• Follow Us on
Latest News

Home ထိုင်းနိုင်ငံက ဂျပန်ကားကုမ္ပဏီနှစ်ခု ပိတ်သိမ်းမှု ရင်းနှီးမြုှပ်နှံသူတွေရဲ့ ယုံကြည်မှုကို ထိခိုက်နိုင်

ထိုင်းနိုင်ငံက ဂျပန်ကားကုမ္ပဏီနှစ်ခု ပိတ်သိမ်းမှု ရင်းနှီးမြုှပ်နှံသူတွေရဲ့ ယုံကြည်မှုကို ထိခိုက်နိုင်

Share this post

နိုင်ငံတကာ၊ ဇွန် ၁၂

 

ထိုင်းနိုင်ငံမှာ မော်တော်ကားထုတ်လုပ်နေတဲ့ ဂျပန် ကုမ္ပဏီနှစ်ခု လုပ်ငန်းရပ်ဆိုင်းဖို့ စီစဉ်နေတယ်ဆိုတဲ့ ပြီးခဲ့တဲ့ လက ကြေညာချက်ဟာ ကားထုတ်လုပ်ရေးလုပ်ငန်း ရင်းနှီးမြှုပ်နှံသူတွေရဲ့ ယုံကြည်မှုကို ထိခိုက်စေနိုင်ကြောင်း ထိုင်းနိုင်ငံ စက်မှုလုပ်ငန်းအသင်း (FTI) က အင်္ဂါနေ့ (ဇွန်လ ၁၁ ရက်နေ့) က ပြောကြားလိုက်ပါတယ်။

 

ကန်ထရိုက်အရောင်းနဲ့အတူ တရုတ်လျှပ်စစ်ကားယှဉ်ပြိုင်မှုတွေဝင်ရောက်လာပြီးနောက် ၂၀၂၅ ခုနှစ်အကုန် ပိုင်းလောက်မှာ ထိုင်းနိုင်ငံထဲက ကားထုတ်လုပ်မှုလုပ်ငန်းတွေကို ရပ်ဆိုင်းလိုက်တော့မှာဖြစ်ကြောင်း ဆူဇူကီး ကားကုမ္ပဏီ (Suzuki Motor – Thailand) က ပြီးခဲ့တဲ့လက ကြေညာခဲ့ပါတယ်။

 

တပြိုင်တည်းမှာပဲ တန်ချောင်းဆူဘာရူကားကုမ္ပဏီက (Tan Chong Subaru Automotive – Thailand) လည်း ငါးနှစ်ကျော်ဆက်တိုက်အရှုံးပေါ်ခဲ့ပြီးနောက် အခုနှစ်အကုန်မှာ ထိုင်းနိုင်ငံထဲက ကားထုတ်လုပ်ရေး လုပ်ငန်းတွေကို ရပ်ဆိုင်းလိုက်တော့မှာဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။

 

ဆူဇူကီးကုမ္ပဏီအနေနဲ့ ဈေးသက်သာတဲ့တရုတ်လျှပ်စစ်ကားတွေ အလုံးအရင်းနဲ့ဝင်ရောက်လာတာကို ယှဉ်ပြိုင် နိုင်ဖို့ လွန်ခဲ့တဲ့နှစ်တွေက ကားတစ်စီးကို ဘတ်ငွေ ၁၀၀,၀၀၀ နီးပါးအထိ လျှော့ချပေးခဲ့ပြီး ထိုင်းနိုင်ငံထဲမှာ ကား ရောင်းချနိုင်ရေးအတွက် ကြိုးစားရုန်းကန်နေရကြောင်း FTI ရဲ့ ကားအစိတ်အပိုင်းအသင်း ဥက္ကဋ္ဌ ဆူပတ်ဆတ်ပီ ဆန်က ပြောပါတယ်။

 

ကားဈေးနှုန်းကို အများအပြားလျှော့ချပေးထားပေမဲ့ ဆူဇူကီးကုမ္ပဏီရဲ့ ကားထုတ်လုပ်မှုဟာ တစ်လကို အစီးရေ ၈,၀၀၀ ကနေ အစီးရေ ၁,၀၀၀ အောက်အထိ လျော့ကျလာခဲ့ကြောင်း ၎င်းက ပြောပါတယ်။

 

ဆူဘာရူကုမ္ပဏီဟာ အစောပိုင်းက ဂျပန်နိုင်ငံနဲ့ မလေးရှားနိုင်ငံက ကားပစ္စည်းအစိတ်အပိုင်းတွေကို တင်သွင်း ပြီး ထိုင်းနိုင်ငံထဲမှာ ကားထုတ်လုပ်တပ်ဆင်ခြင်း၊ ဆေးမှုတ်ခြင်းတွေ ဆောင်ရွက်သလို ၎င်းတို့ရဲ့စက်ရုံတချို့ကို လည်း မလေးရှားနိုင်ငံထဲကနေ ထိုင်းနိုင်ငံကို ပြောင်းရွှေ့လာခဲ့ပါတယ်။

 

ဒါပေမဲ့ ဆူဘာရူကုမ္ပဏီထုတ်ကားတွေဟာ မကြာသေးခင်နှစ်များအတွင်းမှာပဲ ထုတ်လုပ်မှုကျဆင်းလာခဲ့တယ် လို့ ဆူပတ်က ပြောပါတယ်။

 

“မကြာသေးခင်နှစ်တွေက ထုတ်လုပ်မှုလျော့ကျလာတဲ့အတွက် အခုလို ကားထုတ်လုပ်ရေးကုမ္ပဏီနှစ်ခုပိတ် သိမ်းမှုဟာ ကားလောကထဲက ထိုင်းလုပ်ငန်းရှင်တွေအပေါ်တော့ အကြီးအကျယ်ထိခိုက်နိုင်စရာရှိမယ်လို့ မ ထင်ပါဘူး။ ဒါပေမဲ့ ဒီသတင်းက အနာဂတ်မှာ ကားလောကမှာ ရင်းနှီးမြှုပ်နှံမယ့်သူတွေရဲ့ယုံကြည်မှုကိုတော ထိခိုက်နိုင်ပါတယ်။” လို့ ၎င်းက ပြောပါတယ်။

 

ထိုင်းနိုင်ငံကားဈေးကွက်ထဲမှာ တရုတ်ထုတ် လျှပ်စစ်ကားတွေ အလုံးအရင်းနဲ့ ဝင်ရောက်ယှဉ်ပြိုင်လာပေမဲ့ ပြည်ပဈေးကွက်တွေရှိနေတဲ့အတွက် တခြားဂျပန်ကားထုတ်လုပ်ရေးကုမ္ပဏီတွေအနေနဲ့ ဆက်လက်ယှဉ်ပြိုင် ထုတ်လုပ်သွားလိ့်မ်မယ်လို့ FTI က ယုံကြည်ထားပါတယ်။

 

တပြိုင်တည်းမှာပဲ ထိုင်းနိုင်ငံဟာ ကျွမ်းကျင်လုပ်သားတွေ၊ ကားပစ္စည်းထုတ်လုပ်မှုတွေနဲ့ အပိုပစ္စည်းထုတ်လုပ်မှု တွေရဲ့ ခိုင်မာတဲ့ထောက်ပံ့ရေးကွင်းဆက်ရှိနေတဲ့ အားသာချက်လည်း ရှိနေတယ်လို့ ဆိုပါတယ်။

 

လာမယ့်ငါးနှစ်အတွင်း ထိုင်းနိုင်ငံမှာ ဘတ်ငွေ ဘီလျံ ၁၅၀ ဝန်းကျင်ရင်းနှီးမြှုပ်နှံဖို့ ဂျပန်ကားကုမ္ပဏီတွေက စီစဉ်ထားရာ တိုယိုတာကုမ္ပဏီနဲ့ ဟွန်ဒါကုမ္ပဏီက ဘတ်ငွေ ဘီလျံ ၅၀ စီ၊ အစ်ဇူဇူးကုမ္ပဏီက ဘတ်ငွေ ဘီလျံ ၃၀ နဲ့ မစ်ဆူဘီရှီကုမ္ပဏီက ဘတ်ငွေ ဘီလျံ ၂၀ ဖြစ်ကြောင်း FTI က ပြောပါတယ်။

 

Ref: Two automakers’ closure plans to affect investors’ confidence

 

#PeopleMedia


Share this post