• Follow Us on
Latest News

Home ထိုင်းဒီမိုကရေစီစနစ်ကို ပြောင်းလဲဖို့အစီအစဉ် လုံးဝမရှိကြောင်း Move Forward ပါတီခေါင်းဆောင်ပြော

ထိုင်းဒီမိုကရေစီစနစ်ကို ပြောင်းလဲဖို့အစီအစဉ် လုံးဝမရှိကြောင်း Move Forward ပါတီခေါင်းဆောင်ပြော

Share this post

နိုင်ငံတကာ၊ ဖေဖော်ဝါရီ ၁

 

Move Forward ပါတီအနေနဲ့ ဘုရင်စနစ်ကိုဖြုတ်ချဖို့ ရည်ရွယ်ချက် လုံးဝမရှိကြောင်း ထပ်တလဲလဲ ပြောဆိုခဲ့ ပေမဲ့ ၎င်းတို့ပါတီကိုဆန့်ကျင်တဲ့ အခြေခံဥပဒေတရားရုံးရဲ့ဆုံးဖြတ်ချက်ဟာ ထိုင်းနိုင်ငံရေးမြင်ကွင်းကို ထိခိုက် လိမ့်မယ်လို့ Move Forward ပါတီခေါင်းဆောင် ချိုင်းသာဝပ်သလာထုန်က ပြောကြားလိုက်ပါတယ်။

 

အငြင်းပွားဖွယ်ရာဘုရင်စနစ်အကာအကွယ်ပေးထားတဲ့ဥပဒေကို ဖြေရှင်းဖို့အတွက် ဥပဒေပြုရေးလုပ်ထုံးလုပ် နည်းတွေအသုံးပြုခြင်းကို တားမြစ်ထားတဲ့အတွက် တရားရုံးရဲ့ဆုံးဖြတ်ချက်ဟာ ဒီမိုကရေစီနဲ့ ဘုရင်စနစ်အင် စတီကျူးရှင်းကြားက ဆက်ဆံရေးကို ထိခိုက်စေမှာဖြစ်ကြောင်း ပါတီအကြီးအကဲက သတင်းထောက်တွေကို ပြောပါတယ်။

 

“ဒီကနေ့ ဖြစ်ပျက်ခဲ့တာတွေနဲ့ အဲဒီအဖြစ်အပျက်ကထွက်ပေါ်လာတဲ့ ရလဒ်ဆိုးဟာ Move Forward ပါတီကို သာ ထိခိုက်စေမှာမဟုတ်ဘဲ ထိုင်းအစိုးရဖွဲ့စည်းပုံတစ်ခုလုံးကို ထိခိုက်စေမှာဖြစ်ပါတယ်။” လို့ ၎င်းက ပြောပါ တယ်။

 

ထိုင်းနိုင်ငံရဲ့အဓိက အတိုက်အခံပါတီနဲ့ ပါတီခေါင်းဆောင်ဟောင်းပီတာလင်းဂျားရင်းနတ်တို့ရဲ့ ရည်ရွယ်ချက် ဟာ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၁၁၂ ကို ပြင်ဆင်လိုတဲ့အတွက် ၎င်းတို့ဟာ ထိုင်းနိုင်ငံရဲ့စည်းမျဉ်းခံဘုရင်စနစ်ကို ဖြုတ်ချဖို့ ကြိုးပမ်းခဲ့တဲ့အပြစ်ရှိကြောင်း ဖွဲ့စည်းပုံအခြေခံဥပဒေတရားရုံး တရားသူကြီး ၉ ဦးစလုံးက ဗုဒ္ဓဟူးနေ့ (ဇန်နဝါရီလ ၃၁ ရက်နေ့) က တညီတညွတ်တည်း ဆုံးဖြတ်ခဲ့ပါတယ်။

 

အဲဒီလိုကြိုးပမ်းမှုမျိုးဟာ ဘုရင်ကို နိုင်ငံ့အကြီးအကဲအဖြစ်သတ်မှတ်ထားတဲ့ ဒီမိုကရေစီအစိုးရကို ဖြုတ်ချမယ့် ကြိုးပမ်းဆောင်ရွက်မှုမျိုးကို မည်သူမှဆောင်ရွက်ခွင့်မရှိလို့ ပြဋ္ဌာန်းထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၉ ကို ချိုးဖောက်ခဲ့တာဖြစ်ကြောင်း တရားသူကြီးတွေက ပြောပါတယ်။

 

Move Forward ပါတီရှေ့က ဖျက်သိမ်းခံခဲ့ရတဲ့ Future Forward ပါတီလိုပဲ ဖွဲ့စည်းပုံအခြေခံဥပဒေတရားရုံးရဲ့ ဆုံးဖြတ်ချက်ဟာ Move Forward ဖျက်သိမ်းခံရမယ့်အခြေအနေအထိ ဆိုက်ရောက်လာနိုင်သလားလို့ သတင်း ထောက်တွေက မေးမြန်းတဲ့အခါ “ပါတီအနေနဲ့ အဲဒီအဆင့်အထိ မရောက်သေးကြောင်း” ချိုင်းသာဝပ်က ပြော ပါတယ်။

 

ပါတီအနေနဲ့ မိမိဘာသာမိမိ အားရကျေနပ်နေမှာမဟုတ်ဘဲ ဥပဒေနဲ့အညီ ဆောင်ရွက်သွားဖို့အသင့်ရှိနေတယ် လို့ ၎င်းက ပြောပါတယ်။

 

တရားရုံးဆုံးဖြတ်ချက်ထွက်ပေါ်လာပြီး မကြာခင်အတွင်းမှာပဲ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ရောင်းကရိုင်လီးကစ် ဝတ္တနာက “၂၀၁၇ ခုနှစ် နိုင်ငံရေးပါတီများ ဖွဲ့စည်းမှုဆိုင်ရာအက်ဥပဒေ ပုဒ်မ ၉၂ ကို ရည်ညွှန်းပြီး လွှတ်တော် ထဲမှာ အမတ်နေရာအများဆုံးရရှိထားတဲ့ အတိုက်အခံပါတီကို ဖျက်သိမ်းပစ်ဖို့ ရွေးကောက်ပွဲကော်မရှင်ထံ တင် ပြတောင်းဆိုသွားမှာဖြစ်ကြောင်း” ပြောကြားခဲ့ပါတယ်။

 

ဘုရင်ကို နိုင်ငံ့အကြီးအကဲအဖြစ်သတ်မှတ်ထားတဲ့ ဒီမိုကရေစီအစိုးရကို ဖြုတ်ချဖို့ ပါတီတစ်ရပ်ရပ်ကဆောင် ရွက်ခဲ့တယ်လို့ ယုံကြည်ဖို့အတွက် ရွေးကောက်ပွဲကော်မရှင်မှာ လုံလောက်တဲ့သက်သေအထောက်အထားရှိရင် အဲဒီပါတီကို ဖျက်သိမ်းပစ်ဖို့ ၂၀၁၇ ခုနှစ် နိုင်ငံရေးပါတီများ ဖွဲ့စည်းမှုဆိုင်ရာအက်ဥပဒေ ပုဒ်မ ၉၂ မှာ ပြဋ္ဌာန်း ထားတယ်လို့ ဆိုပါတယ်။

 

Ref: Move Forward chief reiterates ‘no plan to change Thai democratic system’

 

#PeopleMedia


Share this post