• Follow Us on
Latest News

Home ထိုင်းနိုင်ငံကိုဝင်ရောက်လာမယ့် ကမ္ဘာလှည့်ခရီးသွားအရေအတွက် ၂၇ သန်းကျော်သွားနိုင်ကြောင်း TAT ခန့်မှန်းထား

ထိုင်းနိုင်ငံကိုဝင်ရောက်လာမယ့် ကမ္ဘာလှည့်ခရီးသွားအရေအတွက် ၂၇ သန်းကျော်သွားနိုင်ကြောင်း TAT ခန့်မှန်းထား

Share this post

နိုင်ငံတကာ၊ ဒီဇင်ဘာ ၈

 

အခုနှစ် ကမ္ဘာလှည့်ခရီးသွားအရေအတွက်ဟာ ရည်မှန်းထားတဲ့ ၂၇ သန်းကို ကျော်လွန်သွားနိုင်ပေမဲ့လည်း ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းကရရှိတဲ့ဝင်ငွေကတော့ ရည်မှန်းထားတဲ့ဝင်ငွေထက် ဘတ်ငွေ ဘီလျံ ၄၀၀ လျော့ နည်းနိုင်ဖွယ်ရှိကြောင်း ထိုင်းကမ္ဘာလှည့်ခရီးသွားလုပ်ငန်းအာဏာပိုင်အဖွဲ့ (Tourism Authority of Thailand -TAT) က ပြောကြားလိုက်ပါတယ်။

 

အခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့ကနေ နိုဝင်ဘာလ ၁၁ ရက်နေ့အထိ ကမ္ဘာလှည့်ခရီးသွား ၂၅.၈ သန်း ဝင်ရောက် လာခဲ့ပြီး ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းဝင်ငွေ ထိုင်းဘတ်ငွေ ၁.၀၇ ထရီလီယန်ရရှိခဲ့ကြောင်း ထိုင်းကမ္ဘာလှည့် ခရီးသွားလုပ်ငန်းအာဏာပိုင်အဖွဲ့ (TAT) အုပ်ချုပ်ရေးမှူး ထာဖနီးကီယတ်ဖိုင်ဘူးလ်က ပြောပါတယ်။

 

စုစုပေါင်း ကမ္ဘာလှည့်ခရီးသွား ၂၇ သန်းကျော်နဲ့ ဝင်ငွေ ဘတ်ငွေ ၁.၂ ထရီလီယန်မျှော်မှန်းထားတဲ့ ကမ္ဘာလှည့် ခရီးသွားလုပ်ငန်းအမြင့်ဆုံးရာသီဖြစ်တဲ့အလျောက် ဒီဇင်ဘာလအတွင်း ထိုင်းနိုင်ငံထဲကို ကမ္ဘာလှည့်ခရီးသွား ၂ သန်း ဝန်းကျင်ရောက်ရှိလာလိမ့်မယ်လို့ မျှော်လင့်ထားပါတယ်။

 

ထိုင်းကမ္ဘာလှည့်ခရီးသွားလုပ်ငန်းအာဏာပိုင်အဖွဲ့ (TAT) ရည်မှန်းချက်ချမှတ်ထားတာကတော့ ကမ္ဘာလှည့်ခရီး သွား ၂၅ သန်းကနေ ၂၈ သန်းအထိ ရောက်ရှိလာပြီး ဝင်ငွေ ၁.၆ ထရီလီယန်ရရှိဖို့ ချမှတ်ထားပါတယ်။

 

အခုနှစ်အတွင်း ဇန်နဝါရီလကနေ နိုဝင်ဘာလအထိ ချမှတ်ထားတဲ့ ထိုင်းခရီးသွားတွေရဲ့ အရေအတွက် ၂၂၈ သန်းကို ပြည်တွင်းထိုင်းခရီးသွားအရေအတွက်က ကျော်လွန်သွားပြီး အခုနှစ်အကုန်မှာ ထိုင်းခရီးသည် သန်း ၂၄၀ အထိ ရောက်ရှိလာမယ်လို့ ဆိုပါတယ်။

 

အဲဒီအရေအတွက်ဟာ အခုနှစ်အတွက် မူလချမှတ်ထားတဲ့ ပြည်တွင်းခရီးသွားအရေအတွက် သန်း ၂၀၀ ကို ကျော်လွန်သွားမှာဖြစ်ပြီး ဝင်ငွေ ဘတ်ငွေ ဘီလျံ ၈၀၀ ရရှိမှာဖြစ်တယ်လို့ ဆိုပါတယ်။

 

နိုင်ငံတကာက ကမ္ဘာလှည့်ခရီးသွားအရေအတွက် မျှော်မှန်းထားတဲ့အတိုင်းဝင်ရောက်လာပြီး ထိုင်းပြည်တွင်း ခရီးသည်အရေအတွက် မျှော်မှန်းထားတာထက်ပိုမိုလာသည့်တိုင် ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းကနေ ရည်မှန်း ချက်ချမှတ်ထားတဲ့ ဝင်ငွေဟာ လျော့ပါးနိုင်ဖွယ်ရှိတယ်လို့ TAT အုပ်ချုပ်ရေးမှူးထာဖနီးက ပြောပါတယ်။

 

ဒီခြားနားချက်အတွက် အဓိကအကြောင်းရင်းတွေကတော့ လက်ရှိဖြစ်ပွားနေတဲ့ကမ္ဘာ့စီးပွားရေးပြဿနာတွေနဲ့ မူလအခြေအနေကိုပြန်လည်ဆိုက်ရောက်နေတဲ့ လေကြောင်းဆိုင်ရာ စိန်ခေါ်မှုတွေပဲဖြစ်ပါတယ်။

 

အဲဒီအခြေအနေဟာ ထိုင်းနိုင်ငံကို ခရီးဝေးတိုက်ရိုက်စီးနင်းလိုက်ပါလာတဲ့ ကမ္ဘာလှည့်ခရီးသွားတွေ အထူးသ ဖြင့် အနီးအနားကနိုင်ငံတွေကို မသွားဘဲ ထိုင်းနိုင်ငံကိုလာရောက်တဲ့ ဥရောပဈေးကွက်က ခရီးသွားတွေအပေါ် ကို ရိုက်ခတ်စေပါတယ်။

 

ခရီးဝေးတိုက်ရိုက်စီးနင်းလိုက်ပါလာတဲ့ ကမ္ဘာလှည့်ခရီးသွားတွေဟာ ယျေဘုယျအားဖြင့် ပိုမိုရှည်ကြာစွာနေ ထိုင်လေ့ရှိတာကြောင့် ငွေကြေးပိုမိုသုံးစွဲလေ့ရှိပါတယ်။

 

၂၀၂၃ ခုနှစ်မှာ ထိုင်းနိုင်ငံကိုလာရောက်တဲ့ခရီးသည်တွေထဲမှာ မလေးရှားကမ္ဘာလှည့်ခရီးသွားတွေဟာ ထိပ်ဆုံး နေရာမှာရှိပြီး လူဦးရေ ၄.၅၉ သန်း ထိုင်းနိုင်ငံထဲကိုဝင်ရောက်လာခဲ့ရာ ခရီးစဉ်တစ်ခုအတွက် တစ်ဦးလျှင် ဘတ် ငွေ ၂၆၀၀၀ ဝန်းကျင်ခန့် သုံးစွဲခဲ့ပါတယ်။

 

တပြိုင်တည်းမှာပဲ တရုတ်ခရီးသွား ၄ သန်းကနေ ၄.၀၄ သန်းအထိ ဝင်ရောက်လာမယ်လို့ မျှော်မှန်းခဲ့ပေမဲ့ လက်ရှိအခြေအနေအရ ၃.၄ သန်းကနေ ၃.၅ သန်းဝန်းကျင်အထိ ကျဆင်းနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

 

ဒီလိုလျော့ကျသွားနိုင်ဖွယ်ရှိတာက တရုတ်နိုင်ငံထဲက စီးပွားရေးပြဿနာတွေနဲ့ တရုတ်အစိုးရရဲ့ ပြည်တွင်း ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းအပေါ် အာရုံစိုက်မြှင့်တင်ဆောင်ရွက်လာပြီး ပြည်တွင်းခရီးစဉ်အတွက် လေယာဉ်ခ နှုန်းထားတွေ လျှော့ချပေးခဲ့တာကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။

 

Ref: Foreign visitors target to exceed 27 million target, TAT says

 

#PeopleMedia


Share this post