ထိုင်းဒီမိုကရေစီအဆင့်ပြန်လည်မြှင့်တင်ဖို့ သမာသမတ်ကျတဲ့ တရားဥပဒေစိုးမိုးရေးလိုအပ်ကြောင်း ချူလာ လောင်ကွန် နိုင်ငံရေးသိပ္ပံ ပါမောက္ခပြော
PUBLISHED - February 22, 2024
နိုင်ငံတကာ၊ ဖေဖော်ဝါရီ ၂၂
ကမ္ဘာ့အဆင့်မှာ လျော့ကျနေတဲ့ ထိုင်းဒီမိုကရေစီကို မြှင့်တင်ဖို့အတွက် သမာသမတ်ကျတဲ့ တရားဥပဒေစိုးမိုး ရေး မရှိမဖြစ်လိုအပ်နေကြောင်း ချူလာလောင်ကွန်တက္ကသိုလ်က ပါမောက္ခတစ်ဦးဖြစ်သူ ဆိုက်တီနန်ပေါင်းဆု ဒီရပ်က ပြောကြားလိုက်ပါတယ်။
စီးပွားရေးပညာရှင်စွမ်းရည်အဖွဲ့ (Economist Intelligence Unit – EIU) ရဲ့ နှစ်ပတ်လည် ဒီမိုကရေစီညွှန်းကိန်း မှာ နို်င်ငံပေါင်း ၁၆၇ နိုင်ငံကို ဆန်းစစ်လေ့လာရာမှာ ထိုင်းနိုင်ငံဟာ ၂၀၂၂ ခုနှစ်က အဆင့် ၅၅ ရရှိခဲ့ပေမဲ့ ပြီးခဲ့ တဲ့ ၂၀၂၃ ခုနှစ်မှာ အဆင့် ၆၃ ကို လျော့ဆင်းသွားတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ အနှစ်နှစ်ဆယ်အတွင်း ဆန္ဒပြပွဲတွေကို ဖိနှိပ်ခဲ့တာတွေ၊ ပြည်သူတွေကို ဖမ်းဆီးပြီး အာမခံမပေးခဲ့တာ တွေနဲ့ ဆယ်နှစ်အတွင်း စစ်အာဏာသိမ်းမှု နှစ်ကြိမ်ဖြစ်ပွားခဲ့တာတွေကို ရည်ညွှန်းပြီး EIU ညွှန်းကိန်းမှာ ထိုင်း နိုင်ငံအဆင့်လျော့ကျသွားတာကို ၎င်းအနေနဲ့ မအံ့သြကြောင်း ချူလာလောင်ကွန်တက္ကသိုလ် နိုင်ငံရေးသိပ္ပံဌာန ရဲ့ ပါမောက္ခ ဆိုက်တီနန်က ပြောပါတယ်။
နိုင်ငံရဲ့ ဒီမိုကရေစီအဆင့် မြင့်တက်လာဖို့နဲ့ ဒီမိုကရေစီစနစ်ကို မြှင့်တင်ဖို့အတွက် ထိုင်းနိုင်ငံအနေနဲ့ သမာသ မတ်ကျတဲ့ တရားဥပဒေစိုးမိုးရေးတွေဆောင်ရွက်ပြီး အခြေခံအခွင့်အရေးတွေ၊ အခြေခံလွတ်လပ်မှုတွေနဲ့ မီဒီ ယာလွတ်လပ်မှုတွေကို ထောက်ခံအားပေးဖို့အတွက် လိုလိုလားလား ဆန္ဒရှိကြောင်း ပိုမိုသက်သေပြနိုင်ဖို့ လို အပ်တယ်လို့ ၎င်းက ပြောပါတယ်။
“ထိုင်းနိုင်ငံကို ပြင်ပကနေ စောင့်ကြည့်လေ့လာနေတဲ့သူတွေအတွက် ထိုင်းတရားစီရင်ရေးစနစ်ဟာ ကမ္ဘာ့ စောင့်ကြည့်လေ့လာသူတွေရဲ့ မျက်လုံးတွေအောက်မှာ အစစ်ဆေးခံရမယ့်အရာတစ်ခုဖြစ်ပါတယ်။” လို့ ၎င်းက ပြောပါတယ်။
EIU ညွှန်းကိန်းအရ အပြစ်အနာအဆာရှိတဲ့ ဒီမိုကရေစီနိုင်ငံတစ်နိုင်ငံအဖြစ် ထိုင်းနိုင်ငံဟာ နိုင်ငံ ၁၀ နိုင်ငံထဲ မှာ ၆.၃၅ မှတ်ရရှိပါတယ်။ ဒီမိုကရေစီအပြည့်အဝကျင့်သုံးနို်င်တဲ့နိုင်ငံတွေကတော့ ၈ မှတ်နဲ့ အထက်ရရှိပြီး အာဏာရှင်အုပ်ချုပ်တဲ့နိုင်ငံ တွေကတော့ ၄ မှတ်နဲ့ ၄ မှတ်အောက်ကို ရရှိကြောင်း EIU အဖွဲ့က ရှင်းပြပါတယ်။
ထိုင်းနိုင်ငံဟာ EIU ညွှန်းကိန်းအရ အပြစ်အနာအဆာရှိတဲ့ ဒီမိုကရေစီနိုင်ငံတွေအဖြစ် သတ်မှတ်ထားတဲ့ ၆ မှတ်နဲ့ ၈ မှတ်ကြားရရှိတဲ့ နိုင်ငံတွေထဲမှာပါဝင်နေပါတယ်။ ထိပ်ဆုံးနိုင်ငံ ငါးနိုင်ငံကတော့ နော်ဝေ (၉.၈၁ မှတ်)၊ နယူးဇီလန် (၉.၆၁ မှတ်)၊ အိုက်စလန် (၉.၄၅ မှတ်)၊ ဆွီဒင် (၉.၃၉ မှတ်) နဲ့ ဖင်လန် (၉.၃၀ မှတ်) တို့ဖြစ်ပြီး အောက်ဆုံးအဆင့် ငါးနိုင်ငံကတော့ အာဖဂန်နစ္စတန် (ဝ.၂၆ မှတ်)၊ မြန်မာ (ဝ.၈၅ မှတ်)၊ မြောက်ကိုရီးယား (၁.၀၈ မှတ်)၊ ဗဟိုအာဖရိကသမ္မတနိုင်ငံ (၁.၁၈ မှတ်) နဲ့ ဆီးရီးယား (၁.၄၃ မှတ်) တို့ပဲဖြစ်ပါတယ်။
ထိုင်းနိုင်ငံဟာ EIU ညွှန်းကိန်းအရသာ ဒီမိုကရေစီအဆင့် လျော့ကျသွားတာမဟုတ်ဘဲ ပြည်သူ့လွတ်လပ်ခွင့်နဲ့ နိုင်ငံရေးအခွင့်အရေးတွေကို တိုင်းတာတဲ့ အမေရိကန်အခြေစိုက် NGO တစ်ခုဖြစ်တဲ့ Freedom House အဖွဲ့ရဲ့ ညွှန်းကိန်းမှာလည်း လျော့ကျသွားတာဖြစ်ကြောင်း သိရပါတယ်။
Freedom House ရဲ့အဆင့်သတ်မှတ်ချက်အရ ထိုင်းနိုင်ငံဟာ လွတ်လပ်မှုမရှိတဲ့ နိုင်ငံအဖြစ် အမှတ် ၁၀၀ ပေး ထားတဲ့အထဲမှာ အမှတ် ၃၀ သာရရှိပါတယ်။
အဲဒီအမှတ် ၃၀ ထဲမှာ နိုင်ငံရေးအခွင့်အရေးက ၆ မှတ်ဖြစ်ပြီး ပြည်သူ့လွတ်လပ်ခွင့်က ၂၄ မှတ်ဖြစ်ပါတယ်။ နိုင်ငံရေးအခွင့်အရေးအတွက် သတ်မှတ်ထားတဲ့ အမှတ်ပြည့်က ၄၀ ပြည့်ဖြစ်ပြီး ပြည်သူ့လွတ်လပ်ခွင့်အတွက် အမှတ်ပြည့်က ၆၀ ဖြစ်ပါတယ်။
Ref: What Thailand must do to improve its democracy index ranking
#PeopleMedia