• Follow Us on

Home ထိုင်းနိုင်ငံက အောက်တိုဘာလမှာ ဆိုက်ဘာကွပ်ကဲမှုဌာနချုပ်တစ်ခု ဖွင့်လှစ်မည်

ထိုင်းနိုင်ငံက အောက်တိုဘာလမှာ ဆိုက်ဘာကွပ်ကဲမှုဌာနချုပ်တစ်ခု ဖွင့်လှစ်မည်

Share this post

နိုင်ငံတကာ၊ မေ ၂၈

 

ထိုင်းနိုင်ငံရဲ့ ဒစ်ဂျစ်တယ်လုံခြုံရေးစွမ်းရည်တွေကို မြှင့်တင်ဖို့အတွက် အောက်တိုဘာလမှာ ထိုင်းကာကွယ်ရေး ဝန်ကြီးဌာနက ဆိုက်ဘာကွပ်ကဲမှုဌာနချုပ်တစ်ခုကို တည်ထောင်တော့မှာဖြစ်ပါတယ်။

 

ဒီအစီအစဉ်သစ်ဟာ နိုင်ငံတကာကာကွယ်ရေးမိတ်ဖက်နိုင်ငံတွေကို ပစ်မှတ်ထားနေတဲ့ ခေတ်သစ်သတင်းအ ချက်အလက်နဲ့ ဆိုက်ဘာခြိမ်းခြောက်မှုတွေအတွက် တုံ့ပြန်မှုအစီအစဉ်တစ်ခုဖြစ်ကြောင်း ဘန်ကောက်အခြေ စိုက် The Nation သတင်းဌာနက ပြောပါတယ်။

 

ဆိုက်ဘာကွပ်ကဲမှုဌာနချုပ်ဖွင့်လှစ်ဖို့အတွက် ကာကွယ်ရေးဝန်ကြီး ဆုတင်ကလန်ဆန်းက ဆုံးဖြတ်ခဲ့တာဖြစ်ပြီး နိုင်ငံရေးပြောခွင့်ရပုဂ္ဂိုလ် ဂျီရာယူဟောင်းဆတ်က ကောင်စီအစည်းအဝေးတစ်ခုမှာ ကြေညာခဲ့တာဖြစ်ပါတယ်။

 

မကြာခင်ဖွင့်လှစ်တော့မယ့် ဆိုက်ဘာကွပ်ကဲမှုဌာနချုပ်ကို ထိုင်းတပ်မတော်ကွပ်ကွဲမှုအောက်ရှိ တခြားတပ်ဖွဲ့ တွေက ဝိုင်းဝန်းပံ့ပိုးသွားမှာဖြစ်တယ်လို့ ဂျီရာယူကပြောကြောင်း Bangkok Post က ပြောပါတယ်။

 

ဆိုက်ဘာကွပ်ကဲမှုဌာနချုပ်တည်ထောင်ရေး အလုံးစုံပြီးမြောက်ဖို့အတွက် ဆက်စပ်စီမံချက်တွေ ဆောင်ရွက်ရာ မှာ တော်ဝင်ထိုင်းတပ်မတော်စစ်ဦးစီးချုပ် ဆောင်းဝတ်နန်းဖတ်ဒီက ဦးဆောင်သွားမှာဖြစ်ပါတယ်။

 

ဆိုက်ဘာကွပ်ကဲမှုဌာနချုပ် တည်ဆောက်ပြီးတဲ့အချိန်မှာ အဆိုပါဆိုက်ဘာတပ်ဖွဲ့ကို ဒုတိယဗိုလ်ချုပ်ကြီးတစ်ဦး က ဦးဆောင်သွားမှာဖြစ်ပြီး အစိုးရတော်ဝင်ဖွံ့ဖြိုးရေးစီမံချက်များနဲ့လုံခြုံရေးပေါင်းစပ်ညှိနှိုင်းမှုစင်တာ (RDPSCC) က ဝန်ထမ်းတွေနဲ့ ဖွဲ့စည်းထားတဲ့ အဖွဲ့တွေက စီမံခန့်ခွဲဆောင်ရွက်သွားမှာဖြစ်ပါတယ်။

 

တပြိုင်တည်းမှာပဲ တော်ဝင်ဖွံ့ဖြိုးရေးစီမံချက်များနဲ့လုံခြုံရေးပေါင်းစပ်ညှိနှိုင်းမှုစင်တာ (RDPSCC) ရုံးကို တော်ဝင် ထိုင်းတပ်မတော် RTARF ရဲ့ တပ်မတော်ဖွံ့ဖြိုးတိုးတက်ရေးကွပ်ကဲမှုဌာနချုပ်အောက်ကို ပြောင်းရွှေ့လိုက်တဲ့အ တွက် RDPSCC အကြီးအကဲသစ်ဟာလည်း ဗိုလ်ချုပ်တစ်ဦးကို တာဝန်ပေးခန့်အပ်သွားမှာဖြစ်ပါတယ်။

 

တခြားပြန်လည်ပြင်ဆင်ဖွဲ့စည်းရမယ့် လုပ်ငန်းတွေကိုလည်း ဆိုက်ဘာကွပ်ကဲမှုဌာနချုပ် စီမံချက်နဲ့အညီ ဆောင် ရွက်သွားမှာဖြစ်ကြောင်း ဂျီရာယူဟောင်းဆတ်က အစည်းအဝေးမှာပြောပါတယ်။

 

အဲဒီလိုဆောင်ရွက်မယ့်အထဲမှာ လေတပ်ဆိုက်ဘာဌာနချုပ်ကို ကာကွယ်ရေးဝန်ကြီးဌာန သတင်းအချက်အ လက်နဲ့ နည်းပညာဆက်သွယ်ရးဦးစီးဌာနကို လွှဲပြောင်းပေးလိုက်တာနဲ့ ရေတပ်ကွပ်ကဲမှုအောက်မှာ အီလက် ထရောနစ်စစ်ဆင်ရေးတပ်ဖွဲ့တစ်ခု တည်ထောင်တာလည်း ပါဝင်တယ်လို့ ဆိုပါတယ်။

 

ဒီအပြောင်းအလဲအစီအစဉ်တွေနဲ့ ဆက်စပ်ပြီး ကျွမ်းကျင်ဆိုက်ဘာအရာရှိတွေ မွေးထုတ်နိုင်ဖို့အတွက် အစိုးရ အနေနဲ့ လိုအပ်တဲ့ကျွမ်းကျင်မှုဆိုင်ရာစီမံချက်တွေကိုလည်း ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။

 

အဲဒီလို ကျွမ်းကျင်အရာရှိတွေမွေးထုတ်နိုင်ဖို့အတွက် တော်ဝင်ထိုင်းတပ်မတော် RTARF ရဲ့ အရာရှိတချို့ကို ဦး ဆောင်နိုင်ငံတွေကို စေလွှတ်ထားပြီးဖြစ်ကြောင်း ဂျီရာယူက ပြောပါတယ်။

 

နိုင်ငံတွင်း လေ့ကျင့်သင်ကြားမယ့်အစီအစဉ်တွေကို တက်ရောက်မယ့် သင်တန်းသားတွေကိုတော့ ပုဂ္ဂလိက ကဏ္ဍ၊ ပညာရေးအင်စတီကျူးရှင်းတွေနဲ့ တခြားလုံခြုံရေးအဖွဲ့အစည်းတွေက သင်ကြားပေးသွားမှာဖြစ်ပါတယ်။ အခုလို ကြိုတင်ပြင်ဆင်မှုတွေနဲ့အတူ တစ်နှစ်ကို ဆိုက်ဘာကျွမ်းကျင်ဝန်ထမ်း ၃၀၀ ကနေ ၅၀၀ အထိ မွေး ထုတ်ပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ထားကြောင်း ဂျီရာယူက ပြောပါတယ်။

 

Ref: Thailand to Open Cyber Command Center in October

 

#PeopleMedia


Share this post