• Follow Us on

Home ထိုင်းနိုင်ငံက သက်ကြီးရွယ်အို ၃ သန်းကျော် ဒစ်ဂျစ်တယ်လ်ငွေကြေးထောက်ပံ့မှု ရရှိမည်

ထိုင်းနိုင်ငံက သက်ကြီးရွယ်အို ၃ သန်းကျော် ဒစ်ဂျစ်တယ်လ်ငွေကြေးထောက်ပံ့မှု ရရှိမည်

Share this post

နိုင်ငံတကာ၊ ဇန်နဝါရီ ၂၁

 

ထိုင်းအစိုးရရဲ့ ဘတ် ၁၀,၀၀၀ တန် ဒစ်ဂျစ်တယ်လ်ငွေထုတ်ပေးရးအစီအစဉ် ဒုတိယအဆင့်မှာ သက်ကြီးရွယ်အို ၃ သန်း ဘတ် ၁၀,၀၀၀ စီရရှိသွားမှာဖြစ်ကြောင်း ထိုင်းဘဏ္ဍာရေးဒုတိယဝန်ကြီး ပအိုပွမ်ရိုဂျာနာဆူကူလ်က ပြောပါတယ်။

 

စီမံချက်နဲ့ အကျုံးဝင်တဲ့ အသက် ၆၀ နဲ့ ၆၀ အထက် သက်ကြီးရွယ်အိုတွေကို နောက်ဆုံးအကြိမ်ပြန်လည်ဆန်းစစ်ရာ လူဦး ရေ ၃.၀၄ သန်း တွေ့ရှိရပေမဲ့ အဲဒီအထဲက လူဦးရေ ၂၀,၀၀၀ ဝန်းကျင် ကွယ်လွန်သွားပြီဖြစ်ကြောင်း မစ္စတာ ပအိုပွမ်က ပြောပါတယ်။

 

စည်းကမ်းနဲ့ ညီညွတ်တဲ့ သက်ကြီးရွယ်အိုတွေကို ဇန်နဝါရီ ၂၂ ရက်နေ့ (ဗုဒ္ဓဟူးနေ့) က စတင်စိစစ်သွားပြီးနောက် ဇန်နဝါရီ ၂၇ ရက်နေ့ကနေ စတင်ပြီး ဒစ်ဂျစ်တယ်လ်ငွေကြေး ဘတ် ၁၀,၀၀၀ ကို လွှဲပြောင်းပေးသွားမှာဖြစ်ပါတယ်။

 

ထိုင်းအစိုးရရဲ့ ဒစ်ဂျစ်တယ်လ်ငွေကြေးထုတ်ပေးရေးအစီအစဉ်ဟာ တစ်နှစ်ပတ်လုံး လစာငွေ ဘတ် ၈၄၀,၀၀၀ ကျော် လွန်ခြင်းမရှိသလို ဘဏ်စုငွေ ဘတ် ၅၀၀,၀၀၀ ကျော်လွန်ခြင်းမရှိတဲ့ အသက် ၁၆ နှစ်နဲ့ ၁၆ နှစ်အထက် နိုင်ငံသားအား လုံးကို ငွေကြေးဖြန့်ဖြူးပေးခြင်းဖြင့် နိုင်ငံရဲ့စီးပွားရေးကို တွန်းအားပေးလှုံ့ဆော်ဖို့ ရည်ရွယ်ထားတာဖြစ်ပါတယ်။

 

ဒါပေမဲ့ ပညာရှင်တွေနဲ့ ထိုင်းဗဟိုဘဏ်ရဲ့ ကန့်ကွက်မှုတွေထွက်ပေါ်လာပြီးနောက် အစိုးရဟာ ဒစ်ဂျစ်တယ်လ်ရန်ပုံငွေ ကို အဆင့်လိုက်ဖြန့်ဖြူးသွားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

 

လူမှုဖူလုံရေးကတ်နဲ့ မသန်စွမ်းကတ်တွေ ကိုင်ဆောင်ထားတဲ့ လူဦးရေ ၁၄.၅ သန်းကို ပထမအဆင့် ဦးတည် အုပ်စုအ ဖြစ်သတ်မှတ်ခဲ့ပြီး လက်ရှိဆောင်ရွက်နေတဲ့ သက်ကြီးရွယ်အိုတွေကတော့ ဒုတိယအဆင့် ဦးတည်အုပ်စုဖြစ်ပါတယ်။

 

ဒီဖြန့်ဝေလိုက်တဲ့ ငွေကြေးတွေဟာ စီးပွားရေးကဏ္ဍထဲကို ပြန်လည်စီးဆင်းဝင်ရောက်လာမှာဖြစ်ပြီး သက်ကြီးရွယ်အို တွေရဲ့ ကာယ/စိတ္တ သုခနှစ်ဖြာကို ထောက်ကူဖြည့်စွမ်းနိုင်မှာဖြစ်တယ်လို့လည်း အစိုးရက မျှော်လင့်ထားပါတယ်။

 

တပြိုင်တည်းမှာပဲ အရည်အချင်းပြည့်မီတဲ့သူတွေဟာ လာမယ့်နှစ်ရက်အတွင်းမှာ ၎င်းတို့ရဲ့ အရည်အချင်းပြည့်မီမှုကို စစ်ဆေးအတည်ပြုသင့်ကြောင်း အစိုးရဒုတိယပြောခွင့်ရအမျိုးသမီး ဆာဆီကန်ဝတ္တနာချန်းက ပြောပါတယ်။

 

ဒါ့အပြင် မှတ်ပုံတင်တဲ့လုပ်ငန်းစဉ်မှာ အခက်အခဲတွေ့ကြုံနိုင်လို့ဖြစ်စေ ကျွမ်းကျင်မှုမရှိလို့ဖြစ်စေ ရင်ဆိုင်ရမယ့် အသက် ၆၀ နဲ့ အထက် သက်ကြီးရွယ်အိုတွေအတွက် မှတ်ပုံတင်စိစစ်ရေးလုပ်ငန်းစဉ် အဆင်ပြေချောမွေ့စေဖို့နဲ့ PromptPay အ ကောင့်နဲ့ သက်ဆိုင်ရာပုဂ္ဂိုလ်ရဲ့ မှတ်ပုံတင်နံပတ်ကို ဇန်နဝါရီ ၂၂ ရက်နေ့မတိုင်မီ ချိတ်ဆက်ထားနိုင်ဖို့အတွက် မိသားစု ဝင်တွေက ကူညီဆောင်ရွက်ပေးဖို့ လိုအပ်ကြောင်းလည်း ၎င်းက ပြောပါတယ်။

 

“ဒီစီမံချက်ဟာ ၂၀၂၄ ခုနှစ်မှာ စတင်ခဲ့တဲ့ လူမှုဖူလုံရေးကတ်နဲ့ မသန်စွမ်းကတ်ကိုင်ဆောင်ထားတဲ့ ပြည်သူတွေအတွက် ရည်မှန်းထားခဲ့ရာကနေ တိုးချဲ့လာတာဖြစ်ပါတယ်။ ဒီစီမံချက်ရဲ့ရည်ရွယ်ချက်ကတော့ ဘဏ္ဍာရေးဝန်ထုပ်ဝန်ပိုးကို သက်သာစေပြီး အားနည်းတဲ့အုပ်စုတွေအတွက် အခွင့်အလမ်းတွေ ဖန်တီးပေးရင်း ငွေကြေးသုံးစွဲမှို လှုံ့ဆော်ပေးဖို့ ရည် ရွယ်ထားတာဖြစ်ပါတယ်။” လို့ မစ္စဆာဆီကန်က ပြောပါတယ်။

 

“သက်ကြီးရွယ်အိုတွေဟာ မရှိမဖြစ်သုံးစွဲရမယ့် ပစ္စည်းတွေနဲ့ ဝန်ဆောင်မှုတွေကို ဝယ်ယူနိုင်မှာဖြစ်ပါတယ်။ ဒီတော့ အဲဒီ ငွေကြေးတွေဟာ စီးပွားရေးကဏ္ဍထဲကို စီးဝင်လာမှာဖြစ်ပြီး စီးပွားရေးကို ထိထိရောက်ရောက် လျင်မြန်စွာ လှု့ံ့ဆော်ပေး နိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် ဒီစီမံချက်ဟာ သက်ကြီးရွယ်အိုတွေရဲ့ အထွေထွေ ကာယ/စိတ္တ သုခနှစ်ဖြာကိုလည်း အား မြှင့်တင်သွားနိုင်မှာဖြစ်ပါတယ်။” လို့ ၎င်းက ပြောပါတယ်။

 

Ref: Over 3m elderly to get latest handout

 

#PeopleMedia


Share this post