• Follow Us on
Latest News

Home ထိုင်းတွင် တရားမဝင်သွားရောက်မှုကြောင့် မြန်မာ ၁၅ ဦး ဖမ်းဆီးခံရ

ထိုင်းတွင် တရားမဝင်သွားရောက်မှုကြောင့် မြန်မာ ၁၅ ဦး ဖမ်းဆီးခံရ

Share this post

နေပြည်တော်၊ ဩဂုတ် ၁၂

 

ထိုင်းနိုင်ငံ၊ နခွန်ပထုန်ခရိုင်တွင် ယမန်နေ့ ညပိုင်းက တရားမဝင်သွားရောက်မှုကြောင့် မြန်မာနိုင်ငံသား ၁၅ ဦး ဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။

 

ထိုင်းနိုင်ငံ နခွန်ပထုန်ခရိုင် ဘိုဝါးပတ်ထာအုပ်စု၊ အမှတ် ၁၀ ရပ်ကွက်တွင် သတင်းအရ နခွန်ပထုန်ခရိုင်မှ တာဝန်ရှိသူများက သွားရောက်စစ်ဆေးခဲ့ရာ ထိုင်းနိုင်ငံသား ၁ ဦး မောင်းနှင်လာသည့် ယာဉ်ပေါ်တွင် လိုက်ပါ လာ‌သော မြန်မာနိုင်ငံသား ၁၅ ဦးအား တွေ့ရှိ၍ ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

ဖမ်းဆီးခံသည့် မြန်မာနိုင်ငံသား ထွက်ဆိုချက်အရ ၎င်းတို့သည် ထိုင်းနိုင်ငံ၌ အလုပ်လုပ်ကိုင်ရန် ပွဲစားခအဖြစ် တစ်ဦးကို ဘတ် ၂၀၀၀၀ စီပေးကာ မဲဆောက်မြို့မှတဆင့် ဝင်ရောက်လာခြင်းဖြစ်ကြောင်း သိရှိရသည်။

 

#PeopleMedia


Share this post