• Follow Us on

Home ထိုင်းနိုင်ငံက အဆိုပြုထားတဲ့ “ခြောက်နိုင်ငံ ခရီးစဉ်တစ်ခု” အစီအစဉ်ကို တရားဝင်လက်ခံခြင်းမရှိသေးကြောင်း ကမ္ဘောဒီးယား ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းဝန်ကြီးဌာနပြော

ထိုင်းနိုင်ငံက အဆိုပြုထားတဲ့ “ခြောက်နိုင်ငံ ခရီးစဉ်တစ်ခု” အစီအစဉ်ကို တရားဝင်လက်ခံခြင်းမရှိသေးကြောင်း ကမ္ဘောဒီးယား ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းဝန်ကြီးဌာနပြော

Share this post

နိုင်ငံတကာ၊ အောက်တိုဘာ ၂၄

 

ထိုင်းနိုင်ငံကဦးဆောင်မယ့် “ခြောက်နိုင်ငံ ခရီးစဉ်တစ်ခု” အစီအစဉ်ကို ကမ္ဘောဒီးယားနိုင်ငံက တရားဝင် အ တည်ပြုထောက်ခံခြင်းမရှိသေးကြောင်း ကမ္ဘောဒီးယား ကမ္ဘာလှည့်ခရီးသွားဝန်ကြီးဌာနက ပြောကြားလိုက်ပါ တယ်။

 

“ခြောက်နိုင်ငံ ခရီးစဉ်တစ်ခု” အစီအစဉ်ကို ကမ္ဘောဒီးယားနိုင်ငံက ထောက်ခံကြောင်း မီဒီယာတချို့မှာ ရေးသား ဖော်ပြခဲ့ကြပေမဲ့ ထိုင်းနိုင်ငံက တရားဝင် သံတမန်လမ်းကြောင်းကတစ်ဆင့်ရောက်ရှိလာမယ့် အချက်အလက် အသေးစိတ်တွေကို ကမ္ဘောဒီးယားနိုင်ငံက စောင့်ဆိုင်းနေဆဲဖြစ်တယ်လို့ဆိုပါတယ်။

 

အောက်တိုဘာလ ၂၁ ရက်နေ့က ကမ္ဘောဒီးယားကမ္ဘာလှည့်ခရီးသွားလုပ်ငန်းဝန်ကြီး ဟျူဟက်နဲ့ တွေ့ဆုံစဉ် ထိုင်းနိုင်ငံခြားရေးဝန်ကြီးအကြံပေးအရာရှိ ဒူးဆစ်မာနာပန်က “ခြောက်နိုင်ငံ ခရီးစဉ်တစ်ခု” အစီအစဉ်ကို တင် ပြခဲ့တာဖြစ်ပါတယ်။

 

အဲဒီတွေ့ဆုံပွဲအပြီးမှာ ကမ္ဘောဒီးယားနိုင်ငံက အဆိုပါအစီအစဉ်ကို ထောက်ခံလိုက်ကြောင်း မီဒီယာတချို့က ရေးသားဖော်ပြခဲ့တာဖြစ်ပြီး အဲဒီရေးသားမှုတွေကို ကမ္ဘောဒီးယား ကမ္ဘာလှည့်ခရီးသွားဝန်ကြီးဌာနက ငြင်းဆို လိုက်ပါတယ်။

 

အောက်တိုဘာလ ၂၃ ရက်နေ့က ထုတ်ပြန်ချက်ထဲမှာတော့ “ကမ္ဘောဒီးယား ကမ္ဘာလှည့်ခရီးသွားဝန်ကြီးဌာန အနေနဲ့ ကမ္ဘောဒီးယားမှာရှိတဲ့ ထိုင်းသံရုံးထံက အချက်အလက်အသေးစိတ်ကို အောက်တိုဘာ ၂၂ ရက်နေ့ ရက်စွဲနဲ့ တရားဝင်စာတစ်စောင်ထုတ်ပြန်တောင်းဆိုထားကြောင်း” ဖော်ပြထားပါတယ်။

 

အဆိုပြုထားတဲ့ အဲဒီ “ခြောက်နိုင်ငံ ခရီးစဉ်တစ်ခု” အစီအစဉ်ဟာ ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နဲ့ ဘရူနိုင်းတို့ပါဝင်တဲ့ ခြောက်နိုင်ငံအတွင်း နယ်စပ်ဖြတ်ကျော်ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း စဉ်ဆက် မပြတ်အဆင်ပြေချောမွေ့စေရေးအတွက် ဆောင်ရွက်သွားဖို့ ရည်ရွယ်ထားတာဖြစ်ပါတယ်။

 

အခုနှစ် ပထမရှစ်လအတွင်း ကမ္ဘောဒီးယားဘုရင့်နိုင်ငံတော်ကို နိုင်ငံတကာခရီးသွား ၄.၂၉ သန်းဝင်ရောက်လာ ခဲ့ရာ ၂၀၂၃ ခုနှစ် ကာလတူနဲ့နှိုင်းယှဉ်ပါက ၂၂.၅% မြင့်တက်လာခဲ့ပါတယ်။

 

အဲဒီကမ္ဘာလှည့်ခရီးသွားတွေထဲမှာ ၁.၃၄ သန်းရှိတဲ့ ထိုင်းခရီးသွားတွေက အများဆုံးဖြစ်ပြီး ၂၀၂၃ ခုနှစ် ကာလ တူနဲ့ နှိုင်းယှဉ်ရင် ထိုင်းခရီးသွားဝင်ရောက်မှု ၁၃% မြင့်တက်လာခဲ့ပါတယ်။

 

ကမ္ဘောဒီးယားကိုဝင်ရောက်လာခဲ့တဲ့ ထိုင်းခရီးသွားတွေဟာ စုစုပေါင်းကမ္ဘာလှည့်ခရီးသွားဝင်ရောက်မှုရဲ့ ၃၁.၃၂% ရှိကြောင်း ဝန်ကြီးဌာနစာရင်းတွေအရ သိရပါတယ်။

 

အခုပြောတဲ့အစီအစဉ်ထဲမှာ ကမ္ဘောဒီးယားနိုင်ငံပါဝင်မှာကို ထောက်ခံပေမဲ့ လူဦးရေ သန်း ၆၀၀ ကျော်ရှိပြီး တီမောလက်စ်တီအပါအဝင် နိုင်ငံပေါင်း ၁၁ နိုင်ငံရှိတဲ့ အာဆီယံအဖွဲ့တစ်ဖွဲ့လုံးအထိ တိုးချဲ့ဆောင်ရွက်သင့် ကြောင်း ပစိဖိတ်-အာရှ ခရီးသွားအဖွဲ့ (PATA) ဥက္ကဋ္ဌ သွန်ဆီနန်က ပြောပါတယ်။

 

“ကမ္ဘောဒီးယားအနေနဲ့ ဒီအစီအစဉ်ထဲပါဝင်သင့်သလားလို့မေးလာရင် ပါဝင်သင့်တယ်လို့ဖြေရမှာပါပဲ။ ဒါပေမဲ့ ထိုင်းနိုင်ငံဟာ သူတို့နိုင်ငံရဲ့အကျိုးစီးပွားကို အရင်ဆုံး ကာကွယ်ထားပြီးသားဖြစ်မယ့် အစီအစဉ်မျိုးတွေကို အ ဆိုပြုလေ့ရှိတာကြောင့် ကျွန်တော်တို့နိုင်ငံရဲ့ပါဝင်မှု အကျိုးှရှိတယ်ဆိုတာ သေချာအောင်လုပ်ဖို့ လိုပါတယ်။ မိမိ တို့ရရှိရမယ့် အခွင့်အလမ်းတွေ လက်လွှတ်ဆုံးရှုံးတာမျိုးမဖြစ်ရအောင် ကျွန်တော်တို့ဆောင်ရွက်ရမယ့် နည်း လမ်းတွေနဲ့ အစီအစဉ်တွေကို ကျွန်တော်တို့ အသေးစိတ်ရေးဆွဲဖို့ လိုပါတယ်။” လို့ ၎င်းက ပြောပါတယ်။

 

ဒီကိစ္စနဲ့ပတ်သက်ရင် ထိုင်းနိုင်ငံဟာ ၎င်းတို့နိုင်ငံအတွက် အကျိုးရရှိဖို့ မဟာဗျူဟာတွေ ရေးဆွဲထားပြီးဖြစ်နိုင် ဖွယ်ရှိပေမဲ့ မိမိတို့နိုင်ငံမှာလည်း လူဝင်မှုကြီးကြပ်ရေးဥပဒေ ခိုင်ခိုင်မာမာ ရှိထားပြီးဖြစ်တဲ့အတွက် မိမိတို့နိုင်ငံ အတွက် အန္တရာယ်ကြီးကြီးမားမား ရှိနိုင်မယ်လို့ မထင်ကြောင်း ဆီနန်က ပြောပါတယ်။

 

အဆိုပြုထားတဲ့နိုင်ငံခြောက်နိုင်ငံထဲက ကမ္ဘောဒီးယား၊ ထိုင်း၊ ဗီယက်နမ်နဲ့ လာအိုနိုင်ငံတို့ဟာ ဥရောပကမ္ဘာ လှည့်ခရီးသွားတွေကြားမှာ စိတ်ဝင်စားပြီးသားနိုင်ငံတွေဖြစ်တာကြောင့် ဗီဇာတစ်ခုတည်း မူဝါဒဟာ ကမ္ဘောဒီး ယားအတွက် အကျိုးှရှိနိုင်ကြောင်း ၎င်းက ပြောပါတယ်။

 

Ref: Analysts: Cambodia must develop pathway to joining Thai tourism initiative

 

#PeopleMedia


Share this post