ပါတယ်။
တောင်ပိုင်းပြည်နယ်သုံးခုဟာ ကမ္ဘာလှည့်ခရီးသွားတွေစိတ်ဝင်စားစရာကောင်းတဲ့ ထိပ်တန်းနေရာတွေဖြစ်လာ ဖို့ အလားအလာရှိတာကြောင့် အဲဒီပြည်နယ်သုံးခုကို ကမ္ဘာလှည့်ခရီးသွားတွေဆွဲဆောင်နိုင်ဖို့အတွက် စနစ်တ ကျချင့်ချိန်တွက်ချက်ထားတဲ့ ဖွံ့ဖြိုးတိုးတက်ရေးစီမံချက်တစ်ရက်ကို ရေးဆွဲသွားဖို့ လိုအပ်ကြောင်း ၎င်းက ပြော ပါတယ်။
ယာလာပြည်နယ် ဘီတောင်းခရိုင်ရဲ့ နယ်စပ်စစ်ဆေးရေးဂိတ်ပြင်ဆင်ပြီး အဆင့်မြှင့်တင်ဖို့လည်း ဆရက်ထာက ပြောပါတယ်။
ယာလာပြည်နယ်က ဒေသခံပြည်သူတွေဟာ ရော်ဘာစိုက်ပျိုးရေးထက် ဒေသတွင်းဈေးကွက်တွေမှာ ဝင်ငွေ ပိုကောင်းတဲ့ ဒူးရင်းစိုက်ပျိုးရေးကို ပြောင်းလဲလုပ်ကိုင်နေကြပေမဲ့ နယ်စပ်စစ်ဆေးရေးဂိတ်က ယာဉ်ဖြတ်သန်း နိုင်တဲ့အရေအတွက် အကန့်အသတ်ဖြစ်နေလို့ ဒူးရင်းပြည်ပပို့ကုန်ကို ကန့်သတ်ထားသလိုဖြစ်နေကြောင်း ၎င်း က ပြောပါတယ်။
“ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းဝင်ငွေ ပိုတိုးလာအောင်အထောက်အကူပြုဖို့အတွက် နိုင်ငံခြားသား ခရီးသွားတွေ အလွယ်တကူဝင်ရောက်လာနိုင်အောင် နိုင်ငံတစ်ဝန်းက နယ်စပ်စစ်ဆေးရေးဂိတ်တွေအားလုံးကို အဆင့်မြှင့် တင်ထားဖို့ နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းနဲ့ အားကစားဝန်ကြီးဌာနတို့ကို ကျွန်တော် ညွှန်ကြားထားပြီးဖြစ်ပါတယ်။” လို့ ဆရက်ထာက ပြောပါတယ်။
ပတ္ထနီပြည်နယ်ကတစ်ဆင့် တခြားပြည်နယ်တွေကို ဆက်သွယ်ထားတဲ့ ဘီတောင်းခရိုင်နဲ့ဆက်နေတဲ့ အမှတ် ၄၁၀ အဝေးပြေးလမ်းကိုလည်း တိုးချဲ့သွားဖို့ သယ်ယူပို့ဆောင်ရေးဝန်ကြီးဌာနက စီစဉ်နေကြောင်းလည်း ၎င်း က ပြောပါတယ်။
“ဘီတောင်းမြို့ကို ကျွန်တော်သွားရောက်ခဲ့ပါတယ်။ ဖွံ့ဖြိုးတိုးတက်ဖို့ အလားအလာကောင်းတဲ့ မြို့ဖြစ်ပါတယ်။ အနာဂတ်မှာ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း တိုးတက်လာမယ့်မြို့ပါ။ ဒါပေမဲ့ ခရီးသွားတွေအတွက် လုံလောက်တဲ့ ဟိုတယ်တွေ မရှိသေးပါဘူး။” လို့ ၎င်းက ပြောပါတယ်။
“ပြဿနာက အဲဒီဒေသမှာ ရန်ပုံငွေ လုံလုံလောက်လောက်မရှိတာပါပဲ။ ဒေသတွင်းမှာ ကမ္ဘာလှည့်ခရီးသွားလုပ် ငန်းနဲ့ စီးပွားရေးလုပ်ငန်းတွေ မြှင့်တင်ဖို့အတွက် ရင်းနှီးမြှုပ်နှံဖို့ စီစဉ်နေတဲ့သူတွေအတွက် ရန်ပုံငွေရရှိနိုင်မယ့်အ ခွင့်အလမ်းတွေ ဘဏ်တွေက ထောက်ပံ့ပေးနိုင်ရေးအတွက် သေသေချာချာ စီစဉ်ဆောင်ရွက်ဖို့က ကျွန်တော့် တာဝန်ပါ။” လို့ ဆရက်ထာက ပြောပါတယ်။
တောင်ပိုင်းဒေသနဲ့ မလေးရှားဘက်က ဘုရားဖူးတွေလာရောက်နိုင်ဖို့အတွက် နာရာသီဝတ်လေဆိပ်ကို အဆင့် မြှင့်တင်ဖို့အစီအစဉ်ရှိမရှိမေးမြန်းရာမှာ အဲဒီကိစ္စကို အစိုးရက စိစစ်လေ့လာနေကြောင်း ဝန်ကြီးချုပ်က ပြန်လည် ဖြေကြားပါတယ်။
“အစိုးရအနေနဲ့ ဒေသတွင်း ကမ္ဘာလှည့်ခရီးသွားတွေကို ဆွဲဆောင်နိုင်မယ့်နေရာတွေ ဖွံ့ဖြိုးတိုးတက်လာအောင် နဲ့ ခရီးသည်တွေကို ပိုမိုဆွဲဆောင်နိုင်အောင် လေကြောင်းခရီးစဉ်တွေ တိုးမြှင့်ပြေးဆွဲနိုင်ဖို့လည်း ကြိုးစားဆောင် ရွက်နေပါတယ်။” လို့ ဝန်ကြီးချုပ်က ပြောပါတယ်။
Ref: PM pushes South plans
#PeopleMedia